ဆရာဆိုပေမဲ့လည်း အာဏာ မရှိတော့ရင် လူကြားထဲက ဆွဲထုတ်လည်း ခံရမှာပါပဲ

ဆရာဆိုပေမဲ့လည်း အာဏာ မရှိတော့ရင် လူကြားထဲက ဆွဲထုတ်လည်း ခံရမှာပါပဲ

တရုတ်သမ္မတဟောင်း ဟူဂျင်တောင်း ပါတီညီလာခံကနေ ခေါ်ထုတ်ခံရ..

တရုတ်သမ္မတဟောင်းဖြစ်တဲ့ ဟူကျင်တောင်း ယမန်နေ့ အောက်တိုဘာ ၂၂ ရက်က ကျင်းပခဲ့သော ကွန်ဖြူနစ်ပါတီညီလာခံ အစည်းအဝေးတက်ချိန်မှာပဲ မမျှော်လင့်ပဲ ညီလာခံပိတ်ပွဲ အခမ်းအနားကနေ ခေါ်ထုတ်ခံခဲ့ရပါတယ်။

ခေါ်ထုတ်ခံရချိန်တွင် အသက် ၇၉ နှစ်အရွယ်ရှိတဲ့ သမ္မတဟောင်း ဟူဂျင်တောင်းဟာ လက်ရှိသမ္မတရှီကျင့်ဖိန်ရဲ့ ဘယ်ဘက်တွင်ထိုင်ခဲ့ပါတယ်။ သူ့ကို ညီလာခံကျင်းပခဲ့သော Great Hall of the People ခန်းမဆောင်ကနေ ဖယ်ရှားခံရတဲ့ ဗီဒီယိုဖိုင်ကလည်း လူမှုကွန်ရက်ပေါ်မှာလည်း ပြန့်နှံ့နေပါတယ်။

ထွက်ပေါ်လာသော ဗီဒီယိုဖိုင်အရ ဟူဂျင်ဟောင်းဟာ မျက်နှာလည်း မကောင်းခဲ့ပါဘူး၊ သူ့ကို ထိုင်ခုံကနေ ခေါ်သွားကြချိန်မှာလည်း မူလကတော့ ငြင်းဆန်ရန် ကြိုးစားတဲ့ဟန်လည်းရှိခဲ့ပါတယ်။ သူဟာ ထိုင်ခုံပေါ်တွင် ပြန်ထိုင်ရန်လည်း ကြိုးစားခဲ့တဲ့ ဟန်ကိုလည်း မြင်ရပါတယ်။ နောက်ဆုံးသူဟာ ထိုင်ခုံကနေ ခေါ်ဆွဲခံရတဲ့အချိန်တွင် သမ္မတရှီကျင့်ဖိန်နဲ့ စကားတစ်ချို့ကိုလည်း အပြန်အလှန်ပြောခဲ့ကြပါတယ်။

သမ္မတဟောင်း ဟူဂျင်းတောင်းဟာ လက်ရှိသမ္မတရှီကျင့်ဖိန် မတိုင်ခင် ၂၀၀၃ ခုနှစ်ကနေ ၂၀၁၃ အထိ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ (Zalen)

အဆိုပါ အဖြစ်အပျက်ကို “A door stood Ajar” လို့ပဲ အမည်ပေးချင်ပါတယ်.. တရုပ်ပြည်မကြီးမှာ မထင်မှတ်ဘဲ တံခါးတစ်ချပ်ဟသွားတယ်.. အပြင်ကဖွင့်တာမဟုတ်ဘဲ အထဲကဖွင့်လိုက်သလို မြင်သာအောင်အထိ ဟထွက်သွားတယ်.. အရင်ကအနံ့လောက်ပဲ ငွေ့ငွေ့လေးရသလိုရှိရာကနေ အခုတော့တကမ္ဘာလုံးက အထဲကိုပါ မြင်လိုက်ကြရတယ်..

ဘယ်အရာမှ ကြာကြာဖုံးဖိထားလို့မရဘူးဆိုတဲ့ လောကနိယာမကို သူတို့သက်သေပြလိုက်ကြပါတယ်.. ကမ္ဘာကမြင်သွားတာထက် တရုပ်ပြည်သူတွေကိုယ်တိုင် မြင်တွေ့သွားတာက ပိုအရေးကြီးလိမ့်မယ်လို့ ထင်မိပါတယ်.. (Pi Lon)

The post ဆရာဆိုပေမဲ့လည်း အာဏာ မရှိတော့ရင် လူကြားထဲက ဆွဲထုတ်လည်း ခံရမှာပါပဲ appeared first on White Sone.

Crd