ဆယ်စုနှစ်တစ်ခုကြာလျှောက်လှမ်းခဲ့ရသည့်မြန်မာ့တပ်မတော်(ရေ)၊ရေတပ်အောက်၌ လေတပ်ဖွဲ့ပါတိုးချဲ့ဖွဲ့စည်းထား

Militarily News

ဆယ်စုနှစ်တစ်ခုကြာ လျှောက်လှမ်းခဲ့ရသည့် မြန်မာ့တပ်မတော်(ရေ)၊ ရေတပ်အောက်၌ လေတပ်ဖွဲ့ပါတိုးချဲ့ဖွဲ့စည်းထား
ဒေါင်လိုက်ပစ်လွှတ်နိုင်မည့်ဒုံးကျည်စနစ်များပါဝင်မည့် တန် ၄၀၀ဝ ရှိ ၁၃၅ မီတာ ဖရီးဂိတ်ကိုလည်း တွေ့မြင်ရတော့မည်
တပ်မတော်(ရေ)၏ ခေတ်မီအဆင့်မြှင့်တင်ခြင်းစီမံကိန်းများကို ၂၀၁၀ ပြည့်နှစ် အစောပိုင်းကာလကတည်းကပင်စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ ထိုအချိန်မှစ တင်ကာ အသိအမှတ်ပြုရလောက်သည့် အောင်မြင်မှုများကို ရှိလာခဲ့ပြီလည်းဖြစ်သည်။

လွန်ခဲ့သောဆယ်စုနှစ်အစောပိုင်းက တပ်မတော်(ရေ)၌ ပင်လယ်ပြင်ထွက်နိုင်သည့် သင်္ဘောအနည်းငယ်သာရှိခဲ့ပေသည်။ ၂၀၀၈ ခုနှစ်တွင် ပြိုင်ဘက်ဘင်္ဂလားဒေ့ရှ်နှင့် တင်းမာမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း၌ တပ်မတော်(ရေ) ကို လျင်မြန်စွာတိုးချဲ့မှုဆောင်ရွက်လာခဲ့သည်ကိုလည်း တွေ့ရှိရမည်ဖြစ်သည်။

သို့သော် ရေပေါ်ရေအောက်စစ်ရေယာဉ်များသာ ဖြည့်တင်းနေသည့် ဘင်္ဂလားဒေ့ရှ်ရေတပ်နှင့် မတူညီသည်မှာ မြန်မာ့ရေတပ်အနေဖြင့် UAV နှင့် ဝေဟင်မှ ပစ်ခတ်နိုင်သော သင်္ဘောဖျက်ဒုံးကျည်စနစ်များကို ပစ်လွှတ်တိုက်ခိုက်နိုင်သည့် လေယာဉ်စနစ်များအပေါ်တွင်လည်း အလေးထားဆောင်ရွက်ခဲ့ကြပါသည်။

၂၀၁၀ ပြည့်နှစ်က မြန်မာ့ရေတပ်တွင် ၇၇ မီတာအရှည်ရှိသည့် AShM ဒုံးကျည်စနစ်များတပ်ဆင်ထားမှုမရှိသည့် ကော်ဗက်ရေယာဉ် ၂ စီး၊ ဒုံးကျည်တပ်ဆင်ထားသည့် Houxin အမျိုးအစား FAC ၆ စီး၊ သေနတ်တပ်ဆင်ထားသည့် အငယ်စား FAC အချို့နှင့် ကင်းလှည့်ရေယာငယ်အချို့သာ ပိုင်ဆိုင်ထားရှိခဲ့သည်။

အရိုးရှင်းဆုံးဝန်ခံရရလျှင် ဒုံးကျည်တပ်ဆင်ထားသည့် BNS Osman ဖရီးဂိတ် အပါအဝင် ဖရီးဂိတ် ၄ စီးပိုင်ဆိုင်သည့် ဘင်္ဂလားဒေ့ရှ်ရေတပ်နှင့် နှိုင်းယှဉ်စရာပင်မရှိခဲ့ချေ။ သို့သော်တင်းမာမှုဖြစ်ခဲ့ပြီးနောက်ပိုင်း တပ်မတော်ရေသည် ကြီးမားသည့် ရေတပ်တိုးချဲ့မှုများကို စတင်ဆောင်ရွက်လာခဲ့ခြင်းဖြစ်သည်။

အားထုတ်ကြိုးစားရင်းနှီးခဲ့ရမှုများ၏နောက်ပိုင်းအဆုံးသတ်ရလဒ်များအရယခုအခါမြန်မာ့ရေတပ်တွင် –
ရေငုပ်သင်္ဘော-၁ စီး
Makassar Class LPD – ၁ စီး၊ဖရီးဂိတ် – ၅ စီး၊ကော်ဗက်- ၃ စီး၊ဒုံးကျည်တပ် FAC – ၁၅ စီး၊သေနတ်တပ် FAC – ၂၀ စီး၊Super Dvora III – ၆ စီး၊ရေငုပ်သင်္ဘောတိုက်ဖျက်ရေးကော်ဗက် – ၂ စီး၊ဆေးရုံသင်္ဘော – ၁ စီး၊တပ်ဖွဲ့သယ်ရေယာဉ် – ၂ စီး၊Floating Dock – ၂ စီး၊LCU (Landing Craft Utility) – ၆ စီး၊LCM (Landing Craft Mechanized)- ၂၀ စီး တို့ကို ပိုင်ဆိုင်လာခဲ့ပြီဖြစ်သည်။

ထို့အပြင် ရေယာဉ်အသစ်များတည်ဆောက်ရန် သင်္ဘောကျင်းများကိုတိုးချဲ့ခြင်း နှင့် သင်္ဘောတည်ဆောက်ခြင်းစွမ်းဆောင်မှုများကိုလည်း တိုးချဲ့နိုင်ခဲ့ပြီလည်း ဖြစ်သည်။
အဆိုပါရေယာဉ်များတွင် ၁၃၅ မီတာ (တန် ၄၀၀၀ ) ဖရီးဂိတ်ကိုလည်း တည်ဆောက်နေဆဲဖြစ်သည်။ ၎င်းဖရီးဂိတ်အသစ်တွင် VLS (Vertical Launch System) များလည်းပါဝင်မည်ဖြစ်သည်ဟုဆိုသည်။

၂၀၁၉ ခုနှစ်က တပ်မတော်(ရေ) ၏ ပြည်တွင်းထုတ် ဖရီးဂိတ် ဆင်ဖြူရှင်သည် တရုတ်နိုင်ငံသို့ နှစ် ၇၀ မြောက်အခမ်းအနားတက်ရောက်ရန် ရန်ကုန်မှ ရေမိုင် ၄၅၀၀ ရှိအကွာအဝေးရှိ Qingdao ဆိပ်ကမ်းသို့ အလည်အပတ်သွားရောက်ခဲ့ခြင်းဖြင့် စွမ်းဆောင်ရည်ကောင်းမွန်ကြောင်နှင့် ပြည်တွင်းထုတ်စနစ်၏ ယုံကြည်စိတ်ချနိုင်မှုကို ဖော်ပြခဲ့သည်။
ထို့အပြင် ရေတပ်၏ လေတပ်ဖွဲ့အစိတ်အပိုင်းအဖြစ် အကွာအဝေး ၁၉၀ ကီလိုမီတာထိရောက်ရှိတိုက်ခိုက်နိုင်မည့် C 802AK စနစ်များသယ်ဆောင်နိုင်သည့် JF-17၊ ATR 42 ရေကြောင်းကင်းလှည့်လေယာဉ်များနှင့် AS 365 စနစ်များဖြင့် ဖွဲ့စည်းခဲ့ပါသည်။

ထိုမျှသာမက စွမ်းအားဖြည့်အဖြစ် Schiebel Camcopter S-100 UAV စနစ်များကိုလည်း အသုံးပြုနေခဲ့ပြီဖြစ်သလို မကြာမီအချိန်အတွင်း တန်ပြန်ရေငုပ် သင်္ဘောတိုက်ဖျက်ရေးရဟတ်ယာဉ် ၂ စီးကိုလည်း ရရှိတော့မည်ဖြစ်သည်ဟု ဆိုသည်။
တပ်မတော်(ရေ) အတွက် ကျန်ရှိနေသည့်အရာမှာ လေကြောင်းရန်ကာကွယ် ရေးစနစ် လိုအပ်နေဆဲပင်ဖြစ်သည်။ ရေတပ်အဆင့်မြှင့်တင်ခြင်းအစီအစဉ်သည်
စနစ်တကျဖြင့်တည်ဆောက်ရမည်ဖြစ်သည့်အတွက် အချိန်ယူရမည်ဖြစ်သော်လည်း လက်ရှိအခြေအနေသည် တပ်မတော်(ရေ)ကို ပြည့်စုံမှုရှိနေစေသည့် အခြေအနေကို ပြောင်းလဲပေးနိုင်ခဲ့ပြီလည်းဖြစ်ပေတော့သည်။

Credit –
ကျော်လင်း(အမိမြေ)
#Ref-MDR
#MyanmarNews24

Leave a Reply