TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■ဆယ်ကျော်သက်အရွယ်ကတည်းက ပင်လယ်ထဲရောက်နေတဲ့ အမျိုးသမီး ဓားပြ ဂရေ့စ်အိုမယ်လီ

၁၆ ရာစုကိုပြန်သွားရရင်တော့ အိုင်ယာလန်ရဲ့ အူမေးလ်ပြည်ထောင်စုက ရေပိုင်နက်တွေမှာကြီးစိုးနေတဲ့ဓားပြတွေရှိခဲ့ပါတယ်။ သူမဟာ ဆယ်ကျော်သက်အရွယ်ကတည်းက ပင်လယ်ထဲရောက်နေတဲ့ အမျိုးသမီး ဓားပြ ပါပဲ။

ဂရေ့စ်အိုမယ်လီဟာအဖေဖြစ်သူနှင့်အတူဆယ်ကျော်သက်အရွယ်မှာ ရွက်လွှင့်ချင်ခဲ့ပေမယ့် သူ့အမေကတော့ သမီးဖြစ်သူရဲ့ဆံပင်ဟာရှည်တာကြောင့်သင်္ဘောပေါ်ကကြိုးနဲ့ငြိမယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ငြင်းဆိုခဲ့ပါတယ်။ ဂရေ့စ်ဟာ ဒီစကားကိုမှတ်သားခဲ့ပြီးဆံပင်ကို တိုတိုညျပ်ကာ အဖေဖြစ်သူနှင့်လိုက်ခဲ့ပါတော့တယ်။

အဖေဖြစ်သူသေဆုံးပြီး သူမအမွေရတဲ့နောက် ဂရေ့စ်နှင့်သူ့ရဲ့လူတွေဟာ သူတို့ရဲ့နယ်မြေအနားကပ်လာတဲ့ သင်္ဘောမှန်သမျှကို အပိုင်သိမ်းမယ်လို့ကြံရွယ်ခဲ့ပါတယ်။ အခွန်အခကိုလိုချင်တာဖြစ်ပြီးတကယ်လို့ပေးဖို့ ငြင်းဆိုမယ်ဆိုရင်တော့ သေခြင်းတရားသို့မဟုတ်ဒဏ်ရာရစေရမယ်လို့ကြိမ်းဝါးခဲ့ပီး။ သူမရဲ့ အကြီးမားဆုံးအောင်နိုင်ခြင်းကတော့ အဲလိဇဘတ် ၁ နှင့်တွေ့ဆုံခဲ့တာဖြစ်ပြီး သူမဟာအင်္ဂလန်နိုင်ငံရဲ့ ရန်သူတွေအပေါ်ကိုသာ ဓားပြတိုက်
မယ်ဆိုရင် ခွင့်ပေးမဲ့အကြောင်းစာရရှိခဲ့ပြီးနောက်ပိုင်းဖြစ်ပါတယ်။

ဒါက ဂရေ့စ်ကို အင်္ဂလန်နိုင်ငံကိုရွက်လွှင့်စေခဲ့ပြီး သူမရဲ့သားနှင့်အစ်ကိုဖြစ်သူဟာ အဖမ်းခံခဲ့ရကာ ဒါပြီးတဲ့နောက်ပိုင်းမှာတော့ သူမဟာ သူတို့ ရေပိုင်နက်ထဲမှာ ကြိုက်တာလုပ်လို့ ရခဲ့ပါတယ်။
Ref:youtube
Trans:thegeektext
zawgyi
Ref:youtube
Trans:thegeektext