■ဆပ်ပြာမြှုပ်များသွားလို့လျှံကျနေတဲ့အတိုင်းဖြစ်နေသော ပင်လယ်ရေမြှုပ်များ

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■ဆပ်ပြာမြှုပ်များသွားလို့လျှံကျနေတဲ့အတိုင်းဖြစ်နေသော ပင်လယ်ရေမြှုပ်များ

ပင်လယ်ရေမြှုပ်ဆိုတဲ့အသံကိုကြားရင်တော့ ဟန်းခရစ္စတန် အန်ဒါဆင်ရေးတဲ့ ဇာတ်လမ်းအဆုံးသတ်မှာရေမြှုပ်ဖြစ်သွားတဲ့ရေသူမကိုပြေးမြင်ကြမှာပါ။ ဒါဆိုရင် ပင်လယ်ကာပူချီနိုဆိုရင်ကော ဘယ်လိုဖြစ်မလဲ။ ဟုတ်ပါတယ်။ ဒါဟာ အမှန်တကယ်ပါ။

ဒါက ပင်လယ်ရေမြှုပ်တွေ ကုန်းမြေပေါ်တက်လာတဲ့အခါ ကျရင် ဒေသခံတွေက ရေမြှုပ်ပါတီတွေတောင်လုပ်ကြပါသေးတယ်။ ဒါပေမယ့် အမှန်အတိုင်းပြောရရင်တော့ ဒီဖြစ်ရပ်ဟာ ညစ်ပတ်တဲ့အဝတ်လျှော်စက်ထဲက အမြှုပ်တွေနှင့်တူပြီး ဆပ်ပြာမြှုပ်များသွားလို့လျှံကျနေတဲ့အတိုင်းပါပဲ။ ဒါပေမယ့်လည်း ဒီဖြစ်ရပ်ဟာ ဘယ်ကနေဘယ်လိုစဖြစ်တာပါလဲ။ တကယ်တမ်းကတော့ အကြောင်းအရင်းပေါင်းများစွာရှိပါတယ်။

ပင်လယ်ဆားငန်ရေ၊ ရေညှိများ၊ အပူချိန်လွန်ကဲမှု၊ နှင့် လေပြင်းတိုက်ခတ်ခြင်းကြောင့်ဖြစ်ပေါ်လာရတာပါ။ ဒါ့ကြောင့်အခြေခံအားဖြင့် ပင်လယ်ရေမြှုပ်ဟာ အညစ်အကြေးတွေနှင့်ဆားတွေရောကာ ပင်လယ်ရေပူထဲမှာ ပွက်ပွက်ဆူနေပြီးထွက်လာတဲ့အရာတွေပါ။

ဒီ့နောက် ပင်လယ်ရေစီးကြောင်းနှင့်လေကြောင်းက ကုန်းမြေပေါ်ရောက်အောင် ကူညီပေးပါတယ်။ လူတွေကတော့ ရှူခင်းကိုကြည့်ပြီး သဘောကျနေကြတာပါ။ ဓာတ်ပုံတွေရိုက်ကာပင်လယ်ရေမြှုပ်ထဲမှာ ရေကူးကြပါတယ်။

ဒါတွေဟာ လူတွေရဲ့ သဘာဝပတ်ဝန်းကျင်ကို စွန့်ပစ်ထားမှုကြောင့်ဖြစ်ပေါ်လာရတယ်ဆိုတာတော့ သူတို့မသိခဲ့ပါဘူး။
ref:youtube
trans:thegeektext

zawgyi

TheGeekText.com Copyright©2021 ကူးယူေဖာ္ျပခြင့္လုံးဝခြင့္မျပဳပါ။

■ဆပ္ျပာျမႇုပ္မ်ားသြားလို႔လၽွံက်ေနတဲ့အတိုင္းျဖစ္ေနေသာ ပင္လယ္ေရျမႇုပ္မ်ား

ပင္လယ္ေရျမႇုပ္ဆိုတဲ့အသံကိုၾကားရင္ေတာ့ ဟန္းခရစၥတန္ အန္ဒါဆင္ေရးတဲ့ ဇာတ္လမ္းအဆုံးသတ္မွာေရျမႇုပ္ျဖစ္သြားတဲ့ေရသူမကိုေျပးျမင္ၾကမွာပါ။ ဒါဆိုရင္ ပင္လယ္ကာပူခ်ီနိုဆိုရင္ေကာ ဘယ္လိုျဖစ္မလဲ။ ဟုတ္ပါတယ္။ ဒါဟာ အမွန္တကယ္ပါ။

ဒါက ပင္လယ္ေရျမႇုပ္ေတြ ကုန္းေျမေပၚတက္လာတဲ့အခါ က်ရင္ ေဒသခံေတြက ေရျမႇုပ္ပါတီေတြေတာင္လုပ္ၾကပါေသးတယ္။ ဒါေပမယ့္ အမွန္အတိုင္းေျပာရရင္ေတာ့ ဒီျဖစ္ရပ္ဟာ ညစ္ပတ္တဲ့အဝတ္ေလၽွာ္စက္ထဲက အျမႇုပ္ေတြႏွင့္တူၿပီး ဆပ္ျပာျမႇုပ္မ်ားသြားလို႔လၽွံက်ေနတဲ့အတိုင္းပါပဲ။ ဒါေပမယ့္လည္း ဒီျဖစ္ရပ္ဟာ ဘယ္ကေနဘယ္လိုစျဖစ္တာပါလဲ။ တကယ္တမ္းကေတာ့ အေၾကာင္းအရင္းေပါင္းမ်ားစြာရွိပါတယ္။

ပင္လယ္ဆားငန္ေရ၊ ေရညႇိမ်ား၊ အပူခ်ိန္လြန္ကဲမႈ၊ ႏွင့္ ေလျပင္းတိုက္ခတ္ျခင္းေၾကာင့္ျဖစ္ေပၚလာရတာပါ။ ဒါ့ေၾကာင့္အေျခခံအားျဖင့္ ပင္လယ္ေရျမႇုပ္ဟာ အညစ္အေၾကးေတြႏွင့္ဆားေတြေရာကာ ပင္လယ္ေရပူထဲမွာ ပြက္ပြက္ဆူေနၿပီးထြက္လာတဲ့အရာေတြပါ။

ဒီ့ေနာက္ ပင္လယ္ေရစီးေၾကာင္းႏွင့္ေလေၾကာင္းက ကုန္းေျမေပၚေရာက္ေအာင္ ကူညီေပးပါတယ္။ လူေတြကေတာ့ ရႉခင္းကိုၾကည့္ၿပီး သေဘာက်ေနၾကတာပါ။ ဓာတ္ပုံေတြရိုက္ကာပင္လယ္ေရျမႇုပ္ထဲမွာ ေရကူးၾကပါတယ္။

ဒါေတြဟာ လူေတြရဲ့ သဘာဝပတ္ဝန္းက်င္ကို စြန႔္ပစ္ထားမႈေၾကာင့္ျဖစ္ေပၚလာရတယ္ဆိုတာေတာ့ သူတို႔မသိခဲ့ပါဘူး။
ref:youtube
trans:thegeektext