TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■ဆင်ဆာကနေပလက်ဖောင်းတွေကိုသတင်းပေးပို့နိုင်သည့် Tomahawk
Tomahawk မှာ အဓိက တိုးတက်လာတာကတော့ သူရဲ့ ကွန်ရက်ဗဟိုပြု စစ်ပွဲစွမ်းဆောင်ရည်ပဲ ဖြစ်ပါတယ်။ ဆင်ဆာ၊ လေယာဉ် ၊ UAV ၊ ဂြိုဟ်တု၊ ခြေလျင်တပ်၊ စစ်သား ၊တင့်ကားနဲ့ သင်္ဘောတွေဆီကနေ အချက်အလက်အများအပြားကို အသုံးပြုပြီး ပစ်မှတ်ကို ရှာဖွေတာပါ။
သူရဲ့ ဆင်ဆာကနေ ဒီပလက်ဖောင်းတွေဆီကိုလည်း သတင်းအချက်အလက်တွေ ပေးပို့နိုင်ပါတယ်။ဒုံးကျည်တွေက ၂၁ ပေ ရှည်လျားပြီး ၁.၅ တန် အလေးချိန်ရှိတာပါ။
သမားရိုးကျ တော်ပီဒို ကျု့ နဲ့ ခေတ်မီရေငုပ်သင်္ဘောတွေရဲ့ ဗာတီကယ် လန့်ခ်ျ ကျု့ နှစ်မျိုးလုံးကနေ ပစ်လွှတ်နိုင်ပါတယ်။ Tomahawk လေထဲရောက်သွားတာနဲ့ တာဘိုဂျက်အင်ဂျင်ကအလုပ်လုပ်ပြီး သူ့ရဲ့အတောင်ပံတွေကို ဖြန့်ကျက်စေကာ တစ်နာရီကို မိုင် ၅၀၀ နှုန်း ရောက်ရှိစေမှာပါ။ ဒုံးကျည်တစ်စီးဆီကို သယ်ဆောင်ရာနဲ့ သိုလှောင်ရာမှာ အကာအကွယ်ပေးနိုင်တဲ့ pressurized canister (ပရက်ရှာရိက်စ် ကန်နစ်စတာ) ထဲမှာ သိမ်းဆည်းသယ်ေဆာင်ရတာဖြစ်ပြီး ဒါကို လန့်ခ်ျ ကျု့ အဖြစ်လည်း အသုံးပြုနိုင်ပါတယ်။
canister တွေကို သံချပ်ကာ box launcher(ဘောက် လန်ချာ) ABL တွေထဲမှာ ထားရတာပါ။ ဒီ ABL တွေဟာ ရီအက်တစ် အိုင်အိုဝါ တိုက်သင်္ဘောလေးစင်းဖြစ်တဲ့ USS အိုင်အိုဝါ ၊USS နယူး ဂျာစီ၊ USS မစ်ဆိုရီ နဲ့ USS ဝင်းကွန်ဆင် စတာတွေမှာ ပါဝင်ပါတယ်။ ABL တွေကို spruance-class(စပူးရန့် ကလပ်) ဖျက်သင်္ဘော ရှစ်စင်း၊ ဗားဂျီးနီးယား ကလပ် ခရူဇာ လေးစင်းနဲ့ နျူကလီးယား ခရူဇာ USS long beach(လောင်း ဘိခ်ျ့) စတဲ့ သင်္ဘောတွေမှာလည်း တပ်ဆင်ထားတာပါ။
ဒီ canister တွေဟာ ဗာတီကယ် လန်းချီး စစ်စတမ် VLS နဲ့ အခြား သင်္ဘောတွေ၊ ကပ်ပဆယ် လန့်ခ်ျ စစ်စတမ် CLS ၊ နောက်ပိုင်း လော့စ်အိန်ဂျလိ ရေငုပ်သင်္ဘောတွေနဲ့ ဗာဂျီးနီးယား ကလပ် ရေငုပ်သင်္ဘောတွေမှာလည်း တွေ့ရပါတယ်။အဲ့ဒီနောက်မှာတော့ ရေငုပ်သဘ်ောရဲ့တော်ပီဒိုကျု့ မှာ ABL တပ်ဆင်ထားတဲ့ သဘ်ောအားလုံးကို ဖျက်သိမ်းခဲ့တာ
Ref:youtube
Trans:thegeektext
zawgyi
Ref:youtube
Trans:thegeektext