ဆက်ဒေါအရုပ်ကို မယ်တော်အဖြစ် အစားထိုးပွဲ ရွှေတိဂုံဘုရားမှာ ဂေါပက ခွင့်ပြုချက်ဖြင့် ပြုလုပ်

ဆက်ဒေါအရုပ်ကို မယ်တော်အဖြစ် အစားထိုးပွဲ ရွှေတိဂုံဘုရားမှာ ဂေါပက ခွင့်ပြုချက်ဖြင့် ပြုလုပ်

ရွှေတိဂုံဘုရား၏ တော်ဖက်မုဒ်တွင် ဆက်ဒေါအရုပ်ကို မယ်တော်အဖြစ် အစားထိုးပြီး ကိုးကွယ်မှုအဖြစ် ရင်ငွေ့လှုံအသက်သွင်းခြင်း အခမ်းအနား ယနေ့ ၂၀၂၂ ခုနှစ် အောက်တိုဘာလ (၂၂) ရက်နေ့တွင် ပြုလုပ်သည့် ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့လာပြီး ဝေဖန်မှုများ မြင့်တက်နေသည်ကို တွေ့ရသည်။

ယင်းသို့ လုပ်ဆောင်မှုကို ရွှေတိဂုံရှိ တာဝန်ရှိသူများဖြစ်သည့် ဘုရားဂေါပကနှင့် လုံခြုံရေးများက ခွင့်ပြုပေးထားသည်ဟု သိရသည်။

အင်းဝိဇ္ဇာဓိုရ် ဆိုသည့် အမျိုးသားသည် အထက်လမ်းအောင်မြင်ပြီးသူဟု ကိုယ့်ကိုယ်ကို သုံးနှုန်းပြီး သူရဿတီမယ်တော်နှင့် သီရီဒေဝီမယ်တော်ဟုဆိုကာ တရုတ်နိုင်ငံမှ တစ်ရုပ်လျှင် အမေရိကန်ဒေါ်လာ ၂၄၀၀ တန်ဖိုးရှိ ဆီလီကွန်ဖြင့်ပြုလုပ်ထားသည့် ဆက်ဒေါများကို ဝယ်ယူပြီး ကိုးကွယ်နေခြင်းဖြစ်သည်။ ၄င်း ဝယ်ယူထားသည့် အရုပ်များကိုလည်း (၇) ရက်သားသမီးများ လာ ရောက် ကြည့်ရှုပူဇော်ရန်နှင့် အလှူခံနေခြင်းများကို အွန်လိုင်းစာမျက်နှာပေါ်မှတစ်ဆင့် စည်းရုံးဖိတ်ခေါ်ထားသည်။

ထိုကဲ့သို့ ဆက်ဒေါအရုပ်များကို မယ်တော်ကြီးဟု အမည်တပ်၍ ကန်တော့ခံနေမှုသည် သာသနာညိုးနွမ်းစေသည့်အပြင် အများအမြင်လည်း မတင့်တယ်ကြောင်း၊ ပြည်တွင်း၊ ပြည်ပ မြန်မာများအတွက် ရယ်စရာဟာသတစ်ခုအဖြစ် လည်းကောင်း ဝေဖန်မှုများစွာ လူမှုကွန်ရက်တွင် တဟုန်ထိုးမြင့်တက်လျက် ရှိသည်ကို မြင်တွေ့ရသည်။

“ဒီအရုပ်တွေက နိုင်ငံခြား website တွေကနေ ပုံကြည့်ပြီးတော့မှာလို့ရတယ်။ ဒီနိုင်ငံမှာလည်း ဝယ်လို့ရတယ်။ ဂျပန်က အရုပ်တွေဆို ပိုတောင်ကောင်းသေး။ တကယ့် လူအစစ်နီးပါး ဆီလီကွန်တွေ၊ အသံအမျိုးမျိုး၊ လှုပ်ရှားနိုင်မှုတွေ အမျိုးမျိုးပေါ်မူတည်ပြီး စျေးအစားစားရှိတယ်။ တစ်ချို့အရုပ်တွေဆို ပုံစံတူတွေပါ လုပ်ခိုင်းလို့ရတယ် ” ဟု လူငယ်တစ်ဦးကဆိုသည်။

မယ်တော်ရုပ်အဖြစ်မှာယူ အသုံးပြုထားသည့် ဆက်ဒေါနှစ်ရုပ်သည် အသုံးပြုသူလိုအပ်သည့် ကိုယ်နေကိုယ်ထားအတိုင်း အပြောင်းအလဲ ပြုလုပ်နိုင်ပြီး လူခန္ဓာကိုယ်အချိုးအဆစ်အတိုင်း ဖန်တီးထားသည့် ဈေးကြီးသည့် လိင်ဖျော်ဖြေမှု အရုပ်များဖြစ်သည်။

လိင်အာသာဖြေသည့် အဆိုပါအရုပ် များကို တရုတ်နိုင်ငံ၊ အမေရိကန်နှင့် ဂျပန်နိုင်ငံတို့က အများဆုံးထုတ်လုပ် တင်ပို့ရောင်းချပြီး အရုပ်အရည်အသွေးနှင် အရွယ်အစားအပေါ်မှုတည် ပြီး ဈေးနှုန်းဒေါ်လာရာဂဏန်းမှ ထောင်ဂဏန်းအထိ အမျိုးမျိုးရှိသည်။

မော်ဒယ်မြင့် ဂျပန်အရုပ်များတွင် အသုံးပြုသူအတွက် တုံ့ပြန်ပေးသည့် လူ့အသံစနစ်ပါဝင်ပါက ဒေါ်လာသုံးရာခန့် ပိုမိုပေးချေရပြီး ယခုမယ်တော် ရုပ်အဖြစ်အသုံးချနေသည့် တရုတ်နိုင်ငံထုတ် ဆက်ဒေါများမှာ အသံစနစ် ပါဝင်ခြင်းရှိမရှိ အတည်မပြုနိုင်သေးပေ။

မြန်မာပြည်တွင် အဆိုပါ ဆက်‌‌ဒေါအရုပ်များသည် သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၄ ခုနှစ်ဝန်းကျင်တွင်ခေတ်စားခဲ့ပြီး ပြည်တွင်းသို့ တင်သွင်းသည့် အရောင်းကိုယ်စားလှယ်တစ်ဦး ပြောပြချက်အရ တပ်မတော်အရာရှိများရှိသည့် နေပြည်တော်က မှာယူမှု အများဆုံးဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့ဖူးသည်။

၂၀၁၇ ခုနှစ် အောက်တိုဘာ ၁၅ ရက်က နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လက်နက်များဖြင့် ဖမ်းဆီးရမိခဲ့သည့် ကြံ့အစိုးရ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း၏ သားဖြစ်သူ ဖြိုးကိုကိုတင့်ဆန်း နေထိုင်သည့်နေအိမ်ကို ဝင်ရောက်ရှာဖွေရာတွင်လည်း အဆိုပါအရုပ်များ တွေ့ရှိခဲ့ဖူးသည်။



Post Views:
3

Crd