TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■စွန့်ပစ်ကင်းစင်တဲ့မြို့ငယ်တစ်ခုဖြစ်လာခဲ့သော ခမိခစုရွာ
ခမိခစုရွာဟာ ဂျပန်နိုင်ငံရဲ့ ရှီကိုးကူ ကျွန်းပေါ်မှာ တည်ရှိပါတယ်။ရွာသားတွေဟာ သူတို့ရဲ့ စွန့်ပစ်ပစ္စည်းတွေကို ပြန်လည်အသုံးပြုခြင်းဖြင့် ပတ်ဝန်းကျင် ရေရှည်တည်တံ့ခိုင်မြဲရေးကို အလေးထားကြတာ ၂ ရာစု နီးပါးရှိပါပြီ။
ရွာသားတွေက ၂၀၂၀ အကုန်မှာ စွန့်ပစ်ပစ္စည်းကင်းစင်တဲ့မြို့ငယ်ဖြစ်အောင် ကြိုးစားနေကြတာပဲဖြစ်ကာ
ကြည့်ရတာတော့ သူတို့လည်း လမ်းကြောင်းမှန်ပေါ်ရောက်နေပါတယ်။
သူတို့ရဲ့ ပြန်လည် အသုံးပြုတဲ့ နှုန်းဟာ နိုင်ငံတစ်နိုင်ငံလုံးထပ် ၆၀ % ပိုများပါတယ်။ မမိုက်ဘူးလား။
ဒါပေမယ့် ဒီမြို့ငယ်လေးဟာ ဘယ်လိုလုပ် ဒီလောက်မြင့်တဲ့ ပြန်လည်အသုံးပြုမှုနှုန်းကို ရနိုင်တာလဲ။
ဒါတွေဟာ ဂျပန်အစိုးရက အမှိုက်တွေ မီးရှို့ဖျက်ဆီးတဲ့အခါမှာ ထွက်လာတဲ့ အန္တရာယ်များတဲ့ဓာတုဗေဒပစ္စည်းတွေရဲ့အကျိုးဆက်ကို သိနားလည်အောင် ပြောပြီးတဲ့အခါမှာ စတင်ခဲ့တာပါ။
နောက်ဆုံးမှာတော့ ရွာသားတွေဟာ စွန့်ပစ်ပစ္စည်းလုံးဝကင်းစင်တဲ့ မြို့ဖြစ်အောင် ရည်ရွယ်ချက်ချခဲ့ပါတယ်။
သူတို့ဟာ မီးဖိုချောင်ထဲကအမှိုက်ကို အမျိုးအစားပေါင်း ၄၅ မျိုးခွဲပြီး ပြန်လည်အသုံးပြုနိုင်အောင် စီမံခဲ့သလို
ရွာသားတွေဟာလည်း တစ်ခါသုံးပစ္စည်းတွေကို မသုံးစွဲဖို့ တားမြစ်ခံခဲ့ရပါတယ်။
ခမိခစုရဲ့ လှုပ်ရှားမှုဟာဆိုရင် ကမ္ဘာအနှံ့မှာရှိတဲ့ ပြန်လည် အသုံးပြုခြင်းကို အားပေးတဲ့သူတွေအတွက် စံနမူနာ ကောင်းတစ်ခုဖြစ်ခဲ့ပါတယ်။
Ref:youtube
Trans:thegeektext
zawgyi
Ref:youtube
Trans:thegeektext