TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■စုန်းကဝေများရဲ့ပျံသန်းနိုင်သောစွမ်းရည်အစစ်အမှန်

အမှောင်သခင်ဆီက လက်ဆောင်အဖြစ်ချီးမြင့်ခံရတဲ့ အစွမ်းတွေနဲ့ စုန်းကဝေတဦးဟာ ညတညမှာ ကောင်းကင်မှာပျံသန်းနေပါတယ်၊ အမဲရောင် ကြောင်တကောင်၊ မှောင်မိုက်နေတဲ့ လမ်း နဲ့ အနားပြန့်ကားနေတဲ့ ဦးထုပ်နဲ့ စုန်းမဟာ ကျွန်မတို့စိတ်ကူးထဲကပုံစံနဲ့ တပုံစံတည်းဖြစ်ပြီး သမားရိုးကျအတိုင်း တံမြတ်စည်းပျံကို စီးနေပါတယ်၊ စုန်းကဝေအုပ်စုဟာ မီးဖိုလိုက်ပြီး ညလယ်ခေါင် တောနက်ထဲမှာ ညီလာခံလုပ်ကြပါတယ်၊သူတို့ရဲ့တံမြတ်စီးတွေကို အမိ့ပေးပြီး မိုင်ပေါင်းများစွာထိပျံသန်းနိုင်တာ ဘယ်လောက်တောင်အံ့ဩစရာကောင်းလိုက်သလဲ၊အန်ဗွီ ကေ နဲ့ မစ် ဂျေတို့ဟာ စုန်းကဝေတွေရဲ့ မှော်ဆေးရည်ရဲ့သမိုင်းအမှန်ကိုရှာဖွေဖို့လုပ်ကြပါတယ်၊

မှော်ေဆးရည်ဆိုတာက ပျံသန်းစေနိုင်တဲ့ ဆေးရည်တမျိုးဖြစ်ပြီး ပါဝင်ပစ္စည်းတွေအများကြီးပါပါတယ်၊ တချို့ပစ္စည်းတွေဟာ နားလည်ရခက်ပြီး တကယ်ပဲ ဒီဆေးရည်ကြောင့် သူတို့ပြန်နိုင်တာဟုတ်ရဲ့လား၊ဆေးရည်ထဲမှာ ကလေးတွေအုတ်ဂူထဲက တူးယူထားတဲ့အဆီအနှစ်တွေပါပါဝင်ပြီး အမျိူးအမည်မသိတဲ့ ပန်းပင်တွေရဲ့ ဝတ်ရည်တွေလဲ ပါဝင်ပါတယ်၊ အဲ့ဒီဝတ်ရည်တွေဟာ စိတ်ပိုင်းဆိုင်ရာကို သက်ရောက်မှုရှိစေပြီူ ကယောင်ကတမ်းဖြစ်စေပါတယ်၊ အဲ့ဒီအပင်တွေဟာ စားသုံးနိုင်တဲ့ အပင်တွေရဲ့ ခပ်ဆင်ဆင်ရှိပြီး အဆိပ်ရှိပါတယ်၊ တဂယ်လို့ အဲ့ဒီအပင်တွေကို စားမိမယ်ဆိုရင်သေဆုံးတဲ့အထိပါဖြစ်စေနိုင်ပါတယ်၊ ခရစ်ယာန်ဘုန်းတော်ကြီးတွေဟာ ဒီကိစ္စကို ဖြေရှင်းဖို့ဆွေးနွေးကြပါတယ်၊စုန်းမတွေဟာ တဂယ်ပဲ ဆေးရည်ကြောင့် ပျံသန်းနိုင်တာလား ဒါမှမဟုတ် နားလည်ရလွယ်တဲ့ တခြားနည်းလမ်းကြောင်းပဲလား။

သူတို့ရဲ့ဝိညာဉ်တွေက ခန္ဓာကိုယ်ထဲက ထွက်ပြီး ပျံသန်းတာ ဒါမှမဟုတ် ဆေးရည်ထဲပါဝင်တဲ့ ပစ္စည်းတွေကြောင့် စိတ်ကယောင်ချောက်ချားဖြစ်ပြီး ထင်ယောင်ထင်းမှားဖြစ်နေတာလား၊ဒါကြောင်ဘုန်းတော်ကြီးတွေဟာ ဆေးရည်အကြောင်းရှင်းလင်းထားတဲ့ ကျမ်းကို လေ့လာရပါတော့တယ်၊ပထမဆုံးအကြောင်းအရာကတော့ အောဂတ်စတက် လို့ခေါ်တဲ့ လူတယောက်အကြောင်းပဲဖြစ်ပါတယ်၊ သူဟာ ဆေးပညာကိုလေ့လာသင်ကြားနေပြီး တရက်မှာတော့ ညနက်မှအိမ်ပြန်လာခဲ့ပါတယ်၊ သူ့မှာ သော့မပါတဲ့အပြင် တံခါးခေါက်တော့လဲ ဘယ်သူမှ လာမဖွင့်တာကြောင့် ပြတင်းပေါက်ကနေ ဝင်ခဲ့ရပါတယ်၊ အထဲ ရောက်တော့ အခန်းထဲဝင်ဖို့လျှောက်ရင်း အစေခံတယောက်ဟာ မချိမဆန့် ဝေဒနာခံစားရင်း ကြမ်းပြင်မှာ လဲနေတာကိုမြင်လိုက်ရပါတယ်၊ နောက်တနေ့မနက်ရောက်တဲ့တော့ ဖြစ်သမျှအကြောင်းမေးမြန်းတဲ့အခါ သူမက ခရီးတစ်ခုသွားခဲ့တဲ့အကြောင်းပဲ ဖြေပါတယ်၊ နောက်တခုကတော့ လူဂါနိုဆိုတဲ့ လူတယောက်ဟာ မနက်ခင်းမှာ သူ့အမျိုးသမီးကို ရှာမတွေ့တာကြောင့် လိုက်ရှာနေရင်း ဝက်ခြံရဲ့ထောင့်တနေရာမှာထိုင်နေတာကို တွေ့ခဲ့ပါတယ်၊လူဂါနိုယာ သူ့မိန်းမ က စုန်းမတယောက်ဆိုတာကို သိသွားပြီး ချက်ချင်းသတ်ဖို့ကြိုးစားလိုက်ပါတယ်၊

ဒါပေမယ့် သူမသတိရလာတဲ့အခါမှာ အရင်ဆုံး မေးမြန်းတာ ပိုကောင်းမယ်လို့တွေးလိုက်ပါတယ်၊ ကြောက်လန့်နေတဲ့ သူမဟာ ဒူးထောက်ရင်း ညက သူ ခရီးသွားခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်၊ ဒါဆိုရင် ေဆးရေက သူတို့ပျံသန်းနေတယ်ဆိုတဲ့ ထင်ယောင်ထင်မှားတွေဖြစ်စေတယ်ဆိုတာ သေချာသလောက်ရှိပါပြီ၊ သူတို့က တံမြက်စည်းပျံကိုစည်းပြီး ကောင်းကင်မှာ လှည့်ပတ်နေတယ်လို့ ထင်နေကြပုံပါပဲ၊ အဲ့ဒီကာလ တုန်းက ဥရောပမှာ ရိုင်းဂျုံနဲ့ ပေါင်မုန့်ပြုလုပ်တာခေတ်စားနေပါတယ်၊ မြို့ငယ်လေးတွေမှာ မကျန် ပြုလုပ်နေကြပြီး အဆင်ပြေကြပါတယ်၊ဒါပေမယ့် ဥရောပ ဟာ ပေါင်မုန့်ကို အချိန်ကြာကြာပိုဖုတ်ပြိး မြို့ပြမှာလို ဆိုင်တွေတင်သွင်းဖို့လုပ်ကြတဲ့အခါ ပေါင်မုန့်ဟာ မှိုတွေစွဲကုန်ပါတော့တယ်၊ အယ်ရိုဂန်လို့ခေါ်တဲ့ဆေးဟာ ဂျုံပေါင်မုန့်တွေကို ရေရှည်ထားခံစေတဲ့ အစွမ်းအာနိသင်ရှိပြီး အနည်းငယ်အသုံးပြုရင်တောင် အာနိသင်ဟာ ရေရှည်သက်ရောက်မှုရှိပါတယ်၊

နောက်ပိုင်းမှာ အယ်ရိုဂန်ဆေးဟာ ဆေးဖက်ဝင်အပင်တွေကြားခေတ်စားလာပြီး သူ့အကြောင့်လေ့လာရင်း LSDဆိုတာကို ထပ်တွေ့ခဲ့ပါတယ်၊ အဲ့တာဟာ လိမ်းဆေးတမျိုးဖြစ်ပြီး စုန်းမတွေဟာ အဲ့ဒီဆေးကို အရေပြားပေါ်လိမ်းလိုက်မယ်ဆိုရင် သူဟာ လေထဲပျံသန်းနေတယ်လို့ ထင်ယောင်ထင်မှားဖြစ်စေပါတယ်၊ လေထဲဝန်ပျံနေတဲ့ စုန်းမအကြောင်း ယုံတမ်းပုံပြင်တွေဟာ လူတွေကို ကြောက်လန့်စေပြီး ဒါဟာ မကောင်းတဲ့ မှော်စွမ်းအင်ဖြစ်ပြီး နတ်ဆိုးတွေနဲ့ ပတ်သက်နေပါတယ်၊အများအားဖြင့် အမျိုးသမီးတွေဟာ နေရာ ဝန်းကျင်ကို သန့်ရှင်းဖို့ ရှင်းလင်းစေဖို့ တံမြက်စီးကို အသုံးပြုကြပါတယ်၊

တချို့ ရိုးရာဓလေ့တွေမှာဆိုရင် လက်ထပ်ထားတဲ့ စုံတွဲတွေ တံမြက်စီးပေါ် ပြိုင်တူခုန်ကျော် လိုက်ရင် သီးနှံထွက်နှုန်းကောင်းပြီး အိမ်ထောင်သစ်တည်ထောင်ခြင်းအတွက် ကောင်းချီမင်္ဂလာတွေရစေတယ်လို့ အယူရှိကြပါတယ်၊ မီးဖွားခါနီး အမျိူသမီးတွေဟာ ဖိနပ်ချွပ်နေရာမှာ တံမြတ်စီးလှဲရင် ဒါဟာ အသစ်ဝင်ရောက်လာမယ့် မိသားစုဝင်လေးကို ကောင်းမွန်တဲ့ ကံတရားက ဆောင်မပေးတဲ့လို့ဆိုကြပါတယ်၊ စုန်းမတော်တော်များများဟာ တံမြတ်စီးကို အိမ်ရှေ့တံခါးနားမှာထားပြီး မကာင်းတဲ့စွမ်းအင်တွေဝင်မလာစေဖို့အကာအကွယ်အဖြစ်အသုံးပြုကြပါတယ်၊
Ref:youtube
Trans:thegeektext