စီးပွားရေးပြန်လည်ပတ်ရန် ညွှန်ကြားချက်များ ထုတ်နေသော်လည်း မြေပြင်တွင်လုပ်ကိုင်ရန် ခက်ခဲကြောင်း လုပ်ငန်းရှင်အချို့ပြေ

News

စီးပွားရေးပြန်လည်ပတ်ရန် ညွှန်ကြားချက်များ ထုတ်နေသော်လည်း မြေပြင်တွင်လုပ်ကိုင်ရန် ခက်ခဲကြောင်း လုပ်ငန်းရှင်အချို့ပြော ပြည်တွင်းစီးပွားရေးပြန် လည်ပတ်ရန်ဗဟိုဘဏ်နှင့် ကုန် သွယ်ရေးဌာနများက ညွှန်ကြား ချက်များ ထုတ်နေသော်လည်း မြေပြင်အခြေအနေတွင် လုပ်ကိုင် ရန်ခက်ခဲနေကြောင်း စီးပွားရေး လုပ်ငန်းရှင်အချို့က ပြောသည်။ရန်ကုန်တွင် မြို့နယ်ချင်း သွားလာရေးအခက်အခဲ၊ ဝန် ထမ်းများ ရုံးတက်နိုင်မည့် အခြေ အနေမရှိခြင်းကြောင့် လုပ်ငန်း လည်ပတ်ရန် ခက်ခဲသည်ဟု ၎င်း တို့ကပြောသည်။

ဗဟိုဘဏ်က မတ်လ ၈ ရက်တွင် ဘဏ်များဖွင့်လှစ်ရန် ပုဂ္ဂလိကဘဏ်များသို့ အကြောင်း ကြားစာများ ပေးပို့ထားပြီး တိုင်း နှင့် ပြည်နယ်အလိုက်လုံခြုံရေး အစီအစဉ်များ ရယူ၍ ဘဏ်ခွဲများ အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင် ရေး စီစဉ်ဆောင်ရွက်ရန် ပါဝင် သည်။‘‘ဘဏ်လုပ်ငန်းက ဝန် ထမ်းတွေမရှိဘဲနဲ့ ဘယ်လိုလုပ်ပြီး လည်ပတ်နိုင်မှာလဲ။ ဗဟိုဘဏ် က အတင်းပြန်ဖွင့်ဖို့ ဖိအားပေး တော့ ဘဏ်တွေလည်း အတော် အခက်တွေ့တာပေါ့’’ ဟု ပုဂ္ဂလိ ကဘဏ်တစ်ခု၏ အကြီးတန်း အရာရှိတစ်ဦးက ပြောသည်။

ဘဏ်လုပ်ငန်းများပြန်လည် ပတ်နိုင်ရေး နစကကောင်စီအ စည်းအဝေးက ဆုံးဖြတ်ချက်ချ ထားကြောင်း မတ်လ ၅ ရက်တွင် ဗဟိုဘဏ်က ဘဏ်များသို့ ပေးပို့ သည့်စာတွင် ရေးသားထားသည်။ဘဏ်များပြန်လည်ဖွင့်လှစ် ရေးကို ဗဟိုဘဏ်က တွန်းအား ပေးလာသကဲ့သို့ ကုန်သွယ်ရေးဦး စီးဌာနကလည်း ပြည်ပပို့ကုန် သွင်းကုန်အချို့ကို ယာယီလိုင်စင် ဖြေလျှော့ပေးမည်ဟု ကြေညာ ချက်ထုတ်ပြန်ထားသည်။

ဆန်နှင့်ဆန်ကွဲအပါအဝင် ပို့ကုန်ကုန်စည်လိုင်း ၃၇ လိုင်းနှင့် သွင်းကုန်ကုန်စည်လိုင်း ၇၂ လိုင်း ကို မတ်လ ၈ ရက်မှ ဧပြီ ၉ ရက် အထိ လိုင်စင်လျှောက်ထားရန် မလိုကြောင်း ကုန်သွယ်ရေးဦးစီး ဌာနက မတ်လ ၃ ရက်တွင် ထုတ် ပြန်ထားသည်။ပြည်ပမှ တင်သွင်းထား သောကုန်ကြမ်းများ ဆိပ်ကမ်းမှ ထုတ်ယူရန် ခက်ခဲခြင်း၊ ပြည်ပ တင်ပို့မည့် ကုန်ချောများအတွက် သင်္ဘောလိုင်းရရှိရေး အခက်အခဲ တို့က လက်ရှိနိုင်ငံခြားကုန်သွယ် ရေးလုပ်ငန်းများကို အဓိကအ ခက်အခဲဖြစ်လာကြောင်း မြန် မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင် များအသင်းဗဟိုအလုပ်အမှု ဆောင်တစ်ဦးက ပြောသည်။

7DayNews

Leave a Reply