စီးပွားရေး လက်ကြီးသမားတွေ သုံးနေတဲ့ လျှို့ဝှက်ဗျူဟာနဲ့ ဝယ်သမျှ ရှုံးမယ့် ယခုကာလအကြောင်း ( အရမ်းလည်း မစိုးရိမ်ကြပါနဲ့။ ပုံမှန်အတိုင်းလေးပဲ လုပ်စရာရှိတာလုပ်ပါ။ )

စီးပွားရေး လက်ကြီးသမားတွေ သုံးနေတဲ့ လျှို့ဝှက်ဗျူဟာနဲ့ ဝယ်သမျှ ရှုံးမယ့် ယခုကာလအကြောင်း ( အရမ်းလည်း မစိုးရိမ်ကြပါနဲ့။ ပုံမှန်အတိုင်းလေးပဲ လုပ်စရာရှိတာလုပ်ပါ။ )

စီးပွားရေး လက်ကြီးသမားတွေ သုံးနေတဲ့ လျှို့ဝှက်ဗျူဟာနဲ့ ဝယ်သမျှ ရှုံးမယ့် ယခုကာလအကြောင်း ( အရမ်းလည်း မစိုးရိမ်ကြပါနဲ့။ ပုံမှန်အတိုင်းလေးပဲ လုပ်စရာရှိတာလုပ်ပါ။ )

ဒေါ်လာ ဈေးတက်ရင် ဆီဈေးလည်း တက်ပါတယ်။ ဒေါ်လာ ဈေးကျရင် ဆီဈေးလည်း ကျပါတယ်။ ဆီဆိုင်တွေဟာ တက်ရင်တက်ဈေး ကျရင်ကျဈေးနဲ့ ရောင်းနေတဲ့ဆိုင်တွေပါ။ မနေ့ကလို ငွေဈေးငြိမ်တဲ့အချိန်မှာ 92 တလီတာကို ၁၉၉၅ ကျပ်ပါ။ ဒီနေ့လို ဘဏ်ပိတ်ရက် ဒေါ်လာဈေး ကမောက်ကမ ဖြစ်နေတဲ့ရက်မှာ 92 တလီတာကို ၁၉၈၅ ကျပ်ပါ။ ဆီဈေးမတက်ပါဘူး ဒါကတပိုင်းပါ။ နောက်တပိုင်းကတော့ ကျနော်တို့ ဒီနေ့ရွှေဈေးကိုလည်း စောင့်ကြည့်ရပါမယ်။ ရွှေဈေးလည်း ငြိမ်တယ်ဆိုရင်

ဘာမှမစိုးရိမ်ပါနဲ့။ မြန်မာငွေတန်ဘိုးကျဆင်းခြင်းဟာ လူတွေအစိုးရိမ်လွန်ပြီး ဒေါ်လာ ရွှေ မြေ ကားတွေ စွတ်ဝယ်မှသာ ဈေးတွေတက်ပြီး မြန်မာငွေတန်ဘိုး ကျလာတာပါ။ ဒီအချိန်မှာ မလိုအပ်ရင် ဘာမှ မဝယ်ပါနဲ့။ ကိုယ်နားမလည်တဲ့အလုပ်ကိုလည်း ဝင်မလုပ်ပါနဲ့။ ပထမပိုင်းတွေမှာ လူတချို့ဟာ သူတို့နားမလည် မကျွမ်းကျင်တဲ့အလုပ်တွေကို ဝင်လုပ်မိလို့ ပိုက်မိပြီး ရှိတဲ့ပိုက်ဆံ ပရုပ်လုံးလို အငွေ့ပျံသွားတာတွေ အများကြီးပါ။ ခင်ဗျားတို့ သိထားရမှာက စီးပွားရေးသမားတွေဟာ ရွှေဈေး ဒေါ်လာဈေး

ကားဈေး အိမ်ခြံမြေဈေးကို ခုလို ကမောက်ကမဖြစ်ပြီး ဈေးအမြင့်ဆုံးရတဲ့အချိန်တွေမှာ ထုတ်ရောင်းကြ၊ ပြန်ဝယ်၊ ပြန်ရောင်းကြပါတယ်။ နောက်ဆုံး ဝယ်လိုအားမရှိတော့တဲ့ အချိန်ရောက်လာမှ သူတို့ဟာ အထုပ်ပိုက်ပြီး ဈေးကွက်အပြင်စည်းဝိုင်းကို ထွက်သွားကြတာပါ။ ဘယ်စီးပွားရေးသမားမှ ခုလို ဒေါ်လာဈေး ကမောက်ကမ ဖြစ်တဲ့အချိန် ဒေါ်လာ မဝယ်ပါဘူး။ ကျနော်လည်း မဝယ်ပါဘူး။

ဒေါ်လာဆိုတာ ကျနော်တို့လို သွင်းကုန်သမားတွေ အမြဲဝယ်နေရတဲ့ ငွေကြေးတခုပါ။ ကျနော် ဒေါ်လာ ဈေးတက်ရင် မဝယ်ပါဘူး။ ဘာကြောင့် မဝယ်လဲဆိုတော့ အတက်ဈေးနဲ့လိုက်ဝယ်ရင် အဲ့ဒီ ဒေါ်လာဈေး ကျဖို့မရှိတော့သလို ကုန်ပစ္စည်းတွေကိုလည်း ကျနော်တို့ဟာ အတက်ဈေးနဲ့ ရောင်းရပါလိမ့်မယ်။ ဆင်းရဲတဲ့ တိုင်းသူပြည်သားတွေကို ကျနော်တို့ ဘယ်လိုလုပ်ပြီး

အတက်ဈေးနဲ့ ရောင်းလို့ရမလဲ။ အတက်ဈေးနဲ့ ရောင်းမယ်ဆိုရင် လက်တစ်စုပ်စာ လူတစုကိုပဲ ကျနော်တို့ ရောင်းလို့ရမှာပါ။ မြန်မာပြည်သူ သန်း ၅၀ ကျော်ကို ရောင်းချင်ရင် ဒေါ်လာဈေးကျမှ ရောင်းလို့ရမှာ ဖြစ်တာကြောင့် ကျနော်တို့ သွင်းကုန်သမားတွေဟာ ဒေါ်လာဈေး ၃၀၀၀ ကျော်ရင်ကို ဝယ်တာလျော့လိုက်ပါပြီ။ မဖြစ်မနေ လိုအပ်မှသာ ဝယ်ကြပါတယ်။ ဒေါ်လာ ဈေး ၃၀၀၀ အောက်ရောက်တဲ့အချိန်မှာတောင်

လိုအပ်သလောက်ပဲ ဝယ်ပါတယ်။ ဒါကြောင့် ဒေါ်လာ ဆိုတာဟာ သူတက်သွားတိုင်း လိုက်ဝယ်တဲ့သူရှိမှ တက်တဲ့အမျိုးပါ။ ကျနော်တို့ကလည်း သူတက်တိုင်း လိုက်မဝယ်လို့ ဒေါ်လာ ဈေးဟာ ၂၉၀၀ ဝန်းကျင်မှာ ငြိမ်နေတာပါ။ ယခု ငွေဈေးကမောက်ကမ ဖြစ်တဲ့အချိန်မှာ ကျနော်တို့ ဒေါ်လာ မဝယ်ပါဘူး။ ဒါကြောင့် တက်ချင်တိုင်းတက်နေတဲ့ ဒေါ်လာ ဈေးဟာ

များမကြာမီမှာ ပြန်ငြိမ်သွားမှာပါ။ အရမ်းလည်း မစိုးရိမ်ကြပါနဲ့။ ပုံမှန်အတိုင်းလေးပဲ လုပ်စရာရှိတာလုပ်ပါ။ အကိုတယောက် ပြောသလိုပြောရမယ်ဆိုရင် ကျနော်တို့နိုင်ငံဟာ BlackList ထိတာပါ။ Sanction ထိတာ မဟုတ်ပါဘူး။ အားလုံးပဲ နားလည် သဘောပေါက်နိုင်ကြပါစေ။ အားလုံးပဲ ကျန်းမာချမ်းသာကြပါစေ။

crd-(K Thein Swe)

Crd