■စိတ်ကျန်းမာရေးကိုမြင့်တင်ပေးသည့် ပျားတုပ်ခြင်းကုထုံး

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■စိတ်ကျန်းမာရေးကိုမြင့်တင်ပေးသည့် ပျားတုပ်ခြင်းကုထုံး

လူတွေဟာ ကျန်းမာရေးနှင့် ပတ်သက်လာရင် ဘယ်အရာကိုမဆို စူးစမ်းတတ်ကြပါတယ်။တကယ်လို့သင်ဟာ ပျား တစ်ကောင်ကောင်အကိုက်ခံရလောက်တဲ့အထိ ကံမကောင်းရင်တော့ အကိုက်ခံရတာဟာ သေမလောက်နာကျင်မယ်ဆိုတာ သင်သိမှာပါ။ဗီနွန်ပျား ဟာ အင်မတန်မှ ရှုပ်ထွေးတဲ့ အကောင်ပဲဖြစ်ပါတယ်။စိတ်ဝင်စားစရာကောင်းတာကတော့ ပျားတစ်ကောင်ရဲ့သက်တမ်းကို သူ့ရဲ့ ပျားတုပ်အားနှင့်တိုင်းတာပါတယ်။

တော်တော်များများမှာတော့ ပျားတုပ်ခံရတာဟာ နာကျင်ပေမယ့် အရမ်း ပြဿနာမရှိပါဘူး။အကိုက်ခံရတဲ့နေရာမှာပဲ အနည်းငယ် သက်တောင့်သက်သာမရှိမှာပဲဖြစ်ပါတယ်။အခြေအနေတစ်ရပ်ကတော့ တစ်ချို့ ဗီနွန်ပျားတွေဟာ လူအနည်းစုနှင့် ဓာတ်မတည့်တတ်ပါဘူး။ဒါကတော့ လူအချို့အတွက် ပိုမိုဆိုးရွားလာစေနိုင်ပါတယ်။ဒါကြောင့် အေပီကုထုံးနည်းဟာ ဓာတ်မတည့်တတ်တဲ့သူတွေအတွက်တော့ အကြံဆိုးတစ်ခုပါ။ဒါကတော့ ကုထုံးနည်း ဘယ်လိုလုပ်လဲဆိုတာပဲဖြစ်ပါတယ်။

လူတွေမွေးထားတဲ့ပျားတွေဟာ အရသာရှိတဲ့ပျားရည်ပဲထုတ်လုပ်ပေးတာမဟုတ်ပါဘူး။ သူတို့ရဲ့ ပျားတုပ်နည်းဟာ ကုထုံးနည်းမှာ အကျိုးပြုပြန်ကာ နည်းနည်းပဲအကိုက်ခံရရင်တောင်မှ လူတွေရဲ့ကျန်းမာရေးအတွက် အထောက်အကူပြုပေးပါတယ်။အိုမာ အယ်ဘို ဟာဆန် ဆိုတဲ့ ကိုင်ရိုမှ လူတစ်ဦးဟာ ဒီ ကုထုံးနည်းကို အသုံးပြုလာတာ ၅ နှစ်လောက်ကြာပါပြီ။

စစချင်းမှာတော့ သူဟာ အမှတ်တမဲ့ ဒီကုထုံးနည်းကို သူကိုယ်တိုင်စမ်းသပ်ခဲ့ပြီး ပထမဆုံးလူနာ ဖြစ်လာပါတယ်။သူဟာ ပျားတွေနှင့် အသက်မွေးခဲ့ပြီး တစ်ခါတစ်လေမှာလဲ ပျားတုပ်ခံရပါတတ်ကာ အချိန်ကြာလာတဲ့အခါမှာတော့ သူဟာ ဖျားနာခြင်း သိပ်မရှိတော့ပဲ ပိုပြီးတော့ ကျန်းမာ သန်စွမ်းလာတာကို သတိထားမိလာပါတယ်။ဒါကြောင့် ဒီ ပျားတုပ်ခံရခြင်းရဲ့ အကျိုးရလဒ်တွေကို ပြောကြားခဲ့ပြီး နောက်ဆုံးမှာတော့ သူဟာ အေပီကုထုံးနည်း ကို သူ့ရဲ့ အသက်မွေးမှုလုပ်ငန်း အဖြစ်ပြောင်းလဲဖို့ဆုံးဖြတ်ခဲ့ပါတယ်။ပျားကုထုံးပညာရှင်အများစုဟာ ဒီ လုပ်ငန်းစဥ်ဟာ ကြွက်သားနာကျင်ကိုက်ခဲခြင်း၊နှင့် ဦးနှောက်မူမမှန်ခြင်းစတဲ့ ရောဂါများကိုလျော့ကျစေနိုင်တယ်လို့ဆိုကျကာ ဒီကုထုံးနည်းဟာ စိတ်ကျန်းမာရေးကို မြှင့်တင်ပေးတဲ့ ကုထုံးလည်းဖြစ်ပါသည်။

၎င်းဟာ လူရဲ့ ခံနိုင်ရည်အားကိုမြှင့်တင်ပေးတဲ့အတွက် ကောင်းသောစိတ်ခံစားချက်တွေ ဖြစ်ပေါ်စေပြီး စိတ်ကျန်းမာရေးကို မြှင့်တင်ပေးတာပါ။အစပိုင်းမှာတော့ အေပီ ကုထုံးနည်း ဟာ ပျားတုပ်ခံရမှု တစ်ချက်ဖြင့်စတင်ခဲ့ပြီး အများဆုံး ကုသနိုင်တဲ့ အကြိမ်ရေကတော့ ၅ ကြိမ်မှ ၆ ကြိမ်ထိပဲဖြစ်ပါတယ်။ဒီ အရေအတွက်ဟာ တစ်စုံတစ်ယောက်ကို ရုတ်တရက် သက်သာရာ ရသွားစေဖို့အတွက် လုံလောက်ပါတယ်။
Ref:youtube
Trans:thegeektext

zawgyi







Ref:youtube
Trans:thegeektext