စိတ္ေကာက္ၿပီး ညအေမွာင္ထဲ စက္ဘီးစီးထြက္ခဲ့ေသာ ဇနီးျဖစ္သူကို စိတ္ပူ၍ ေနာက္ကေနကားမီးထြန္းကာ လိုက္ေခ်ာ့ခဲ့သည့္ ခင္ပြန္း

စိတ္ေကာက္ၿပီး ညအေမွာင္ထဲ စက္ဘီးစီးထြက္ခဲ့ေသာ ဇနီးျဖစ္သူကို စိတ္ပူ၍ ေနာက္ကေနကားမီးထြန္းကာ လိုက္ေခ်ာ့ခဲ့သည့္ ခင္ပြန္း

အိမ္ေထာင္သည္ဘဝမွာ တစ္ေယာက္နဲ႔တစ္ေယာက္ သေဘာထားခ်င္းကြဲလြဲတာေတြျဖစ္လာသည့္အခါ စကားမ်ားရန္ျဖစ္တာေတြရွိတတ္ၿပီး တစ္ေယာက္နဲ႔တစ္ေယာက္ ခ်စ္ေနေသးပါက ျပန္သင့္ျမတ္ဖို႔ ႀကိဳးစားၾကသည္။

ယခုတြင္လည္း ဗီယက္နမ္ႏိုင္ငံက ခင္ပြန္းတစ္ဦးသည္ ဇနီးျဖစ္သူနဲ႔အထင္လြဲၿပီး စကားေတြမ်ားခဲ့ၾကရာ ဇနီးသည္မွ စိတ္ေကာက္ၿပီး အိမ္ကေန သူမရဲ႕မိဘဆီျပန္မယ္ဆိုၿပီး စက္ဘီးစီးကာ ထြက္သြားခဲ့သည္။

ဇနီးျဖစ္သူ ထြက္သြားခ်ိန္မွာ ညဖက္ေမွာင္ေနၿပီး လမ္းကလူလည္းျပတ္တာေၾကာင့္ ခင္ပြန္းသည္သည္ စိတ္ပူ၍ ေနာက္ကကားေမာင္းၿပီး လိုက္သြားကာ ေမွာင္ေနတဲ့လမ္းတစ္ေလွ်ာက္ မီးထြန္းျပေပးခဲ့သည္။

ဇနီးျဖစ္သူသည္ ကီလိုမီတာ ၂၀ထိ စက္ဘီးစီးေနေသာ္လည္း ေနာက္ကကားမွ မေက်ာ္တက္တာကို သတိထားမိၿပီး ေနာက္ျပန္လွည့္ၾကည့္ခ်ိန္ ခင္ပြန္းသည္ျဖစ္ေနတာေၾကာင့္ သူမအားစိတ္လုံၿခဳံမႈေပး၍ စိတ္ဆိုးေျပေစကာ ခင္ပြန္းနဲ႔အတူ အိမ္သို႔ျပန္လိုက္သြားခဲ့သည္။

Rain (For Ialinks)

Unicode

စိတ်ကောက်ပြီး ညအမှောင်ထဲ စက်ဘီးစီးထွက်ခဲ့သော ဇနီးဖြစ်သူကို စိတ်ပူ၍ နောက်ကနေကားမီးထွန်းကာ လိုက်ချော့ခဲ့သည့် ခင်ပွန်း

အိမ်ထောင်သည်ဘဝမှာ တစ်ယောက်နဲ့တစ်ယောက် သဘောထားချင်းကွဲလွဲတာတွေဖြစ်လာသည့်အခါ စကားများရန်ဖြစ်တာတွေရှိတတ်ပြီး တစ်ယောက်နဲ့တစ်ယောက် ချစ်နေသေးပါက ပြန်သင့်မြတ်ဖို့ ကြိုးစားကြသည်။

ယခုတွင်လည်း ဗီယက်နမ်နိုင်ငံက ခင်ပွန်းတစ်ဦးသည် ဇနီးဖြစ်သူနဲ့အထင်လွဲပြီး စကားတွေများခဲ့ကြရာ ဇနီးသည်မှ စိတ်ကောက်ပြီး အိမ်ကနေ သူမရဲ့မိဘဆီပြန်မယ်ဆိုပြီး စက်ဘီးစီးကာ ထွက်သွားခဲ့သည်။

ဇနီးဖြစ်သူ ထွက်သွားချိန်မှာ ညဖက်မှောင်နေပြီး လမ်းကလူလည်းပြတ်တာကြောင့် ခင်ပွန်းသည်သည် စိတ်ပူ၍ နောက်ကကားမောင်းပြီး လိုက်သွားကာ မှောင်နေတဲ့လမ်းတစ်လျှောက် မီးထွန်းပြပေးခဲ့သည်။

ဇနီးဖြစ်သူသည် ကီလိုမီတာ ၂၀ထိ စက်ဘီးစီးနေသော်လည်း နောက်ကကားမှ မကျော်တက်တာကို သတိထားမိပြီး နောက်ပြန်လှည့်ကြည့်ချိန် ခင်ပွန်းသည်ဖြစ်နေတာကြောင့် သူမအားစိတ်လုံခြုံမှုပေး၍ စိတ်ဆိုးပြေစေကာ ခင်ပွန်းနဲ့အတူ အိမ်သို့ပြန်လိုက်သွားခဲ့သည်။

Rain (For Ialinks)

Crd



Post Views:
10

Crd