စာသင်နေစဥ်ဗိုက်ဆာလို့ဆိုပြီး ကျောင်းသူလေးက လိုင်းပေါ်မှအစားအသောက်မှာယူခဲ့ရာ အစားအသောက်ပို့သူကောင်လေးကလည်း ကောင်မလေးစာသင်နေသည့်အခန်း၏ခုံနားအထိလာပို့ပေးခဲ့ရ

News Social News





Zawgyi

စာသင်နေစဉ်ဗိုက်ဆာလို့ဆိုပြီး ကျောင်းသူလေးက လိုင်းပေါ်မှအစားအသောက်မှာယူခဲ့ရာ အစားအသောက်ပို့သူကောင်လေးကလည်း ကောင်မလေးစာသင်နေသည့်အခန်း၏ခုံနားအထိလာပို့ပေးခဲ့ရ

ကျောင်းတတ်နေသူလူတိုင်းတို့ဟာ အ​​​ခြေခံ ပညာရေးစနစ်နှင့်တက္ကသိုလ်ကောလိပ်တို့၏ အနည်းငယ်ကွာခြားပုံကိုသတိထားမိကြမှာဖြစ်ပါတယ်။တက္ကသိုလ်ကျောင်းများတွင်စည်းကမ်းပိုင်းဆိုင်ရာအချို့ကိုနားလည်ခွင့်လွတ်ပေးထားကြပါတယ်။

ယခုတွင်လည်းတက္ကသိုလ်ကျောင်းသူလေးတစ်ဦးဟာ စာသင်ခန်းထဲ၌စာသင်နေစဉ်အချိန်တွင် ဗိုက်ဆာလို့ဆိုပြီးလိုင်းပေါ်ကနေစားစရာတွေမှာယူခဲ့ပါတယ်။ထို့နောက်တွင်တော့ အစားအသောက်ပို့ဆောင်သည့်foodpandaကောင်လေးကလည်း ကောင်မလေးစာသင်နေသည့်အခန်းထဲထိရောက်လာခဲ့ပြီး စာသင်ကြားနေသည့်ဆရာကို ကောင်မလေး၏နေရာအားမေးမြန်းပြီး ကောင်မလေးထိုင်နေသည့်ထိုင်ခုံနားအထိကိုလာပို့ပေးခဲ့တာဖြစ်ပါတယ်။

ထို့ကြောင့်ပင် စာသင်ခန်းတစ်ခုလုံးကအစားအသောက်လာပို့သည့်ကောင်လေးကိုသဘောကျနေခဲ့ကြပါတယ်။

Crd