အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းမှာ အိုင်အက်စ် စစ်သွေးကြွအဖွဲဝင်တွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့ ဒရုန်းတိုက်ခိုက်မှုကို တာလီဘန်ဘက်က ရှုတ်ချလိုက်ပါတယ်။

ဒါဟာ “အာဖဂန်ပိုင်နက်ကို ထိပါးတိုက်ခိုက်တယ်ဆိုတာ အသိသာချည်းပဲ” လို့ တာလီဘန် ပြောခွင့် ဇာဘီဟူလာ မူဂျာဟစ်က ပြောပါတယ်။

အမေရိကန်ဘက်ကတော့ အာဖဂန် အရှေ့ပိုင်းမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၇ ရက် ညပိုင်းက အမေရိကန် မောင်းသူမဲ့ တိုက်လေယာဉ်နဲ့ ပစ်ခတ်မှုကြောင့် ထိပ်တန်း IS-K ရဲ့ စီမံကိန်း လုပ်ဆောင်သူနဲ့ ပူးပေါင်း လုပ်ဆောင်သူ ခေါင်းဆောင် တဦးတို့ သေဆုံးခဲ့ပြီး အခြား IS-K ခေါင်းဆောင် တဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ပင်တဂွန် ပြောခွင့်ရ ပုဂ္ဂိုလ် ဂျွန်ကာဘီက သြဂုတ်လ ၂၈ ရက်နေ့မှာ သတင်းသမားတွေကို ပြောဆိုလိုက်ပါတယ်။

IS-K ရဲ့ အာဖဂန်နစ္စတန်ပြည်တွင်း ခြိမ်းခြောက်မှုဟာ ဆက်လက် လှုပ်ရှား သက်ဝင်နေဆဲ ဖြစ်ပြီး အခုလို ထိထိရောက်ရောက် နှိမ်နင်းမှုက IS-K ရဲ့ နောက်ပိုင်း လုပ်လာနိုင်တဲ့ တိုက်ခိုက်နိုင်စွမ်းကို သက်ရောက်မှု ရှိမှာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
အမေရိကန်နိုင်ငံဟာ အာဖဂန်နိုင်ငံက သူတို့ရဲ့တပ်ဖွဲ့ဝင်တွေနဲ့တကွ အာဖဂန်အရပ်သားတွေ ထွက်ခွာနိုင်ဖို့ လေယာဉ်တွေနဲ့ သယ်ထုတ်တဲ့ အစီအစဉ်ကို သြဂုတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

ဒါပေမယ့် လောလောဆယ်မှာ လတ်တလော တိုက်ခိုက်ခံထားရတဲ့ ကာဘူးလ် လေဆိပ်မှာ လုံခြုံရေး ခြိမ်းခြောက်မှုတွေ ရှိနေတဲ့အတွက် ကျန်ရှိနေသေးတဲ့ အမေရိကန်နိုင်ငံသားတွေကို လေဆိပ်ကို မလာကြဖို့နဲ့ လေဆိပ် ဂိတ်တွေမှာ စောင့်မနေကြဖို့ အာဖဂန် အမေရိကန်သံရုံးက သတင်းထုတ်ပြန်ထားပါတယ်။
IS-K နဲ့ အာဖဂန် အနေအထားအပေါ် အခြား အနောက်နိုင်ငံတွေက ဘယ်လို တုံ့ပြန်နေသလဲ
ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်ကတော့ အစ္စလာမ္မစ်နိုင်ငံအဖွဲ့ရဲ့ အန္တရာယ်ပေးနိုင်မှု ရှိနေဆဲ ဖြစ်တဲ့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ပေါ့ဆလိုက်လို့ မရဘူးလို့ သြဂုတ်လ ၂၈ ရက်နေ့ အစောပိုင်းမှာပဲ ပြောကြားခဲ့ပါတယ်။
အီရတ်နိုင်ငံကို ရောက်ရှိနေတဲ့ မစ္စတာ မက်ခရွန်က အီရတ်ဝန်ကြီးချုပ် မူစတာဖာ အယ်လ် ခါဒီးမီးကို အခုလို ပြောကြားလိုက်တာ ဖြစ်ပြီး အီရတ်အစိုးရက ဒီအကြမ်းဖက်သမားတွေကို တိုက်ခိုက်ဖို့ကိစ္စကို အဓိကအာရုံထားတယ်ဆိုတာကိုလည်း အသိအမှတ်ပြုကြောင်း မစ္စတာ မက်ခရွန်က ပြောပါတယ်။
တာလီဘန်က အာဖဂန်ကို သိမ်းပိုက်မှု အခြေအနေနဲ့ ပတ်သက်လို့ ယူကေဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နဲ့ ဂျာမနီဝန်ကြီးချုပ် အန်ဂလာ မာကယ်တို့လည်း သြဂုတ်လ ၂၈ ရက်နေ့မှာပဲ ဖုန်းဆက် ဆွေးနွေးခဲ့ကြပါတယ်။

အခုလို ဆွေးနွေးရာမှာ အာဖဂန်မှာ တက်လာမယ့် အစိုးရသစ်နဲ့ ဘယ်လို ဆက်ဆံ ကိုင်တွယ်မလဲ ဆိုတဲ့ လုပ်ငန်းစဉ် အဆင့်ဆင့်ကို ရေးဆွဲဖို့အတွက် စက်မှုထိပ်သီး ၇ နိုင်ငံတို့ ပူးပေါင်းဆောင်ရွက်ကြရေး ပြောဆိုခဲ့ကြတယ်လို့ ယူကေအစိုးရ ပြောရေးဆိုခွင့်ရှိသူက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ယူကေဝန်ကြီးချုပ် မစ္စတာ ဂျွန်ဆင်ဘက်ကတော့ တာလီဘန်တွေဘက်က အာဖဂန်က ထွက်ခွာချင်သူတွေအတွက် လုံခြုံတဲ့ လမ်းကြောင်းဖွင့်ပေးဖို့နဲ့ တာလီဘန်တွေက လူ့အခွင့်အရေး လိုက်နာမှု ရှိဖို့ ဆိုတဲ့ လိုအပ်ချက်တွေ ပြည့်စုံမှသာလျှင် တာလီဘန်တွေကို အာဖဂန်အစိုးရအဖြစ်နဲ့ အသိအမှတ်ပြုတာနဲ့ ဆက်ဆံတာတွေ လုပ်သင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။
တာလီဘန်တွေဟာ အမေရိကန်တွေနဲ့လည်း ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်နေရာမှာ ပြည်ပ ထွက်ခွာချင်သူတွေနဲ့ ပြည်တွင်းကို ဝင်လာသူတွေကို ပိတ်ပင်မှုမရှိဘဲ တရားဝင် စာရွက်စာတမ်းတွေ ပြနိုင်တယ်ဆိုရင် အဝင်အထွက်လုပ်နိုင်အောင် နယ်စပ်ကို ဖွင့်ထားမှာဖြစ်တယ်လို့ တာလီဘန်ဘက်က ပြောပါတယ်။
ယူကေနိုင်ငံက အာဖဂန်နစ္စတန်က ထွက်ခွာချင်သူ အရပ်သားတွေကို လေယာဉ်နဲ့ ပို့ဆောင်ပေးမှုကို သြဂုတ်လ ၂၈ ရက်နေ့မှာ ရပ်ဆိုင်းလိုက်ပြီဖြစ်ပြီး နောက်ပိုင်း အဲဒီက ထွက်ခွာလာမယ့် ယူကေလေယာဉ်တွေမှာ ယူကေ သံတမန်ဝန်ထမ်းတွေနဲ့ ယူကေတပ်ဖွဲ့ဝင်တွေသာ ပါဝင်တော့မယ်လို့ ယူကေ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
BBC
zawgyi
အာဖဂန္နစၥတန္နိုင္ငံ အေရွ႕ပိုင္းမွာ အိုင္အက္စ္ စစ္ေသြးႂကြအဖြဲဝင္ေတြကို ပစ္မွတ္ထားတိုက္ခိုက္ခဲ့တဲ့ အေမရိကန္ရဲ့ ဒ႐ုန္းတိုက္ခိုက္မႈကို တာလီဘန္ဘက္က ရႈတ္ခ်လိုက္ပါတယ္။
ဒါဟာ “အာဖဂန္ပိုင္နက္ကို ထိပါးတိုက္ခိုက္တယ္ဆိုတာ အသိသာခ်ည္းပဲ” လို႔ တာလီဘန္ ေျပာခြင့္ ဇာဘီဟူလာ မူဂ်ာဟစ္က ေျပာပါတယ္။
အေမရိကန္ဘက္ကေတာ့ အာဖဂန္ အေရွ႕ပိုင္းမွာ ၿပီးခဲ့တဲ့ ၾသဂုတ္လ ၂၇ ရက္ ညပိုင္းက အေမရိကန္ ေမာင္းသူမဲ့ တိုက္ေလယာဥ္နဲ႔ ပစ္ခတ္မႈေၾကာင့္ ထိပ္တန္း IS-K ရဲ့ စီမံကိန္း လုပ္ေဆာင္သူနဲ႔ ပူးေပါင္း လုပ္ေဆာင္သူ ေခါင္းေဆာင္ တဦးတို႔ ေသဆုံးခဲ့ၿပီး အျခား IS-K ေခါင္းေဆာင္ တဦးလည္း ဒဏ္ရာရခဲ့တယ္လို႔ ပင္တဂြန္ ေျပာခြင့္ရ ပုဂၢိဳလ္ ဂၽြန္ကာဘီက ၾသဂုတ္လ ၂၈ ရက္ေန႔မွာ သတင္းသမားေတြကို ေျပာဆိုလိုက္ပါတယ္။
IS-K ရဲ့ အာဖဂန္နစၥတန္ျပည္တြင္း ၿခိမ္းေျခာက္မႈဟာ ဆက္လက္ လႈပ္ရွား သက္ဝင္ေနဆဲ ျဖစ္ၿပီး အခုလို ထိထိေရာက္ေရာက္ ႏွိမ္နင္းမႈက IS-K ရဲ့ ေနာက္ပိုင္း လုပ္လာနိုင္တဲ့ တိုက္ခိုက္နိုင္စြမ္းကို သက္ေရာက္မႈ ရွိမွာ ျဖစ္တယ္လို႔လည္း သူက ဆိုပါတယ္။
အေမရိကန္နိုင္ငံဟာ အာဖဂန္နိုင္ငံက သူတို႔ရဲ့တပ္ဖြဲ႕ဝင္ေတြနဲ႔တကြ အာဖဂန္အရပ္သားေတြ ထြက္ခြာနိုင္ဖို႔ ေလယာဥ္ေတြနဲ႔ သယ္ထုတ္တဲ့ အစီအစဥ္ကို ၾသဂုတ္လ ၃၁ ရက္ေန႔ ေနာက္ဆုံးထားၿပီး ဆက္လက္ လုပ္ေဆာင္ေနဆဲ ျဖစ္ပါတယ္။
ဒါေပမယ့္ ေလာေလာဆယ္မွာ လတ္တေလာ တိုက္ခိုက္ခံထားရတဲ့ ကာဘူးလ္ ေလဆိပ္မွာ လုံျခဳံေရး ၿခိမ္းေျခာက္မႈေတြ ရွိေနတဲ့အတြက္ က်န္ရွိေနေသးတဲ့ အေမရိကန္နိုင္ငံသားေတြကို ေလဆိပ္ကို မလာၾကဖို႔နဲ႔ ေလဆိပ္ ဂိတ္ေတြမွာ ေစာင့္မေနၾကဖို႔ အာဖဂန္ အေမရိကန္သံ႐ုံးက သတင္းထုတ္ျပန္ထားပါတယ္။
IS-K နဲ႔ အာဖဂန္ အေနအထားအေပၚ အျခား အေနာက္နိုင္ငံေတြက ဘယ္လို တုံ႔ျပန္ေနသလဲ
ျပင္သစ္သမၼတ အီမန္န်ဴရယ္ မက္ခရြန္ကေတာ့ အစၥလာမၼစ္နိုင္ငံအဖြဲ႕ရဲ့ အႏၲရာယ္ေပးနိုင္မႈ ရွိေနဆဲ ျဖစ္တဲ့အတြက္ နိုင္ငံတကာ အသိုင္းအဝိုင္းအေနနဲ႔ ေပါ့ဆလိုက္လို႔ မရဘူးလို႔ ၾသဂုတ္လ ၂၈ ရက္ေန႔ အေစာပိုင္းမွာပဲ ေျပာၾကားခဲ့ပါတယ္။
အီရတ္နိုင္ငံကို ေရာက္ရွိေနတဲ့ မစၥတာ မက္ခရြန္က အီရတ္ဝန္ႀကီးခ်ဳပ္ မူစတာဖာ အယ္လ္ ခါဒီးမီးကို အခုလို ေျပာၾကားလိုက္တာ ျဖစ္ၿပီး အီရတ္အစိုးရက ဒီအၾကမ္းဖက္သမားေတြကို တိုက္ခိုက္ဖို႔ကိစၥကို အဓိကအာ႐ုံထားတယ္ဆိုတာကိုလည္း အသိအမွတ္ျပဳေၾကာင္း မစၥတာ မက္ခရြန္က ေျပာပါတယ္။
တာလီဘန္က အာဖဂန္ကို သိမ္းပိုက္မႈ အေျခအေနနဲ႔ ပတ္သက္လို႔ ယူေကဝန္ႀကီးခ်ဳပ္ ေဘာရစ္ဂၽြန္ဆင္နဲ႔ ဂ်ာမနီဝန္ႀကီးခ်ဳပ္ အန္ဂလာ မာကယ္တို႔လည္း ၾသဂုတ္လ ၂၈ ရက္ေန႔မွာပဲ ဖုန္းဆက္ ေဆြးေႏြးခဲ့ၾကပါတယ္။
အခုလို ေဆြးေႏြးရာမွာ အာဖဂန္မွာ တက္လာမယ့္ အစိုးရသစ္နဲ႔ ဘယ္လို ဆက္ဆံ ကိုင္တြယ္မလဲ ဆိုတဲ့ လုပ္ငန္းစဥ္ အဆင့္ဆင့္ကို ေရးဆြဲဖို႔အတြက္ စက္မႈထိပ္သီး ၇ နိုင္ငံတို႔ ပူးေပါင္းေဆာင္ရြက္ၾကေရး ေျပာဆိုခဲ့ၾကတယ္လို႔ ယူေကအစိုးရ ေျပာေရးဆိုခြင့္ရွိသူက သတင္းထုတ္ျပန္ခဲ့ပါတယ္။
ယူေကဝန္ႀကီးခ်ဳပ္ မစၥတာ ဂၽြန္ဆင္ဘက္ကေတာ့ တာလီဘန္ေတြဘက္က အာဖဂန္က ထြက္ခြာခ်င္သူေတြအတြက္ လုံျခဳံတဲ့ လမ္းေၾကာင္းဖြင့္ေပးဖို႔နဲ႔ တာလီဘန္ေတြက လူ႔အခြင့္အေရး လိုက္နာမႈ ရွိဖို႔ ဆိုတဲ့ လိုအပ္ခ်က္ေတြ ျပည့္စုံမွသာလၽွင္ တာလီဘန္ေတြကို အာဖဂန္အစိုးရအျဖစ္နဲ႔ အသိအမွတ္ျပဳတာနဲ႔ ဆက္ဆံတာေတြ လုပ္သင့္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။
တာလီဘန္ေတြဟာ အေမရိကန္ေတြနဲ႔လည္း ၿငိမ္းခ်မ္းေရး ညႇိႏွိုင္းေဆြးေႏြးမႈေတြ လုပ္ေနရာမွာ ျပည္ပ ထြက္ခြာခ်င္သူေတြနဲ႔ ျပည္တြင္းကို ဝင္လာသူေတြကို ပိတ္ပင္မႈမရွိဘဲ တရားဝင္ စာရြက္စာတမ္းေတြ ျပနိုင္တယ္ဆိုရင္ အဝင္အထြက္လုပ္နိုင္ေအာင္ နယ္စပ္ကို ဖြင့္ထားမွာျဖစ္တယ္လို႔ တာလီဘန္ဘက္က ေျပာပါတယ္။
ယူေကနိုင္ငံက အာဖဂန္နစၥတန္က ထြက္ခြာခ်င္သူ အရပ္သားေတြကို ေလယာဥ္နဲ႔ ပို႔ေဆာင္ေပးမႈကို ၾသဂုတ္လ ၂၈ ရက္ေန႔မွာ ရပ္ဆိုင္းလိုက္ၿပီျဖစ္ၿပီး ေနာက္ပိုင္း အဲဒီက ထြက္ခြာလာမယ့္ ယူေကေလယာဥ္ေတြမွာ ယူေက သံတမန္ဝန္ထမ္းေတြနဲ႔ ယူေကတပ္ဖြဲ႕ဝင္ေတြသာ ပါဝင္ေတာ့မယ္လို႔ ယူေက ကာကြယ္ေရးဝန္ႀကီးဌာနက ေျပာပါတယ္။
BBC