“စာမကျက်ချင်လို့ ကျောင်းထွက်ပြီး တစ်တော့ဆော့ချင်သည့် သမီးဖြစ်သူကို အလုပ်လုပ်နေသည့် ဆောက်လုပ်ရေးလုပ်ငန်းသို့ခေါ်သွားကာ ဘိလပ်မြေအိတ်ထမ်းခိုင်းခဲ့သည့် ဖခင်”

Unicode
ဘဝအတွက် ပညာသည်အလွန်အရေးပါသောကြောင့် မိဘတိုင်းက သားသမီးတို့ကို အပင်ပန်းခံပြီး ကျောင်းထားပေးခဲ့ကြပါတယ်။အချို့သောသားသမီးများက ပညာကိုမသင်ကြားလိုသော်လည်း မိဘများက နည်းလမ်းအမျိုးမျိုးသုံးကာ ပညာကို ဆက်လတ်သင်ကြားစေတတ်ကြပါတယ်။
ယခုတွင်လည်း မက္ကဆီကိုနိုင်ငံတွင် အလယ်တန်းကျောင်းသူအရွယ်သမီးလေးက စာမကျက်ချင်တော့ဘဲ ကျောင်းထွက်တော့မည့်အကြောင်းဖခင်ကို ပြောလာခဲ့ပါတယ်။
ကျောင်းထွက်ပြီးလျှင် တစ်တော့ဆော့ကာ အောင်မြင်မည့်လူတစ်ယောက်ဖြစ်အောင်သာ ကြိုးစားချင်ကြောင်း ဆိုလာခဲ့ပါတယ်။
ထို့ကြောင့် ဖခင်ဖြစ်သူက သူအလုပ်လုပ်နေသည့် ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ခေါ်ဆောင်သွားကာ ဘိလပ်မြေအိတ်တွေကို ထမ်းခိုင်းခဲ့ပြီး ငွေရှာရန်အတွက် နေရာတိုင်းတွင် ပင်ပန်းလှသည့် ပေးဆပ်မှုတွေရှိကြောင်းကို သင်ကြားပေးခဲ့ပါတယ်။
Shoon (Cele Daily)
Crd
Zawgyi
Shoon (Cele Daily)
Crd
Crd