■စစ်အေးတိုက်ပွဲအတွင်း FBIရဲ့ခြိမ်းခြောက်မှုမှာပါဝင်ခဲ့တဲ့နာမည်ကျော်များ

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■စစ်အေးတိုက်ပွဲအတွင်း FBIရဲ့ခြိမ်းခြောက်မှုမှာပါဝင်ခဲ့တဲ့နာမည်ကျော်များ

ပရိတ်သတ်ကြီးရေ…စစ်အေးတိုက်ပွဲအစပိုင်းမှာ ဟောလိဝုဒ်စတူယိုကိုပိတ်ခိုင်းခဲ့ပါတယ်။အဲဒီအပိုင်းနဲ့ပတ်သက်ပြီးလုပ်နေကြတဲ့သူတွေဟာ ကွန်မြူနစ်ပါတီကိုယုံကြည်ပြီး ပါတီရဲ့လက်အောက်ကိုဝင်ခဲ့ကြတော့တာပါဘဲ။ဒါကြောင့် ရလဒ်အနေနဲ့စတူဒီယိုရဲ့သတ်မှတ်ထားတဲ့စံနှုန်းအရ နာမည်ပျက်စာရင်းဝင် မီဒီယာသမားတွေကိုအလုပ်ခန့်ဖို့အရည်အချင်းမမှီဖူးလို့သတ်မှတ်ထားခဲ့ပါတယ်။

ဒီအဖြစ်အပျက်ဟာ(၁၉၆၀)ထိကြာခဲ့တာပေါ့။အဲဒီခေတ်က အက်ဖ်ဘီအိုင်ရဲ့ ခြိမ်းခြောက်မှုမှာပါဝင်ခဲ့တဲ့နာမည်ကျော်တွေကတော့ ချာလီချပ်ပလင်(Charlie Chaplin)၊အော်ဆင်ဝဲလ်(Orson Wells)၊လီနာ ဟွန်း(Lena Horne)တို့နှင့် ဒိုရိုတီပါကာ(Dorothy Parker)တို့ဘဲဖြစ်ကြပါတယ်။ ဇာတ်ညွှန်းရေးဆရာ ဒေလ်တန်ထရမ်ဘို(Dalton Trombo)ဟာ ဘရီယန်ကရင်စတန်(Brian Caranston)ရဲ့ (၂၀၁၅)ခုနှစ်အကယ်ဒမီဆုပေးပွဲမှာ ရှိသမျှခေါင်းလောင်းတွေကို လိုက်တီးခဲ့ပါသတဲ့။

အဲ့ဒီအချိန်ကစပြီးတော့ထရမ်ဘို(Trombo)အပါအဝင် အပေါင်းအပါ(၉)ဦးဟာ ဟောလိဝုဒ်(၁၀)လို့ခေါ်တဲ့ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ပထမဆုံးအဖွဲ့ဝင်တွေအဖြစ်သိလာခဲ့ပြီး (၁၉၄၇)ခုနှစ်မှာတော့ စစ်ဆင်ရေးရုံးနဲ့အထူးကိုယ်စားလှယ်ကြီးတွေပူးပေါင်းဖွဲ့စည်းထားတဲ့
အမေရိကန်အမှုဆောင်ကော်မတီကနေ လူသိရှင်ကြားစွပ်စွဲရှုတ်ချခြင်းကိုခံခဲ့ရပါတော့တယ်။

တခြားဇာက်ရုံတော်တော်များများလိုဘဲ ထင်ရှားကျော်ကြားတဲ့ဇာတ်ညွှန်းရေးဆရာတွေဒါရိုက်တာတွေဖြစ်ကြတဲ့
အက်ဒ်ဝတ်ဒီမက်ထရစ်(Edward Demetric)၊ရင်းလဒ်နာဂျာ(Ring Lardner Jr)နဲ့ဟိုးဝတ်ဒ်လောတန်(Howard Lawton)တို့ဟာ ထောင်ချဖို့အပြောခံကြရပါတယ်။ဒါပေမဲ့ ကျွန်မအထင်ကတော့သူတို့မှာသူတို့ကိုစွပ်စွဲတဲ့သူတွေကိုပြန်လည်ချေပဖို့ သတ္တိတွေရှိနေတာပါဘဲ။
Ref:youtube
Trans:thegeektext

zawgyi






Ref:youtube
Trans:thegeektext