TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■စစ်အေးတိုက်ပွဲအတွင်း ဆိုဗီယက်ပြည်ထောင်စုကိုထောက်လှမ်းဖို့အသုံးပြုခဲ့သော မိုးပျံပူဖောင်းများ

ကြီးမားတဲ့မိုးပျံပူဖောင်းကြီးတွေကို ဆိုဗီယက်ပြည်ထောင်စုကြီးထောက်လှမ်းဖို့အတွက်(၁၉၅၀)ခုနှစ်အတွင်းအမေရိကန်စစ်တပ်နဲ့ထောက်လှမ်းရေးအဖွဲ့ (CIA)က သူတို့စိတ်ထဲအကြံကောင်းပေါ်လာတဲ့အခါ အသုံးပြုလေ့ရှိကြပါတယ်။ပရိတ်သတ်ကြီးလည်းမြင်တဲ့အတိုင်းတဖက်နဲ့တစ်ဖက်ထောက်လှမ်းကြတာဟာအမေရိကန်နဲ့ဆိုဗီယက်နိုင်ငံ(၂)နိုင်ငံလုံးအတွက်စစ်အေးတိုက်ပွဲအတွင်းမှာအရမ်းကိုအရေးကြီးတဲ့အချက်ဖြစ်ခဲ့တယ်ဆိုရင်လည်းမမှားပါဖူးရှင်။

သူတို့တွေဟာရန်သူတွေအံ့ဩသွားအောင် မထင်မှတ်ထားတဲ့အကြံတွေထုတ်သုံးကြမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ အမေရိကန်က မတတ်သာတဲ့အဆုံးမှာ မိုးပျံပူဖောင်းတွေသုံးပြီးရေဒါစနစ်နဲ့သူတို့ကိုအတတ်နိုင်ဆုံးမမြင်နိုင်အောင်လုပ်လေ့ရှိကြပါတယ် အမြင့်ပေငါးသောင်းငါးထောင်မြင့်တဲ့နေရာကိုအရှိန်နဲ့ဖြေးဖြေးမှန်မှန်မောင်းနေတဲ့ခရီးဟာကောင်းတစ်ချက်မကောင်းတချက်ဖြစ်နေချိန်မှာတောင်မှပါ။

ခုလိုလုပ်ရတာကသိရသလောက်က ရုရှားကတိုက်ခိုက်ရေးသမားတွေမရောက်နိုင်အောင်လို့ပဲဖြစ်ပါတယ်။
အဲ့ဒါကို ယေဘုယျစီမံကိန်းလို့ခုထိခေါ်နေရတဲ့အကြောင်းကတော့ သူ့ရဲ့ခရီးလမ်းတစ်လျောက်မှာ အတားအဆီးတစ်ခုမကရင်ဆိုင်နေရလို့ဖြစ်ပါမယ်။

တချို့သောမိုးပျံပူဖောင်းတွေကတော့ နယ်နိမိတ်ကိုတောင်ဖြတ်ပြီးတော့ရောက်သွားနိုင်ခဲ့ကြပါသေးတယ်။လွတ်တင်ခဲ့တဲ့မိုးပျံပူဖောင်း(၅၀၀)ထဲမှာ(၄၀)လောက်ကအသုံးဝင်တဲ့ဓာတ်ပုံတွေကိုပြန်ယူလာနိုင်ခဲ့ကြတာပေါ့။နိုင်ငံရဲ့အကျယ်ဖြစ်တဲ့စတုရန်းမိုင်ပေါင်း ၁.၄သန်းထဲမှာမှ (၈)ရာခိုင်နှုန်းလောက်ကိုဓာတ်ပုံရိုက်ပြီးမှတ်တမ်းတင်လာနိုင်ခဲ့ပါတယ်။ဟုတ်တာပေါ့ရှင်..ဒါတောင်တကယ့်အောင်မြင်မှုအစစ်မဟုတ်သေးပါဖူး။

ဒါကြောင့်မို့သမ္မတကြီး Eisenhower (အိုင်ဇင်ဟောင်ဝါ)ဟာ အခုစီမံကိန်းကိုပစ်ပြီး ပိုမိုစိတ်ချရတဲ့ ရှာဖွေမှုလုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။
Ref:youtube
Trans:thegeektext
zawgyi
Ref:youtube
Trans:thegeektext