စစ်ရေးအရ ဗျူဟာကျကျတည်ဆောက်ထားတဲ့ မြန်မာတို့၏ ကွေ့ချောင်းခံတပ်ကြီး အကြောင်း

စစ်ရေးအရ ဗျူဟာကျကျတည်ဆောက်ထားတဲ့ မြန်မာတို့၏ ကွေ့ချောင်းခံတပ်ကြီး အကြောင်း

အောက်တွင် Unicode ဖြင့်ဖတ်နိုင်ပါသည်။

ျမန္မာသကၠရာဇ္ ၁၂၂၂ ခုႏွစ္၊ ခရစ္ႏွစ္ ၁၈၆၀ ခုႏွစ္မွာ စတင္တည္ေဆာက္ခဲ့တဲ့ ဒီခံတပ္ႀကီးဟာ သုံးႏွစ္ ေလာက္ၾကာေအာင္ တည္ေဆာက္ခဲ့ရပါတယ္။

ေကြ႕ေခ်ာင္းခံတပ္ႀကီးရဲ႕ တည္ေနရာကေတာ့ မေကြးၿမိဳ႕မွ ၁၂ မိုင္ခန႔္အကြာမွာ တည္ရွိသလို ဧရာဝတီျမစ္ႀကီး၏ အေရွ႕ဘက္ကမ္းမွာ တည္ရွိပါတယ္။

ေကြ႕ေခ်ာင္းခံတပ္လို႔အမည္ရွိၿပီး ဧရာဝတီျမစ္အေကြ႕တစ္ခုကေန ေကြ႕ဝင္လာရင္ ဒီခံတပ္ႀကီးကို ႐ုတ္တရက္ ဘြားကနဲ ထိပ္တိုက္ေတြ႕ၾကရမွာျဖစ္ပါတယ္။

ဒီလိုေနရာကို ျမန္မာဘုရင္ေတြဗ်ဴဟာက်က် ေ႐ြးခ်ယ္ထားခဲ့ပုံလည္းရပါတယ္။ တကယ္လည္းဗ်ဴဟာက်ခဲ့လို႔ အႀကိမ္ေပါင္းမ်ားစြာ

အဂၤလိပ္ရဲ႕ ေရတပ္သေဘၤာေတြ ဒီေနရာကေန အဂၤလိပ္ျမန္မာစစ္ပြဲတိုင္း ေက်ာ္ျဖတ္ဖို႔ ခက္ခဲခဲ့ေၾကာင္း စာေပမွတ္တမ္းမ်ားမွာ ေတြ႕ရွိရပါတယ္။

ဒီခံတပ္ကို ေက်ာ္ျဖတ္ႏိုင္ခဲ့တာေတာင္ ဒီေနရာနဲ႔ ဓားလြယ္ခုတ္ ဧရာဝတီျမစ္ရဲ႕အေနာက္ဖက္ကမ္းမွာ မင္းလွ ခံတပ္က စီးႀကိဳေနမွာျဖစ္ပါတယ္

မင္းလွခံတပ္က ယခုေကြ႕ေခ်ာင္းခံတပ္ေလာက္ေတာ့မႀကီးပါဘူး ဗ်ဴဟာအရ ဒီခံတပ္ကေန လြတ္ထြက္သြားတဲ့ ရန္သူ႔သေဘၤာေတြကို မင္းလွခံတပ္က နစ္ျမဳပ္ပစ္မွာျဖစ္ပါတယ္။

ေကြ႕ေခ်ာင္းခံတပ္ႀကီးကေတာ့ အေတာ္ေလးႀကီးမားတဲ့အတြက္ စတင္တည္ေဆာက္တဲ့အခါ မင္းလွခံတပ္ထက္ တစ္ႏွစ္ေစာၿပီးတည္ေဆာက္ခဲ့တယ္လို႔သိရပါတယ္။

ဖြဲ႕စည္းပုံအရ ေကြ႕ေခ်ာင္းခံတပ္ႀကီးဟာ ရာနဲ႔ခ်ီတဲ့ စစ္ဗိုလ္စစ္သားေတြ ေနခဲ့ပုံရၿပီး ရာထူးႀကီးႀကီး ဗိုလ္ခ်ဳပ္အဆင့္ေလာက္ကအုပ္ခ်ဳပ္ခဲ့မယ္ထင္ပါတယ္၊

ဘာျဖစ္ လို႔လည္းဆိုရင္ ေကြ႕ေခ်ာင္းခံတပ္ႀကီးမွာ တိုက္ဆင္ေတြထားတဲ့ေနရာကို ယေန႔ေခတ္ လႈိဏ္ေခါင္းေဖာက္ထား သလို တည္ေဆာက္ထားၿပီး

ဆင္အေကာင္ေရအေတာ္မ်ားမ်ားဒီအတြင္းမွာ ထည့္ထားႏိုင္ေအာင္စီစဥ္ထားပုံက တပ္မႀကီးတစ္ခုအသြင္ အဆင္အရင္ရွိေနလို႔ပါပဲ။

ဆင္ေတြအတြက္ ထားသိုတဲ့ေနရာမွာ လႈိက္ဏ္ေပါက္ရဲ႕မ်က္ႏွာက်က္တိုင္းမွာ အလင္းေပါက္ေတြ ေဖါက္လုပ္ ထားၿပီး ေလဝင္ေလထြက္ေကာင္းေအာင္လည္းစီစဥ္ထားေၾကာင္းေတြ႕ရပါတယ္။

ထူးျခားတဲ့အေနနဲ႔ ဆင္ေတြထားသိုတဲ့ လႈိဏ္အတြင္းဘက္နံရံအတြင္ ဝင္ေပါက္ တစ္ေပါက္ေတြ႕ရွိရပါတယ္၊

ဒီဝင္ေပါက္က ေနအတြင္းကို ၁၅ေပေလာက္ဝင္ေရာက္ၿပီးရင္ ေမွာင္ေမွာင္မဲေနတဲ့အခန္းက်ယ္တစ္ခုဆီ ေရာက္ပါလိမ့္မယ္၊

အဲ့ဒီအခန္းက်ယ္ရဲ႕အျပင္ဘက္မွာလည္း လူတစ္ေယာက္လမ္းေလ်ာက္ႏိုင္ေအာင္ပါတ္လမ္း တစ္ခုကို ထည့္သြင္းတည္ေဆာက္ထားပုံက အေတာ္ေလး အစီစဥ္က်လွပါတယ္၊

ဒီအခန္းအက်ယ္ဟာ ပ်မ္းမွ် ၂၅ ေပပတ္လည္ေလာက္ရွိၿပီး တံခါးပိတ္ဖို႔ နံရံမွာ သံကြင္းေတြယခုထိရွိေနပါေသးတယ္။ အေတာ္ေလးလႈိ႕လႈိ႕ ဝွက္ဝွက္လုပ္ထားလို႔ ေမးၾကည့္တဲ့အခါ ယမ္းတိုက္လို႔သိရပါတယ္။

ဒီေဒသဟာ ေႏြဆို ရာသီဥတုကသိပ္ကိုပူျပင္းတတ္လို႔ ဒီလို လက္နက္ခဲယမ္းသိမ္းဖို႔ေနရာကို အပူအေအး ထိန္းႏိုင္တဲ့ ပုံစံနဲ႔တည္ေဆာက္ထားခဲ့သလားလို႔လည္းေတြးမိပါတယ္

ေရွးေခတ္က အေျမာက္ပစ္တဲ့အခါ ယမ္းမႈန႔္ေထာင္းၾကရတယ္မဟုတ္လား

ဒါေၾကာင့္ ယမ္းေတြသိုေလွာင္ဖို႔ ပူတဲ့ေဒသမွာ ေအးတဲ့ေနရာ ဖန္တီးယူရၿပီး လုံၿခဳံေရးရႈေတာင့္အတြက္လည္း ျပည့္စုံရေအာင္စီစဥ္ခဲ့ၾကပုံရပါတယ္။

ဒီလိုယမ္းတိုက္အခန္းမ်ိဳး ႏွစ္ေနရာေတြ႕ရၿပီး အခန္းတည္ေဆာက္ပုံက တူညီေပမယ့္ထားတဲ့တည္ေနရာ ေတြမတူပါဘူး ေနာက္တစ္ေနရာက ပိုလို႔ေတာင္လႈိ႕ဝွက္ပါေသးတယ္။

ဒီေနရာကေတာ့ အရာရွိနဲ႔စစ္သည္မ်ားေနတဲ့ ႐ုံးခန္းနဲ႔ အခန္းေတြ ၊အစည္းေဝးခန္းလိုခန္းမေတြကို အေကြ႕ အေကာက္ ျဖတ္သန္းၿပီးေနာက္ ေျမအနိမ့္ဖက္ ေခ်ာင္က်က်ေမွာင္ေမွာင္မဲမဲ

အခန္းက်ယ္တစ္ခုျဖစ္ပါတယ္၊ စဥ္းစားၾကည့္ရင္ဒီအခန္းေရာက္ဖို႔ရာ အခန္းေတြအေတာ္ျဖတ္သန္းၿပီးမွေရာက္ႏိုင္လို႔ လုံၿခဳံေရးပိုျမင့္ထားတဲ့ အသြင္ရွိပါတယ္။

အရာရွိႀကီးအခန္းလို႔ ေျပာတဲ့အခါ တံခါးေပါက္နဲ႔တည့္တည့္မွာ ႐ုံးခန္းရွိၿပီး အေပါက္ဝကိုအရာရွိႀကီးအခန္းကေန ဘယ္သူဝင္လာတယ္ဆိုတာကို ျမင္ႏိုင္ေအာင္

အခန္းကန႔္ထားတဲ့နံရံေနရာမွာ တစ္ေပနီးပါးရွိတဲ့အေပါက္အဝိုင္း ႀကီးကို ေဖါက္ထားပါေသးတယ္၊ အရာရွိႀကီးအခန္းကေတာ့ အလုံပိတ္ျဖစ္ၿပီး

သူ႔အခန္းကေန ေနာက္တစ္ခန္းကို ကူးလို႔မရပါဘူး ဝင္လာတဲ့လမ္းအတိုင္းပဲျပန္ထြက္ ႐ုံးခန္းေရာက္ ႐ုံးခန္းကေန အေပါက္အတိုင္းျပန္ထြက္မွ ေနာက္တစ္ခန္းကိုကူးႏိုင္ပါတယ္။

ေကြ႕ေခ်ာင္းခံတပ္ႀကီးက သုံးထပ္သေဘာမ်ိဳးတည္ေဆာက္ထားၿပီး ဧရာဝတီျမစ္ဘက္အျခမ္းမွာ အေျမာက္ေတြ ခ်ပစ္တဲ့ ပစ္စင္ကြန္ကရစ္ခုံႀကီးေတြ ေတြ႕ရပါတယ္။

အဲ့ဒီပစ္စင္ရဲ႕အေနာက္ဘက္ အေပၚပိုင္းမွာ အမိန႔္ေပးတဲ့ အရာရွိတက္ေနရာယူဖို႔ စင္ျမင့္သေဘာမ်ိဳး ပႏၷက္အုတ္ခုံတစ္ခုကိုေတြ႕ရတယ္

ယခုေတာ့အပင္ႀကီးတစ္ပင္က အရိပ္ေကာင္းေကာင္းနဲ႔ေပါက္ေနၿပီး အပင္ေအာက္မွာ ခံတပ္ႀကီးကိုလာေရာက္ေလ့လာၾကသူေတြ နားေနၾက တာေတြ႕ရပါတယ္။

ဒီေနရာကေနဆင္းလိုက္ရင္ ခံတပ္ရဲ႕ အျမင့္ဆုံးအပိုင္း ေျမကြက္လပ္ကြင္းျပင္ကိုေတြ႕ရၿပီး ေဒသခံေတြကေတာ့ ဒီေနရာက စစ္ျမဴတဲ့ေနရာလို႔ေျပာၾကပါတယ္၊

ျဖစ္ႏိုင္ေျခကေတာ့ ဒီေနရာက ခံတပ္ႀကီးရဲ႕အေပၚဆုံးအပိုင္း ေအာက္မွာတည္ေဆာက္ထားတာေတြကို သဘာဝေျမကုန္းပုံစံေဖာ္ေဆာင္ထားၿပီး

စစ္ေရးျပရာကြင္းျပင္၊ စစ္သားေတြ တန္းစီ၊ လူစစ္၊ အမိန႔္ၫႊန္ၾကားစသျဖင့္ျပဳလုပ္ရတဲ့ေနရာျဖစ္မယ္လို႔ယူဆပါတယ္။

ဒီေနရာကိုေရာက္ဖို႔ ခံတပ္ႀကီးရဲ႕ ေအာက္ဆုံးထပ္ကေန တစ္ဖက္တစ္ခ်က္မွာ အုတ္ေလွခါးေတြကို အတက္ရမ ခက္ေအာင္ခပ္ေျပေျပတည္ေဆာက္ထားပါတယ္

ဒီအုတ္ေလွခါးေတြခပ္ေျပေျပတည္ေဆာက္မွ ယမ္းတိုက္က ေန ဒုတိယဆင့္အေျမာက္ပစ္စင္ေပၚကို ခဲယမ္းမီးေက်ာက္သယ္ဖို႔ရာ လြယ္ကူမယ္လို႔ထင္ပါတယ္။

အေပၚကိုတက္ေရာက္တဲ့ ေလွခါးေတြဟာ ခံတပ္ရဲ႕ ေအာက္ဆုံးအေဆာက္အုံအခန္းဖြဲ႕ပႏၷက္မ်ားနဲ႔ အၿပိဳင္ ေတြ႕ရၿပီး အခန္းဖြဲ႕အုတ္နံရံတိုင္းမွာ သစ္သားထိုးတန္းမ်ားအတြက္ အေပါက္ႀကီးေတြေဖါက္လုပ္ထားပါတယ္

ဒီထိုးတန္းအေပါက္ေတြဟာ တစ္ေပနီးပါးရွိလို႔သစ္သားဆင့္ထိုးတန္း ထုတ္တန္းမ်ားဟာ အေတာ္ေလးႀကီးမား ၾကမယ္ထင္ပါတယ္။ စစ္သားမ်ားကို အထပ္ႏွစ္ထပ္တည္ေဆာက္ၿပီးထားပုံလည္းရပါတယ္။

ေသာက္သုံးေရအတြက္ ခံတပ္ရဲ႕ေအာက္ဆုံးေဟာခန္းလိုအခန္းက်ယ္ႀကီးထဲမွာ ေရတြင္းငယ္ႏွစ္တြင္းရွိၿပီး အနက္က ေပ ၇၀ ေက်ာ္တယ္လို႔သိရပါတယ္၊ ေအာက္ဖက္မွာေတာ့ ဒီတြင္းႏွစ္ခုကို ဆက္သြယ္ထားတဲ့ ေရကန္ရွိတယ္လို႔သိရပါတယ္။

ဒီေရတြင္းႏွစ္တြင္းဟာ စစ္သားေတြရဲ႕ေသာက္သုံးေရျဖစ္ႏိုင္ၿပီး စစ္သားနဲ႔ ဆင္ျမင္းေတြ ေရခ်ိဳးႏိုင္ဖို႔ကေတာ့ ဧရာဝတီျမစ္ႀကီးကိုပဲအသုံးျပဳခဲ့ၾကမယ္ထင္ပါတယ္။

ခံတပ္ႀကီးဟာ ဆင္ေတြနဲ႔ စစ္သားေတြေနဖို႔ လႈိဏ္နံရံတစ္ေလ်ာက္ျခားနားထားၿပီး ဆင္ထားတဲ့ လႈိဏ္ကေန အေျမာက္ပစ္စင္နဲ႔ စစ္သည္ေတြေနရာအခန္းေတြဆီ ခံတပ္ႀကီးရဲ႕ေဘးဘက္အစြန္ကေန ဆက္သြယ္ထားပါ တယ္။

ခံတပ္ရဲ႕ ေအာက္ဆုံးပႏၷက္တံတိုင္းတစ္ေလ်ာက္ ေသနတ္ပစ္ရန္အေပါက္ငယ္မ်ားေဖါက္လုပ္ထားပါတယ္။

ဒီခံတပ္ႀကီးဟာ အဂၤလိပ္ေရတပ္စစ္သေဘၤဘာ ၁၄စီးေလာက္ကိုပစ္ခတ္နစ္ျမဳပ္ခဲ့တယ္လို႔ဆိုပါတယ္၊ ၆ စီး ေလာက္ကိုျပန္လည္ဆယ္ယူၿပီးစီးခဲ့ၿပီလို႔လည္းသိရပါတယ္။

အင္မတန္မွ တည္ေဆာက္ပုံလက္ရာေကာင္းတဲ့ ကုန္းေဘာင္ေခတ္ျမန္မာ့ဘုရင္ေတြရဲ႕ခံတပ္ႀကီးတစ္ခုျဖစ္ခဲ့ၿပီး ဒီခံတပ္ကိုသြားေရာက္လည္ပတ္ရာမွာ

အဆင္ေျပေကာင္းမြန္တဲ့ လမ္းနဲ႔ ဧည့္သည္ေတြအတြက္ နားေနရာ ခံ တပ္ႀကီးရဲ႕ ခပ္လွမ္းလွမ္းမွာ သူ႔ရဲ႕ မူလရႈခင္းလည္းမပ်က္ေစတဲ့ Base camp တစ္ခုလိုအပ္လွပါတယ္

ဒီbase camp ကေန ဧည့္သည္ေတြအတြက္ လက္ေဆာင္ပစၥည္း၊အေအးဆိုင္၊နားေနေဆာင္၊အိမ္သာအစရွိတဲ့ ေဒသခံ အခြင့္အလမ္းအတြက္

စီးပြားရွာႏိုင္ေအာင္လည္းစီစဥ္ေပးရင္ ယခုလို ခံတပ္ႀကီးအတြင္းမွာ အစားအေသာက္စား တာ၊ အေပါ့အေလးသြားတာေတြ ေလ်ာ့က်သြားမွာျဖစ္ပါတယ္။

ဥေရာပမွာဆိုရင္ဒီလို ခံတပ္ႀကီးမ်ိဳးတစ္ခုထဲကို ကမာၻ႔အေမြအႏွစ္အျဖစ္ေလ်ာက္ထားၿပီး၊သတ္မွတ္ခံခဲ့ရတဲ့ site ေတြလည္းမ်ားစြာရွိပါတယ္။

ေရွးျမန္မာတို႔ရဲ႕ စစ္နည္းဗ်ဴဟာ၊ ဆင္တပ္၊ျမင္းတပ္၊စစ္အမိန႔္ေပးသံ၊စစ္ခရာသံမ်ား၊ တိုက္ပြဲေခၚသံ၊ အေျမာက္ သံ၊ စစ္ခ်ီသံေတြဟာ

ဒီေကြ႕ေခ်ာင္းခံတပ္ႀကီးကို ေရာက္ရွိေလ့လာရတဲ့သူအဖို႔ နားထဲမွာ ျပန္လည္ၾကား ေယာင္ေနမိမွာအမွန္ပဲျဖစ္ပါတယ္။

Photo – credit (Bagan GIS team)

ဦးေက်ာ္မ်ိဳးဝင္း

#PeopleMedia #ေကြ႕ေခ်ာင္းခံတပ္ႀကီး

Unicode

မြန်မာသက္ကရာဇ် ၁၂၂၂ ခုနှစ်၊ ခရစ်နှစ် ၁၈၆၀ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့တဲ့ ဒီခံတပ်ကြီးဟာ သုံးနှစ် လောက်ကြာအောင် တည်ဆောက်ခဲ့ရပါတယ်။

ကွေ့ချောင်းခံတပ်ကြီးရဲ့ တည်နေရာကတော့ မကွေးမြို့မှ ၁၂ မိုင်ခန့်အကွာမှာ တည်ရှိသလို ဧရာဝတီမြစ်ကြီး၏ အရှေ့ဘက်ကမ်းမှာ တည်ရှိပါတယ်။

ကွေ့ချောင်းခံတပ်လို့အမည်ရှိပြီး ဧရာဝတီမြစ်အကွေ့တစ်ခုကနေ ကွေ့ဝင်လာရင် ဒီခံတပ်ကြီးကို ရုတ်တရက် ဘွားကနဲ ထိပ်တိုက်တွေ့ကြရမှာဖြစ်ပါတယ်။

ဒီလိုနေရာကို မြန်မာဘုရင်တွေဗျူဟာကျကျ ရွေးချယ်ထားခဲ့ပုံလည်းရပါတယ်။ တကယ်လည်းဗျူဟာကျခဲ့လို့ အကြိမ်ပေါင်းများစွာ

အင်္ဂလိပ်ရဲ့ ရေတပ်သင်္ဘောတွေ ဒီနေရာကနေ အင်္ဂလိပ်မြန်မာစစ်ပွဲတိုင်း ကျော်ဖြတ်ဖို့ ခက်ခဲခဲ့ကြောင်း စာပေမှတ်တမ်းများမှာ တွေ့ရှိရပါတယ်။

ဒီခံတပ်ကို ကျော်ဖြတ်နိုင်ခဲ့တာတောင် ဒီနေရာနဲ့ ဓားလွယ်ခုတ် ဧရာဝတီမြစ်ရဲ့အနောက်ဖက်ကမ်းမှာ မင်းလှ ခံတပ်က စီးကြိုနေမှာဖြစ်ပါတယ်

မင်းလှခံတပ်က ယခုကွေ့ချောင်းခံတပ်လောက်တော့မကြီးပါဘူး ဗျူဟာအရ ဒီခံတပ်ကနေ လွတ်ထွက်သွားတဲ့ ရန်သူ့သင်္ဘောတွေကို မင်းလှခံတပ်က နစ်မြုပ်ပစ်မှာဖြစ်ပါတယ်။

ကွေ့ချောင်းခံတပ်ကြီးကတော့ အတော်လေးကြီးမားတဲ့အတွက် စတင်တည်ဆောက်တဲ့အခါ မင်းလှခံတပ်ထက် တစ်နှစ်စောပြီးတည်ဆောက်ခဲ့တယ်လို့သိရပါတယ်။

ဖွဲ့စည်းပုံအရ ကွေ့ချောင်းခံတပ်ကြီးဟာ ရာနဲ့ချီတဲ့ စစ်ဗိုလ်စစ်သားတွေ နေခဲ့ပုံရပြီး ရာထူးကြီးကြီး ဗိုလ်ချုပ်အဆင့်လောက်ကအုပ်ချုပ်ခဲ့မယ်ထင်ပါတယ်၊

ဘာဖြစ် လို့လည်းဆိုရင် ကွေ့ချောင်းခံတပ်ကြီးမှာ တိုက်ဆင်တွေထားတဲ့နေရာကို ယနေ့ခေတ် လှိုဏ်ခေါင်းဖောက်ထား သလို တည်ဆောက်ထားပြီး

ဆင်အကောင်ရေအတော်များများဒီအတွင်းမှာ ထည့်ထားနိုင်အောင်စီစဉ်ထားပုံက တပ်မကြီးတစ်ခုအသွင် အဆင်အရင်ရှိနေလို့ပါပဲ။

ဆင်တွေအတွက် ထားသိုတဲ့နေရာမှာ လှိုက်ဏ်ပေါက်ရဲ့မျက်နှာကျက်တိုင်းမှာ အလင်းပေါက်တွေ ဖေါက်လုပ် ထားပြီး လေဝင်လေထွက်ကောင်းအောင်လည်းစီစဉ်ထားကြောင်းတွေ့ရပါတယ်။

ထူးခြားတဲ့အနေနဲ့ ဆင်တွေထားသိုတဲ့ လှိုဏ်အတွင်းဘက်နံရံအတွင် ဝင်ပေါက် တစ်ပေါက်တွေ့ရှိရပါတယ်၊

ဒီဝင်ပေါက်က နေအတွင်းကို ၁၅ပေလောက်ဝင်ရောက်ပြီးရင် မှောင်မှောင်မဲနေတဲ့အခန်းကျယ်တစ်ခုဆီ ရောက်ပါလိမ့်မယ်၊

အဲ့ဒီအခန်းကျယ်ရဲ့အပြင်ဘက်မှာလည်း လူတစ်ယောက်လမ်းလျောက်နိုင်အောင်ပါတ်လမ်း တစ်ခုကို ထည့်သွင်းတည်ဆောက်ထားပုံက အတော်လေး အစီစဉ်ကျလှပါတယ်၊

ဒီအခန်းအကျယ်ဟာ ပျမ်းမျှ ၂၅ ပေပတ်လည်လောက်ရှိပြီး တံခါးပိတ်ဖို့ နံရံမှာ သံကွင်းတွေယခုထိရှိနေပါသေးတယ်။ အတော်လေးလှို့လှို့ ဝှက်ဝှက်လုပ်ထားလို့ မေးကြည့်တဲ့အခါ ယမ်းတိုက်လို့သိရပါတယ်။

ဒီဒေသဟာ နွေဆို ရာသီဥတုကသိပ်ကိုပူပြင်းတတ်လို့ ဒီလို လက်နက်ခဲယမ်းသိမ်းဖို့နေရာကို အပူအအေး ထိန်းနိုင်တဲ့ ပုံစံနဲ့တည်ဆောက်ထားခဲ့သလားလို့လည်းတွေးမိပါတယ်

ရှေးခေတ်က အမြောက်ပစ်တဲ့အခါ ယမ်းမှုန့်ထောင်းကြရတယ်မဟုတ်လား

ဒါကြောင့် ယမ်းတွေသိုလှောင်ဖို့ ပူတဲ့ဒေသမှာ အေးတဲ့နေရာ ဖန်တီးယူရပြီး လုံခြုံရေးရှုတောင့်အတွက်လည်း ပြည့်စုံရအောင်စီစဉ်ခဲ့ကြပုံရပါတယ်။

ဒီလိုယမ်းတိုက်အခန်းမျိုး နှစ်နေရာတွေ့ရပြီး အခန်းတည်ဆောက်ပုံက တူညီပေမယ့်ထားတဲ့တည်နေရာ တွေမတူပါဘူး နောက်တစ်နေရာက ပိုလို့တောင်လှို့ဝှက်ပါသေးတယ်။

ဒီနေရာကတော့ အရာရှိနဲ့စစ်သည်များနေတဲ့ ရုံးခန်းနဲ့ အခန်းတွေ ၊အစည်းဝေးခန်းလိုခန်းမတွေကို အကွေ့ အကောက် ဖြတ်သန်းပြီးနောက် မြေအနိမ့်ဖက် ချောင်ကျကျမှောင်မှောင်မဲမဲ

အခန်းကျယ်တစ်ခုဖြစ်ပါတယ်၊ စဉ်းစားကြည့်ရင်ဒီအခန်းရောက်ဖို့ရာ အခန်းတွေအတော်ဖြတ်သန်းပြီးမှရောက်နိုင်လို့ လုံခြုံရေးပိုမြင့်ထားတဲ့ အသွင်ရှိပါတယ်။

အရာရှိကြီးအခန်းလို့ ပြောတဲ့အခါ တံခါးပေါက်နဲ့တည့်တည့်မှာ ရုံးခန်းရှိပြီး အပေါက်ဝကိုအရာရှိကြီးအခန်းကနေ ဘယ်သူဝင်လာတယ်ဆိုတာကို မြင်နိုင်အောင်

အခန်းကန့်ထားတဲ့နံရံနေရာမှာ တစ်ပေနီးပါးရှိတဲ့အပေါက်အဝိုင်း ကြီးကို ဖေါက်ထားပါသေးတယ်၊ အရာရှိကြီးအခန်းကတော့ အလုံပိတ်ဖြစ်ပြီး

သူ့အခန်းကနေ နောက်တစ်ခန်းကို ကူးလို့မရပါဘူး ဝင်လာတဲ့လမ်းအတိုင်းပဲပြန်ထွက် ရုံးခန်းရောက် ရုံးခန်းကနေ အပေါက်အတိုင်းပြန်ထွက်မှ နောက်တစ်ခန်းကိုကူးနိုင်ပါတယ်။

ကွေ့ချောင်းခံတပ်ကြီးက သုံးထပ်သဘောမျိုးတည်ဆောက်ထားပြီး ဧရာဝတီမြစ်ဘက်အခြမ်းမှာ အမြောက်တွေ ချပစ်တဲ့ ပစ်စင်ကွန်ကရစ်ခုံကြီးတွေ တွေ့ရပါတယ်။

အဲ့ဒီပစ်စင်ရဲ့အနောက်ဘက် အပေါ်ပိုင်းမှာ အမိန့်ပေးတဲ့ အရာရှိတက်နေရာယူဖို့ စင်မြင့်သဘောမျိုး ပန္နက်အုတ်ခုံတစ်ခုကိုတွေ့ရတယ်

ယခုတော့အပင်ကြီးတစ်ပင်က အရိပ်ကောင်းကောင်းနဲ့ပေါက်နေပြီး အပင်အောက်မှာ ခံတပ်ကြီးကိုလာရောက်လေ့လာကြသူတွေ နားနေကြ တာတွေ့ရပါတယ်။

ဒီနေရာကနေဆင်းလိုက်ရင် ခံတပ်ရဲ့ အမြင့်ဆုံးအပိုင်း မြေကွက်လပ်ကွင်းပြင်ကိုတွေ့ရပြီး ဒေသခံတွေကတော့ ဒီနေရာက စစ်မြူတဲ့နေရာလို့ပြောကြပါတယ်၊

ဖြစ်နိုင်ခြေကတော့ ဒီနေရာက ခံတပ်ကြီးရဲ့အပေါ်ဆုံးအပိုင်း အောက်မှာတည်ဆောက်ထားတာတွေကို သဘာဝမြေကုန်းပုံစံဖော်ဆောင်ထားပြီး

စစ်ရေးပြရာကွင်းပြင်၊ စစ်သားတွေ တန်းစီ၊ လူစစ်၊ အမိန့်ညွှန်ကြားစသဖြင့်ပြုလုပ်ရတဲ့နေရာဖြစ်မယ်လို့ယူဆပါတယ်။

ဒီနေရာကိုရောက်ဖို့ ခံတပ်ကြီးရဲ့ အောက်ဆုံးထပ်ကနေ တစ်ဖက်တစ်ချက်မှာ အုတ်လှေခါးတွေကို အတက်ရမ ခက်အောင်ခပ်ပြေပြေတည်ဆောက်ထားပါတယ်

ဒီအုတ်လှေခါးတွေခပ်ပြေပြေတည်ဆောက်မှ ယမ်းတိုက်က နေ ဒုတိယဆင့်အမြောက်ပစ်စင်ပေါ်ကို ခဲယမ်းမီးကျောက်သယ်ဖို့ရာ လွယ်ကူမယ်လို့ထင်ပါတယ်။

အပေါ်ကိုတက်ရောက်တဲ့ လှေခါးတွေဟာ ခံတပ်ရဲ့ အောက်ဆုံးအဆောက်အုံအခန်းဖွဲ့ပန္နက်များနဲ့ အပြိုင် တွေ့ရပြီး အခန်းဖွဲ့အုတ်နံရံတိုင်းမှာ သစ်သားထိုးတန်းများအတွက် အပေါက်ကြီးတွေဖေါက်လုပ်ထားပါတယ်

ဒီထိုးတန်းအပေါက်တွေဟာ တစ်ပေနီးပါးရှိလို့သစ်သားဆင့်ထိုးတန်း ထုတ်တန်းများဟာ အတော်လေးကြီးမား ကြမယ်ထင်ပါတယ်။ စစ်သားများကို အထပ်နှစ်ထပ်တည်ဆောက်ပြီးထားပုံလည်းရပါတယ်။

သောက်သုံးရေအတွက် ခံတပ်ရဲ့အောက်ဆုံးဟောခန်းလိုအခန်းကျယ်ကြီးထဲမှာ ရေတွင်းငယ်နှစ်တွင်းရှိပြီး အနက်က ပေ ၇၀ ကျော်တယ်လို့သိရပါတယ်၊ အောက်ဖက်မှာတော့ ဒီတွင်းနှစ်ခုကို ဆက်သွယ်ထားတဲ့ ရေကန်ရှိတယ်လို့သိရပါတယ်။

ဒီရေတွင်းနှစ်တွင်းဟာ စစ်သားတွေရဲ့သောက်သုံးရေဖြစ်နိုင်ပြီး စစ်သားနဲ့ ဆင်မြင်းတွေ ရေချိုးနိုင်ဖို့ကတော့ ဧရာဝတီမြစ်ကြီးကိုပဲအသုံးပြုခဲ့ကြမယ်ထင်ပါတယ်။

ခံတပ်ကြီးဟာ ဆင်တွေနဲ့ စစ်သားတွေနေဖို့ လှိုဏ်နံရံတစ်လျောက်ခြားနားထားပြီး ဆင်ထားတဲ့ လှိုဏ်ကနေ အမြောက်ပစ်စင်နဲ့ စစ်သည်တွေနေရာအခန်းတွေဆီ ခံတပ်ကြီးရဲ့ဘေးဘက်အစွန်ကနေ ဆက်သွယ်ထားပါ တယ်။

ခံတပ်ရဲ့ အောက်ဆုံးပန္နက်တံတိုင်းတစ်လျောက် သေနတ်ပစ်ရန်အပေါက်ငယ်များဖေါက်လုပ်ထားပါတယ်။

ဒီခံတပ်ကြီးဟာ အင်္ဂလိပ်ရေတပ်စစ်သင်္ဘေဘာ ၁၄စီးလောက်ကိုပစ်ခတ်နစ်မြုပ်ခဲ့တယ်လို့ဆိုပါတယ်၊ ၆ စီး လောက်ကိုပြန်လည်ဆယ်ယူပြီးစီးခဲ့ပြီလို့လည်းသိရပါတယ်။

အင်မတန်မှ တည်ဆောက်ပုံလက်ရာကောင်းတဲ့ ကုန်းဘောင်ခေတ်မြန်မာ့ဘုရင်တွေရဲ့ခံတပ်ကြီးတစ်ခုဖြစ်ခဲ့ပြီး ဒီခံတပ်ကိုသွားရောက်လည်ပတ်ရာမှာ

အဆင်ပြေကောင်းမွန်တဲ့ လမ်းနဲ့ ဧည့်သည်တွေအတွက် နားနေရာ ခံ တပ်ကြီးရဲ့ ခပ်လှမ်းလှမ်းမှာ သူ့ရဲ့ မူလရှုခင်းလည်းမပျက်စေတဲ့ Base camp တစ်ခုလိုအပ်လှပါတယ်

ဒီbase camp ကနေ ဧည့်သည်တွေအတွက် လက်ဆောင်ပစ္စည်း၊အအေးဆိုင်၊နားနေဆောင်၊အိမ်သာအစရှိတဲ့ ဒေသခံ အခွင့်အလမ်းအတွက်

စီးပွားရှာနိုင်အောင်လည်းစီစဉ်ပေးရင် ယခုလို ခံတပ်ကြီးအတွင်းမှာ အစားအသောက်စား တာ၊ အပေါ့အလေးသွားတာတွေ လျော့ကျသွားမှာဖြစ်ပါတယ်။

ဥရောပမှာဆိုရင်ဒီလို ခံတပ်ကြီးမျိုးတစ်ခုထဲကို ကမ္ဘာ့အမွေအနှစ်အဖြစ်လျောက်ထားပြီး၊သတ်မှတ်ခံခဲ့ရတဲ့ site တွေလည်းများစွာရှိပါတယ်။

ရှေးမြန်မာတို့ရဲ့ စစ်နည်းဗျူဟာ၊ ဆင်တပ်၊မြင်းတပ်၊စစ်အမိန့်ပေးသံ၊စစ်ခရာသံများ၊ တိုက်ပွဲခေါ်သံ၊ အမြောက် သံ၊ စစ်ချီသံတွေဟာ

ဒီကွေ့ချောင်းခံတပ်ကြီးကို ရောက်ရှိလေ့လာရတဲ့သူအဖို့ နားထဲမှာ ပြန်လည်ကြား ယောင်နေမိမှာအမှန်ပဲဖြစ်ပါတယ်။

Photo – credit (Bagan GIS team)

ဦးကျော်မျိုးဝင်း

#PeopleMedia #ကွေ့ချောင်းခံတပ်ကြီး

Crd



Post Views:
10

Crd