စစ်ပွဲအဖြေကို ပြောင်းလဲပစ်နိုင်တဲ့ လေယာဉ် သို့မဟုတ် V-22 Osprey
လေယာဉ်လို ပျံနိုင်ပြီး ရဟတ်ယာဉ်လို ဒေါင်လိုက် တက်ဆင်းနိုင်တဲ့ ထူးခြားစွမ်းရည်ကို ပိုင်ဆိုင်ထားတဲ့ လေယာဉ်တစ်မျိုးရဲ့အမည်က V-22 ospery ဖြစ်ပါတယ်။
VTOL ( Vertical takeoff and landing) လုပ်လို့ရပြီး လူ ၂၄ ယောက်သယ်ဆောင်နိုင်ပါတယ်။ ထုတ်လုပ်တဲ့ကုမ္ပဏီကတော့ Bell helicopter, Boeing defence, Space & Security ဖြစ်ပါတယ်။
၁၉၈၉ ခုနှစ်၊ မတ်လ ၁၉ မှာ ပထမဆုံး စမ်းသပ်ပျံသန်းခဲ့ပြီး ၂၀၀၇ ခုနှစ်၊ဇွန်လ ၁၃ ရက်မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။
အဓိက အသုံးပြုသူကတော့ United States Marine Corp, United States Air Force, United States Navy တို့နဲ့ Japan ground self defense force တို့ဖြစ်ကြပါတယ်။
၂၀၂၀ ခုနှစ်အထိစာရင်းအရ အစီးရေ ၄၀၀ ထုတ်လုပ် ထားပါတယ်။ လျင်မြန်တဲ့ စစ်ဆင်ရေးတွေ ပြုလုပ်ဖို့ ရည်ရွယ်ထုတ်လုပ်ခဲ့တာဖြစ်လို့ ဘက်စုံသုံး လေယာဉ် ဖြစ်ပါတယ်။
၁၉၈၀ ခုနှစ်မှာ အီရန်က အမေရိကန်သံရုံးကို ဝင်ရောက်စီးနင်းမှု ဖြစ်ခဲ့ပါတယ်။ ဓါးစာခံတွေကို ကယ်တင်ဖို့ အတွက် VTOL အမျိုးအစား တွေကိုစဉ်းစားလာကြပါတယ်။
United States Department of Defense (DoD) ဟာ ၁၉၈၁ ခုနှစ်မှာ VTOL စီမံကိန်းကို အတည်ပြုပေးခဲ့ပါတယ်။ ခရီးဝေးကို လေယာဉ်အမြန်နှုန်းနဲ့ ပျံသန်းနိုင်ပြီး ရဟတ်ယာဉ်လို ဒေါင်လိုက်တက်နိုင်၊ ဆင်းနိုင်တဲ့ V-22 ဟာ သမားရိုးကျ ပုံစံကနေ ကွဲပြားနေပါတယ်။
ပန်ကာ သုံးလက်ပါရှိပြီး အင်ဂျင်ဟာ ၉၀ ဒီဂရီ အပေါ်အောက်ကို ၁၂ စက္ကန့်အတွင်း ရွေ့လျားနိုင်ပါတယ်။
အင်ဂျင် အပေါ်ကို ထောင်နေစဉ်မှာ ပန်ကာဒလက်တွေက ရဟတ်ယာဉ်ဒလက်သဖွယ် ပြုမူပြီး အင်ဂျင် ရေပြင်ညီ အနေအထားမှာတော့ လေယာဉ်ပန်ကာလို အလုပ်လုပ်ပါတယ်။ အင်ဂျင်ကို အတောင်နှစ်ခုရဲ့ ထိပ်မှာ တပ်ဆင်ထားပါတယ်။
လေယာဉ်ကိုယ်ထည်ရဲ့ ၄၃ ရာခိုင်နှုန်းနဲ့ ပန်ကာဒလက်တွေဟာ ပလတ်စတစ် ပေါင်းစပ်သတ္တုနဲ့ ပေါ့ပါးအောင် တည်ဆောက်ထားပါတယ်။
ဒလက်တွေကလဲ ခေါက်နိုင်ပြီး အတောင်ပံတစ်ခုလုံးကိုလည်း ကိုယ်ထည်နဲ့ အပြိုင်ဖြစ်အောင် စက္ကန့် ၉၀ အတွင်းလှည့်နိုင်တဲ့အတွက် ရေတပ်သင်္ဘောတွေပေါ်မှာ နေရာကျဉ်းကျဉ်းနဲ့ ထားသိုလို့ ရပါတယ်။
သင်္ဘောကုန်းပတ်ပေါ်မှာ လျင်မြန်စွာ တက်နိုင်၊ ဆင်းနိုင်၊ ခေါက်သိမ်းနိုင်လို့ အချိန်သက်သာပါတယ်။ ဒါပေမဲ့ ဒီလို များပြားတဲ့ function တွေကြောင့် အားနဲချက်တချို့တော့ ရှိပါတယ်။
ဒေါင်လိုက်တက်ရာမှာ အင်ဂျင်ဟာ ဝန်ပိုရုန်းရတဲ့အတွက် ပန်ကာဒလက်တွေပေါ်မှာ အားသက်ရောက်မှုများပြီး ဒလက်တွေကို လျင်မြန်စွာ ပျက်ဆီးစေနိုင်ပါတယ်။ဒါကြောင့် သာမန် အခြေအနေမှာဆိုရင် လေယာဉ်အတိုင်းဘဲ ပျံတက်စေပါတယ်။
အင်ဂျင်က Roll Royce AE1107C အမျိုးအစားဖြစ်ပြီး နှစ်လုံးတပ်ဆင်ထားပါတယ်။ တစ်လုံးနဲ့တစ်လုံး ဂီယာဘောက်နဲ့ ချိတ်ဆက်ထားလို့ အင်ဂျင်တစ်လုံးချို့ယွင်းခဲ့ရင်တောင် နောက်တစ်လုံးက နှစ်ဖက်စလုံးရဲ့ ပန်ကာဒလက်တွေကို လည်ပါတ်စေနိုင်ပါတယ်။
အင်ဂျင်တစ်လုံးတည်းနဲ့လည်း လေထဲမှာ ဟာဗာလုပ် နေနိုင်ပါတယ်။ Tilt rotor စောင်းနိုင်တဲ့အတွက်ကြောင့် ဆယ်တန်လောက်ဝန်ကို သယ်ဆောင်နိုင်ပါတယ်။
ထိုင်ခုံမတပ်ဘဲဆိုရင် ကြမ်းပြင်မှာ ၃၂ ယောက် သယ်ဆောင်နိုင်ပါတယ်။ V-22 မှာ မျိုးကွဲတွေ ရှိပါတယ်။ CV-22B, MV-22 B နဲ့ CMV-22B တို့ဖြစ်ပါတယ်။
CV-22B က လေတပ်မှာ သုံးပါတယ်။ အထူးစစ်ဆင်ရေးတွေ အတွက်ပါ။ သူ့မှာ ဆီတိုင်ကီအပို တပ်ဆင်ထားလို့ ခရီးဝေး စစ်ဆင်ရေးတွေအတွက် သင့်လျော်ပါတယ်။ ၅၅၈ ဂါလန် ဆံ့ပါတယ်။ အပိုတိုင်ကီ သုံးခုပါပါတယ်။
လက်နက်အနေနဲ့ AN/AAQ-24 infrared countermeasure စနစ်ပါဝင်လို့ ပစ်မှတ်ကို တိကျစွာ ချိန်ရွယ်နိုင်ပါတယ်။ ၇.၆၂ ကျည်နဲ့ ပစ်ခတ်နိုင်တဲ့ 51- NATO .30B Caliber M240 စက်သေနတ် တပ်ဆင်ထားပါတယ်။ 0.50 in Caliber 12.7 mm M2 စက်သေနတ်လည်း တပ်ဆင်နိုင်ပါတယ်။
လက်နက်တွေကို ဝမ်းဗိုက်မှာ တပ်ဆင်ထားပြီး ဆုံလည်စနစ် ပါဝင်တဲ့အပြင် ပိုင်းလော့က remote နဲ့ ထိန်းချုပ်ပစ်ခတ်နိုင်ပါတယ်။
ရှေ့ပိုင်းမှာလည်း ပြောင်းသုံးခုပါ စက်သေနတ်တစ်လက် တပ်ဆင်နိုင်ပြီး တီဗွီ ဖန်သားပြင်ကနေ ကြည့်ပြီး ခလုပ်နှိပ်ယုံပါဘဲ။
CMV-22B ကတော့ ရေတပ်သုံးပါ။ MV-22B ကတော့ မရိန်းတပ်အတွက် ဖြစ်ပါတယ်။ ခုလောက်ဆို ပြည့်စုံနေပြီ ထင်ပါတယ်။
ဆက်လက်ကြိုးစားတင်ပြပါအုံးမယ်နော်။
Knight News Team
Crd