TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■စစ်ပွဲအတွင်းမှာအမျိုးသမီးတွေနှင့်ကလေးသူငယ်တွေကို စာနာညှာတာမှုကြောင့် နာမည်ကြီးခဲ့တဲ့ Lozen

လိုဇန်ဟာ အပါချီစစ်သူရဲကောင်းတစ်ယောက်ဖြစ်ပြီး ၁၈၇၀ ပြည့်နှစ်တွေမှာ သူမရဲ့ အစ်ကိုတွေနှင့်အတူ တိုက်ပွဲဝင်ခဲ့တာပါ။ သူမနှင့် သူမအစ်ကိုတွေရဲ့ မျိုးနွယ်စုဟာ ဆိုးရွားတဲ့ နေထိုင်မှု အခြေအနေတွေကြောင့် ဟဲလ်စ် ဟက်ဖ်ဧက လို့နာမည်ကြီးတဲ့ ဆန်ကာလိုဒေသ မှာ တပ်စုခဲ့ရပါတယ်။

ဒါ့ကြောင့် သူမနှင့်အစ်ကိုဖြစ်သူ ဗစ်တိုရီယို ဟာစစ်သားအချို့ကို စုဆောင်းခဲ့ပြီး နယူးမက္ကဆီကိုဒေသ အနက်ရောင်တောင်တန်းတွေမှာ အခြေချတဲ့သူတွေကိုတိုက်ခိုက်ခဲ့ကာ အကြောက်တရားကိုရင်ဝယ်ပိုက်ပြီး ကိုယ်ပိုင်မြေကို ပြန်ယူခဲ့ကျပါတယ်။ လိုဇန်ဟာ စစ်ပွဲအတွင်းမှာ အမျိုးသမီးတွေနှင့်ကလေးသူငယ်တွေကို စာနာညှာတာမှုကြောင့် နာမည်ကြီးပြီး စစ်ပွဲအတွင်းမှာထိခိုက်ဒဏ်ရာတွေနှင့်သေဆုံးမှုတွေမဖြစ်အောင် ကာကွယ်ပေးပါတယ်။

သူမရဲ့ အမျိုးသမီးတွေနှင့်ကလေးသူငယ်တွေကိုကာကွယ်ပေးတာအပြင် အစ်ကိုဖြစ်သူကတော့ သူမဟာ သူ့ရဲ့ညာလက်ရုံးကောင်းတစ်ဦးဖြစ်တယ်လို့လဲဆိုဖူးတာပါ။ အမျိုးသားတွေထက် ပိုသန်မာပြီးရဲရင့်ပြီး စစ်ပရိယာယ်လည်းကြွယ်ဝပါတယ်။ ဒါကတော့ထိုအချိန်က ချီးကျူးမှုတွေပါ။

ကံမကောင်းစွာဖြင့် သူမရဲ့အစ်ကိုဟာ သူမအခြားသူတွေကိုလုံခြုံရေးအတွက် ရွေ့ပြောင်းရန်ကူညီပေးခဲ့စဥ် တိုက်ပွဲအတွင်းမှာ ကျဆုံးခဲ့တာကြောင့် သူမဟာလည်း ၁၈၈၁ ခုနှစ်မှာ နယူးမက္ကဆီကိုကို ကျူးကျော်လာသမျှ လူတွေကိုဦးဆောင်တိုက်ခိုက်ခဲ့ပါတယ်။

ထို့အတူ ဂျရာနီမို မအုပ်ချုပ်ခင်မှာသူမဟာ သူ့ကို တိုက်ခိုက်ခဲ့ပါသေးတယ်။ သူမကို လူတိုင်းလိုလို သိကြပြီး ထောင်ကျနေစဥ်အတွင်းမှာ တီဘီရောဂါဖြင့်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Ref:youtube
Trans:thegeektext
zawgyi
TheGeekText.com Copyright©2021 ကူးယူေဖာ္ျပခြင့္လုံးဝခြင့္မျပဳပါ။
■စစ္ပြဲအတြင္းမွာအမ်ိဳးသမီးေတြႏွင့္ကေလးသူငယ္ေတြကို စာနာညႇာတာမႈေၾကာင့္ နာမည္ႀကီးခဲ့တဲ့ Lozen
လိုဇန္ဟာ အပါခ်ီစစ္သူရဲေကာင္းတစ္ေယာက္ျဖစ္ၿပီး ၁၈၇၀ ျပည့္ႏွစ္ေတြမွာ သူမရဲ့ အစ္ကိုေတြႏွင့္အတူ တိုက္ပြဲဝင္ခဲ့တာပါ။ သူမႏွင့္ သူမအစ္ကိုေတြရဲ့ မ်ိဳးႏြယ္စုဟာ ဆိုးရြားတဲ့ ေနထိုင္မႈ အေျခအေနေတြေၾကာင့္ ဟဲလ္စ္ ဟက္ဖ္ဧက လို႔နာမည္ႀကီးတဲ့ ဆန္ကာလိုေဒသ မွာ တပ္စုခဲ့ရပါတယ္။
ဒါ့ေၾကာင့္ သူမႏွင့္အစ္ကိုျဖစ္သူ ဗစ္တိုရီယို ဟာစစ္သားအခ်ိဳ႕ကို စုေဆာင္းခဲ့ၿပီး နယူးမကၠဆီကိုေဒသ အနက္ေရာင္ေတာင္တန္းေတြမွာ အေျခခ်တဲ့သူေတြကိုတိုက္ခိုက္ခဲ့ကာ အေၾကာက္တရားကိုရင္ဝယ္ပိုက္ၿပီး ကိုယ္ပိုင္ေျမကို ျပန္ယူခဲ့က်ပါတယ္။ လိုဇန္ဟာ စစ္ပြဲအတြင္းမွာ အမ်ိဳးသမီးေတြႏွင့္ကေလးသူငယ္ေတြကို စာနာညႇာတာမႈေၾကာင့္ နာမည္ႀကီးၿပီး စစ္ပြဲအတြင္းမွာထိခိုက္ဒဏ္ရာေတြႏွင့္ေသဆုံးမႈေတြမျဖစ္ေအာင္ ကာကြယ္ေပးပါတယ္။
သူမရဲ့ အမ်ိဳးသမီးေတြႏွင့္ကေလးသူငယ္ေတြကိုကာကြယ္ေပးတာအျပင္ အစ္ကိုျဖစ္သူကေတာ့ သူမဟာ သူ႔ရဲ့ညာလက္႐ုံးေကာင္းတစ္ဦးျဖစ္တယ္လို႔လဲဆိုဖူးတာပါ။ အမ်ိဳးသားေတြထက္ ပိုသန္မာၿပီးရဲရင့္ၿပီး စစ္ပရိယာယ္လည္းႂကြယ္ဝပါတယ္။ ဒါကေတာ့ထိုအခ်ိန္က ခ်ီးက်ဴးမႈေတြပါ။
ကံမေကာင္းစြာျဖင့္ သူမရဲ့အစ္ကိုဟာ သူမအျခားသူေတြကိုလုံျခဳံေရးအတြက္ ေရြ႕ေျပာင္းရန္ကူညီေပးခဲ့စဥ္ တိုက္ပြဲအတြင္းမွာ က်ဆုံးခဲ့တာေၾကာင့္ သူမဟာလည္း ၁၈၈၁ ခုႏွစ္မွာ နယူးမကၠဆီကိုကို က်ဴးေက်ာ္လာသမၽွ လူေတြကိုဦးေဆာင္တိုက္ခိုက္ခဲ့ပါတယ္။
ထို႔အတူ ဂ်ရာနီမို မအုပ္ခ်ဳပ္ခင္မွာသူမဟာ သူ႔ကို တိုက္ခိုက္ခဲ့ပါေသးတယ္။ သူမကို လူတိုင္းလိုလို သိၾကၿပီး ေထာင္က်ေနစဥ္အတြင္းမွာ တီဘီေရာဂါျဖင့္ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။
Ref:youtube
Trans:thegeektext