စင်္ကာပူနိုင်ငံက ကျောင်းအုပ်ကြီးတစ်ဦးမှ စာမေးပွဲ မတိုင်မီ မိဘများသို့ ပေးပို့တဲ့ စာ

စင်္ကာပူနိုင်ငံက ကျောင်းအုပ်ကြီးတစ်ဦးမှ စာမေးပွဲ မတိုင်မီ မိဘများသို့ ပေးပို့တဲ့ စာ













စင်္ကာပူနိုင်ငံရှိ ကျောင်းအုပ်ကြီးတစ်ဦးသည် အောက်ပါစာအား စာမေးပွဲမတိုင်မီ မိဘများသို့ပို့သည်။

“လေးစားရပါသော မိဘများခင်ဗျာ ကလေးတွေ စာမေးပွဲ စဖြေရပါတော့မယ်။ မဖြေနိုင်မှာကို ပူပန်နေမှာကိုလည်း သိပါတယ်။ သို့ပေမဲ့ ဖြေဆိုကြမည့် ကလေးများထဲတွင် သင်္ချာတတ်စရာ မလိုသော အနုပညာရှင်လောင်းများ ၊ အင်္ဂလိပ်စာပေနှင့် သမိုင်းကိုစိတ်မဝင် စားသော ကိုယ်ပိုင်လုပ်ငန်းရှင်လောင်းများ၊ ဓာတုဗေဒမှာ ဘယ်နှမှတ်ရရ အရေးမကြီးသော ဂီတသမားလောင်းလျာများ၊ ရူပဗေဒထက် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ဖို့ ပိုလိုအပ်သော အားကစားသမားလောင်းလျာများ” ပါနေသည်ကို ကျေးဇူးပြုပြီး သတိရပါ။

အကယ်၍ သင့်ကလေး အမှတ်ကောင်းလျှင် ကောင်းပါသည်။ အမှတ်မကောင်းခဲ့သော် ကျေးဇူးပြု၍ သူတို့ကိုယ်ကိုသူတို့ ယုံကြည်မှုနှင့် လေးစားမှုကို ရိုက်မချိုးပါနှင့်။ သူတို့ကို “ရတယ်.. ဒါဟာ စာမေးပွဲတစ်ခုပဲ” လို့ပြောပေးပါ။ သူတို့ဟာ ဒီ့ထက်မက ကြီးမားတဲ့အောင်မြင်မှုတွေအတွက် လူဖြစ်လာတာပါ။

သူတို့ကို သူတို့ အမှတ်ဘယ်လောက်ရရ ချစ်ပါတယ်၊အဆင့်အတန်းမခွဲပါဘူး လို့ ပြောပေးပါ။ ကျေးဇူးပြုပြီး ဒီလိုတွေပြောပေးပါ။ ပြောပေးရင်းနဲ့ သူတို့အောင်မြင်လာတာကို ရှုစားပါ။ စာမေးပွဲတစ်ခု၊ သို့မဟုတ် အမှတ်မကောင်းခြင်းဟာ သူတို့ရဲ့အိပ်မက် နဲ့ ပင်ကိုယ်အရည်အသွေးတွေကို ဘာမှ မထိခိုက်ပါ။

နောက်ပြီး လောကမှာ ပျော်ရွှင်နေသူဆိုလို့ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေပဲရှိမယ်လို့ ကျေးဇူးပြုပြီး မထင်လိုက်ပါနဲ့ခင်ဗျာ.. လေးစားလျက်.. (ကျောင်းအုပ်)



Post Views:
4








Crd