■စက်ရုပ်တွေအတွက်ရည်ရွယ်ထုတ်လုပ်ထားကြတဲ့ Nerod F5

Article Knowledge Militarily World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■စက်ရုပ်တွေအတွက်ရည်ရွယ်ထုတ်လုပ်ထားကြတဲ့ Nerod F5

အဆင့်မြင့် နည်းပညာဟာ အခုခေတ်မှာ အဆမတန် ခေတ်ရှေ့ပြေးနေတဲ့အတွက် တကယ့် လေဆာသေနတ်တွေတောင် တကယ်ရှိနေနိုင်ပါတယ် ကမ္ဘာပေါ်မှာရှိတဲ့ တစ်မူအထူးခြားဆုံး အံ့အားသင့်စရာ အကောင်းဆုံးနဲ့ အထိရောက်ဆုံး လက်နက်တွေ အကြောင်းနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို စုဆောင်းထားတဲ့အတွက်ကြောင့် ကျွန်တော်ကတော့ အခုမေးခွန်းအတွက် အဖြေကိုသိပြီးသားပဲဖြစ်ပါတယ်။

ကျွန်တေ်ပြောတာကို ယုံလိုက်ပါ ဒါတွေက ခင်ဗျားတို့ တွေ့ဖူးတဲ့အရာတွေနဲ့ ဆီနဲ့ရေလို ကွာပါတယ် ဒီလို အင်အားကြီးပြီး ကြီးမားတဲ့သေနတ်ကို ကျွန်တော်တို့ရဲ့ ရန်သူတွေ တွေ့လိုက်တာနဲ့တင် ဖိန့်ဖိန့်တုန်အောင် ကြောက်သွားရမှာပါ ဂျူလိုင်လ ၁၄ရက်နေ့က ပြင်သစ်နိုင်ရဲ့ စစ်ရေးပြပွဲက ဒီလက်နက်ကို မြင်လိုက်ရင် ခင်ဗျားတို့ ကြောက်စရာကောင်းလောက်တဲ့ ဖျက်ဆီးနိုင်စွမ်းကို တွေ့ရမှာပဲ ဖြစ်ပါတယ် ဒီသေနတ်က သူရဲ့ပစ်မှတ်ကို ဖယ်ရှားတဲ့နေရာမှာ ထိရောက်မှုကတော့ တကယ်ကိုး ပြင်းထန်ပါတယ် ဒါပေမယ့် Nerod F5(နရော့တ် အက်ဖ် ဖိုက်)လို့ခေါ်တဲ့ ဒီသေနတ်ကို သက်ရှိရန်သူတွေကို တိုက်ခိုက်ဖို့အတွက် ဖန်တီးထားတာ မဟုတ်ပါဘူး။

ဒါဆို ဘယ်သူ့အတွက် ရည်ရွယ်ထားတာလဲ? သူ့အဖြေကတော့ စက်ရုပ်တွေပါပဲ ဒရုန်းတွေကို သေနတ်တွေ ရိုင်ဖယ်သေနတ်တွေ တပ်ဆင်ပေးပြီး အချိန်ခဏတာအတွက်တော့ တိုက်နိုင်ခိုက်နိုင်တဲ့ စက်ရုပ်တွေအဖြစ် ပြောင်းလဲနိုင်ပါတယ် ဒီဒရုန်းတွေက စစ်မြေပြင်မှာ အတော်လေး အသုံးဝင်ပါတယ် ဒါကြောင့်မို့လည်း Nerod F5(နရော့ အက်ဖ် ဖိုက်) ကို တီထွင်ထားတာပဲ ဖြစ်ပါတယ် ဒီသေနတ်ရဲ့ အပြင်ပိုင်း မှာတော့ ပစ်ခတ်နိုင်တဲ့ သေနတ်ပြောင်းတွေ မပါပါဘူး အဲ့တာအစား သူ့မှာ electromagnetic interference generators(အီလက်ထရိုမက်ဂနက်တစ် အင်တာဖီးယားရန့်စ် ဂျန်နရိတ်တာ) တွေတပ်ဆင်ထားပါတယ်။

ဒီအရာတွေက လျှပ်စစ်သံလိုက် ရေဒီယို သတ္တိကြွစေတဲ့ ရောင်ခြည်တွေ ထုတ်လွှတ်ပါတယ် ဒါက သေနတ်ပစ်ရသလို ပစ်မှတ်ချိန်စရာ မလိုတော့တဲ့အတွက် အရေးကြီးတဲ့ တစ်ပန်းသာနေမှုပဲ ဖြစ်ပါတယ် ဒီလို အနှောက်အယှက် ဖြစ်စေမယ့် ရောင်ခြည်တွေကို ထုတ်လွှတ်လိုက်တာနဲ့ ဒရုန်းတွေဟာ လျှပ်စစ်သံလိုက်ရောင်ခြည်ကြောင့် အထိန်းအကွပ်မဲ့သွားပြီး အနီးတစ်ဝိုက်မှာရှိတဲ့ ရေဒီယို အချက်ပြမှုတွေကို နှောင့်ယှက်ပြီး ဒရုန်းတွေကို သူ့စခန်းနဲ့ အဆက်အသွယ်ရကို တားဆီးရာကျပါတယ် ဒါပေမယ့် Nerod F5(နရော့တ် အက်ဖ် ဖိုက်)သေနတ်ဟာ ဒီမျိုးတွေ လုပ်နိုင်တဲ့ တစ်ခုတည်းသော သေနတ် မဟုတ်ပါဘူး။

ဒီလိုသေနတ်တွေကို ဒရုန်းတွေ များလာတာနဲ့အမျှ ပိုပိုပြီးတော့ တီထွင်လာကြပါတယ် ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် ဒရုန်းကာကွယ်တဲ့ သေနတ်ဟာ အမြင့်ပေ ၁၃၁၂ပေနဲ့ ၄၀၀ မီတာ အကွာဝေးအတွင်းမှာ ရှိနေတဲ့ ဘယ်ဒရုန်းကိုမဆို ထိရောက်စွာ ပစ်ချနိုင်ပါတယ် ဒီလိုဒရုန်းတိုက်ဖျက်တဲ့ သေနတ်ရဲ့ အားသာချက် နောက်တစ်ခုကတော့ အနှောက်အယှက် ထုတ်လွှတ်တဲ့စက်ဟာ ကျောပိုးအိတ်ထဲမှာ တစ်ပါတည်း ပါလာပြီးတော့ အဲ့ဒီစက်နဲ့ သေနတ်ကို အထူးသီးသန့်လုပ်ထားတဲ့ လျှပ်စစ်ကြိုးနဲ့ ချိတ်ဆက်ထားပါတယ် ရေဒီယိုကင်းမဲ့ဇုန် ကို ဖန်တီးပေးနိုင်တဲ့အပြင် ဒီဒရုန်းသေနတ်တွေက GPS အချက်ပြစနစ်ကိုလည်း ထိန်းချုပ်နိုင်ပါတယ်

Ref:youtube
Trans:thegeektext