■စကိတ်သမားများဖန်တီးခဲ့သည့် ကမ္ဘာ့အကြီးဆုံးစကိတ်

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■စကိတ်သမားများဖန်တီးခဲ့သည့် ကမ္ဘာ့အကြီးဆုံးစကိတ်

ကယ်လီဖိုးနီးယားစကိတ်သမားများဟာဘတ်စကားအရွယ်စကိတ်ပြားကိုဖန်တီးခဲ့ပါတယ်။စကိတ်ဘုတ်ကြီးဟာ52ပေသို့မဟုတ်16မိတာရှည်လျားပြီးပေါင်ချိန်3571ပေါင်သို့မဟုတ်1620ကိလိုလေးပါတယ်။

ဒါဟာပုံမှန်စကိတ်ဘုတ်တစ်ခုထက်12ဆပိုကြီးပြီးပိုရှည်ပြီး ဒိစံချိန်ချိုးမှုရဲ့ဖန်တီးရှင်များကတော့အမေရိကန်လူမျိုးJoeCiaglia(ဂျိုးစီအက်ဂလီယာ)androbdyrdek(ရောဘ့်ဒါဒက်)တို့ပဲဖြစိပါတယ်။သူတို့ဟာဒီစကိတ်ဘုတ်ကိုပြုလုပ်ရန်အချိန်သုံးလနှင့်ဒေါ်လာနှစ်သောင်းသုံးစွဲခဲ့ကာသူငယ်ချင်းအုပ်စုနဲ့အတူလည်းစီးနင်းနိုင်ပါတယ်။

ဒါပေမယ့်အလွန်ဂရုစိုက်ဖို့လိုပါတယ်။ဘာ့ကြောင့်လဲဆိုတော့စကိတ်ဘုတ်ဟာအရှိန်နှုန်းအလွန်မြင့်မားပြီးဘရိတ်မပါရှိသောကြောင့်ဖြစ်ပါတယ်။အန္တာရာယ်ကြုံလာပါကစကိတ်ပေါ်မှခုန်ဆင်းရပါမယ်။

တစ်နေ့ရောက်လျှင်တော့ဒီစကိတ်ဘုတ်ကြီးနဲ့လူများကဂင်းနစ်စံချိန်ဟောင်းကိုချိုးဖျက်ကောင်းချိုးဖျက်နိုင်ပါလိမ့်မယ်။စံချိန်ဟောင်းတင်ခဲ့သူကတော့RogerHickey(ရော်ဂျာဟစ်ကီ)ဖြစ်ပါတယ်။သူဟာစကိတ်ပေါ်လှဲကာကားအရှိန်နှုန်းဖြင့်စီးခဲ့တာဖြစ်ပါတယ်။ဒါဟာတစ်နာရိ78မိုင်သို့မဟုတ်126.12ကီလိုရှိပါတယ်။
Ref:youtube
Trans:thegeektext

zawgyi






Ref:youtube
Trans:thegeektext