
အာဖဂန်မှာ သောင်တင်ကျန်နေရစ်ခဲ့တယ်ဆိုတဲ့ အာဖဂန်စကားပြန်ကို ကယ်ထုတ်ပေးမယ်လို့ အိမ်ဖြူတော်က ကတိပေးလိုက်ပြီဖြစ်ပါတယ်။၂၀၀၈ တုန်းက ဘိုင်ဒင်နဲ့ ဆီးနိတ်အမတ်နှစ်ဦးတို့ အာဖဂန်မှာ နှင်းမုန်တိုင်းတွေကြား ရဟတ်ယာဉ်အရေးပေါ်ဆင်းသက်ခဲ့မှုကို ကူညီပေးခဲ့တဲ့ မိုဟာမက်ဆိုသူ အာဖဂန်စကားပြန်ဖြစ်ပြီး အမေရိကန်တွေထွက်ခွာခဲ့မှုမှာ သူ ကျန်နေရစ်ခဲ့တာဖြစ်ပါတယ်။

မိုဟာမက်အနေနဲ့ တာလီဘန်တို့ထိန်းချုပ်ထားတဲ့ တိုင်း ပြည်တွင်း ပိတ်မိနေခဲ့ပြီး သူ့ကိုကယ်တင်ပေးဖို့ သမ္မတဘိုင်ဒင်ကို လူသိရှင်ကြားတောင်းဆိုမှုတွေပြုလုပ်ခဲ့ရပါတယ်။ “သမ္မတကြီးခင်ဗျာ၊ ကျွန်တော်နဲ့ ကျွန်တော့်မိသားစုကို ကယ်တင်ပေးပါ” လို့ သူက Wall Streret Journal ကနေ ပြောဆိုခဲ့ပြီး သူ အာဖဂန်မှာ ရှိနေတာကို မမေ့ပါနဲ့လို့လည်း ပြောဆိုခဲ့ရှာပါတယ်။

အထူးရွှေ့ပြောင်းအခြေချနေထိုင်ခွင့်ဗီဇာရဖို့လည်း သူ ကြိုးစားခဲပေမယ့်လည်း မအောင်မြင်ခဲ့ဘဲ ရှိနေခဲ့ကာ အမေရိကန်တပ်ဖွဲ့တွေက သူတစ်ဦးတည်းကိုသာ ဝင်ရောက်ခွင့်ပြုပြီး ဇနီးနဲ့ ကလေးတွေကိုတော့ ခွင့်မပြုဘူးလို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။အခုအခါ မီဒီယာတွေထက် လူသိရှင်ကြားတောင်းဆိုခဲ့ပြီးနောက်မှာတော့ အိမ်ဖြူတော်က သူ့ကို ကယ်ထုတ်ပေးဖို့အတွက် ကတိစကားပြောဆိုလိုက်ပြီဖြစ်ပါတယ်။

အိမ်ဖြူတော်သတင်းပြန်ကြားရေးအရာရှိတစ်ဦးဖြစ်တဲ့ Jen Psaki က အင်္ဂါနေ့မှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။ “မင်းရဲ့ စွမ်းဆောင်ခဲ့မှုအတွက် ဂုဏ်ပြုပါတယ်၊ ကယ်ထုတ်ပေးမယ်လီု့လည်း ကတိပြုပါတယ်” လို့ သူမက ပြောဆိုခဲ့တာဖြစ်ပါတယ်။ အိမ်ဖြူတော်ဝန်ထမ်းအကြီးအကဲ Ron Klain ကလည်း သူဟာ စကားပြန်ရဲ့သတင်းဇာတ်လမ်းကို ကြားဖူးခဲ့ပြီး အကူအညီတောင်းခံမှုကိုလည်းမြင်တွေ့ခဲ့တယ်လို့ ဆိုပါတယ်။

“ကြိုးနီစနစ်ကို ကျွန်တော်တို့ ဖြတ်တောက်ပစ်ရပါမယ်၊ ဒီဇာတ်လမ်းမှာရှိနေတဲ့ လူကြီးလူကောင်းကို ကျွန်တော်တို့ ရှာဖွေရပါလိမ့်မယ်၊ ပြီးရင်တော့ သူ့ကို အထူးဗီဇာရရှိအောင်ဆောင်ရွက်ပေးပြီး အခြားသူတွေနဲ့အတူ ကယ်ထုတ်ပေးရပါ့မယ်” MSNBC ကို ပြောဆိုခဲ့ကြောင်း သိရပါတယ်။ ဒီအတွက်ကြောင့် အာဖဂန်စကားပြန်အနေနဲ့ တိုင်းပြည်တွင်းက ထွက်ခွာနိုင်တော့မှာဖြစ်ပြီး အမေရိကန်မှာ ရွှေ့ပြောင်းနေထိုင်နိုင်တော့မှာလည်းဖြစ်ပါတယ်။

TRNs
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။
zawgyi
အာဖဂန္မွာ ေသာင္တင္က်န္ေနရစ္ခဲ့တယ္ဆိုတဲ့ အာဖဂန္စကားျပန္ကို ကယ္ထုတ္ေပးမယ္လို႔ အိမ္ျဖဴေတာ္က ကတိေပးလိုက္ၿပီျဖစ္ပါတယ္။၂၀၀၈ တုန္းက ဘိုင္ဒင္နဲ႔ ဆီးနိတ္အမတ္ႏွစ္ဦးတို႔ အာဖဂန္မွာ ႏွင္းမုန္တိုင္းေတြၾကား ရဟတ္ယာဥ္အေရးေပၚဆင္းသက္ခဲ့မႈကို ကူညီေပးခဲ့တဲ့ မိုဟာမက္ဆိုသူ အာဖဂန္စကားျပန္ျဖစ္ၿပီး အေမရိကန္ေတြထြက္ခြာခဲ့မႈမွာ သူ က်န္ေနရစ္ခဲ့တာျဖစ္ပါတယ္။
မိုဟာမက္အေနနဲ႔ တာလီဘန္တို႔ထိန္းခ်ဳပ္ထားတဲ့ တိုင္း ျပည္တြင္း ပိတ္မိေနခဲ့ၿပီး သူ႔ကိုကယ္တင္ေပးဖို႔ သမၼတဘိုင္ဒင္ကို လူသိရွင္ၾကားေတာင္းဆိုမႈေတြျပဳလုပ္ခဲ့ရပါတယ္။ “သမၼတႀကီးခင္ဗ်ာ၊ ကၽြန္ေတာ္နဲ႔ ကၽြန္ေတာ့္မိသားစုကို ကယ္တင္ေပးပါ” လို႔ သူက Wall Streret Journal ကေန ေျပာဆိုခဲ့ၿပီး သူ အာဖဂန္မွာ ရွိေနတာကို မေမ့ပါနဲ႔လို႔လည္း ေျပာဆိုခဲ့ရွာပါတယ္။
အထူးေရႊ႕ေျပာင္းအေျခခ်ေနထိုင္ခြင့္ဗီဇာရဖို႔လည္း သူ ႀကိဳးစားခဲေပမယ့္လည္း မေအာင္ျမင္ခဲ့ဘဲ ရွိေနခဲ့ကာ အေမရိကန္တပ္ဖြဲ႕ေတြက သူတစ္ဦးတည္းကိုသာ ဝင္ေရာက္ခြင့္ျပဳၿပီး ဇနီးနဲ႔ ကေလးေတြကိုေတာ့ ခြင့္မျပဳဘူးလို႔ ေျပာဆိုခဲ့ေၾကာင္း သိရပါတယ္။အခုအခါ မီဒီယာေတြထက္ လူသိရွင္ၾကားေတာင္းဆိုခဲ့ၿပီးေနာက္မွာေတာ့ အိမ္ျဖဴေတာ္က သူ႔ကို ကယ္ထုတ္ေပးဖို႔အတြက္ ကတိစကားေျပာဆိုလိုက္ၿပီျဖစ္ပါတယ္။
အိမ္ျဖဴေတာ္သတင္းျပန္ၾကားေရးအရာရွိတစ္ဦးျဖစ္တဲ့ Jen Psaki က အဂၤါေန႔မွာ ေျပာဆိုခဲ့တာျဖစ္ပါတယ္။ “မင္းရဲ့ စြမ္းေဆာင္ခဲ့မႈအတြက္ ဂုဏ္ျပဳပါတယ္၊ ကယ္ထုတ္ေပးမယ္လီု႔လည္း ကတိျပဳပါတယ္” လို႔ သူမက ေျပာဆိုခဲ့တာျဖစ္ပါတယ္။ အိမ္ျဖဴေတာ္ဝန္ထမ္းအႀကီးအကဲ Ron Klain ကလည္း သူဟာ စကားျပန္ရဲ့သတင္းဇာတ္လမ္းကို ၾကားဖူးခဲ့ၿပီး အကူအညီေတာင္းခံမႈကိုလည္းျမင္ေတြ႕ခဲ့တယ္လို႔ ဆိုပါတယ္။
“ႀကိဳးနီစနစ္ကို ကၽြန္ေတာ္တို႔ ျဖတ္ေတာက္ပစ္ရပါမယ္၊ ဒီဇာတ္လမ္းမွာရွိေနတဲ့ လူႀကီးလူေကာင္းကို ကၽြန္ေတာ္တို႔ ရွာေဖြရပါလိမ့္မယ္၊ ၿပီးရင္ေတာ့ သူ႔ကို အထူးဗီဇာရရွိေအာင္ေဆာင္ရြက္ေပးၿပီး အျခားသူေတြနဲ႔အတူ ကယ္ထုတ္ေပးရပါ့မယ္” MSNBC ကို ေျပာဆိုခဲ့ေၾကာင္း သိရပါတယ္။ ဒီအတြက္ေၾကာင့္ အာဖဂန္စကားျပန္အေနနဲ႔ တိုင္းျပည္တြင္းက ထြက္ခြာနိုင္ေတာ့မွာျဖစ္ၿပီး အေမရိကန္မွာ ေရႊ႕ေျပာင္းေနထိုင္နိုင္ေတာ့မွာလည္းျဖစ္ပါတယ္။
TRNs
မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။