ငွေရှာတာ သိပ်တော်တဲ့ ယိုးဒယားတွေနဲ့ ဘန်ကောက်မှာ ဆေးခန်းလာပြတဲ့ တရက်တာ အတွေ့အကြုံ

ငွေရှာတာ သိပ်တော်တဲ့ ယိုးဒယားတွေနဲ့ ဘန်ကောက်မှာ ဆေးခန်းလာပြတဲ့ တရက်တာ အတွေ့အကြုံ

ငွေရှာတာ သိပ်တော်တဲ့ ယိုးဒယားတွေနဲ့ ဘန်ကောက်မှာ ဆေးခန်းလာပြတဲ့ တရက်တာ အတွေ့အကြုံ..

ဆေးခန်းလာပြတယ်ဆိုတာနဲ့ လေဆိပ်အထိ VIP ကားကြီးနဲ့ လာကြိုတယ်.. ဆေးရုံ Apartment မှာပဲ နေစရာလုပ်ပေးတယ် ဟော်တယ်အတိုင်းပဲ။ ဆေးခန်းပြချင် အောက်ဆင်းရုံပဲ၊ မနက်စာစားချင်လဲ ဆေးရုံထဲမှာ ဆိုင်တွေအများကြီး၊ ဆံပင်ညှပ်ချင်လဲရတယ်၊ spa လုပ်ချင်လဲရှိတယ် ဆေးရုံထဲကထွက်စရာမလိုဘူး အကုန်ရတယ်။

ဆရာဝန်နဲ့တွေ့တော့ သေချာစစ်ပြီးမှ ခွဲသင့် မခွဲသင့်ပြောမယ်ဆိုပြီး ဓါတ်မှန်ရိုက်တယ် ပြန်ကြည့်တယ်.. MRI ရိုက်တယ် ပြန်ကြည့်ပြီး သေချာရှင်းပြ ဆွေးနွေးတယ်.. နောက်ဆုံး CT ထပ်ရိုက်တယ်.. ဘာကြောင့်ထက်ရိုက်ရတယ်ဆိုတာ သေချာရှင်းပါတယ်။ (၃) ကြိမ်လုံး ရိုက်လိုက်စစ်လိုက်နဲ့ နောက်ဆုံး ညနေ ၅ နာရီကျော်မှ ပြီးတယ်။ စစ်တိုင်း ရိုက်တိုင်း ဆရာဝန်နဲ့တွေ့တိုင်း စကားပြန်ပေးဖို့ မြန်မ ဆရာဝန်လေးကအမြဲလာပေးတယ်။ ငွေပေးစရာမလိုဘူးနော်။

နောက်ဆုံး ခွဲသင့်တယ် ၈၀% အထက်ကောင်းမယ် ဘယ်လိုခွဲရမယ်ဆိုတာ သေချာအကြာကြီးရှင်းပြတယ်။ ဓါတ်မှန်ရိုက် လက်မောင်းသူ့နေရာနဲ့သူ ရှိ မရှိကြည့် MRI ရိုက် ကြွက်သားတွေ အရွှတ်တွေပြဲနေတဲ့ အခြေအနေကြည့် CT ရိုက် အရိုးထိခိုက်မှု အခြေအနေကြည့်။ နောက်ဆုံး အရွှတ်ပြဲတယ် ရောင်နေတယ် လက်မောင်းရိုးက ပြုတ်ပါများပြီးစားပြီး နဲနဲချိုင့်နေတယ်။

မှန်ပြောင်းနဲ့ အပေါက် ၃ ပေါက်ဖောက် စကူဆွဲပြီး အရွှတ်နဲ့ အရိုးကိုပြန်တွဲမယ်၊ ဟနေတဲ့ကြွက်သားနဲ့ အရိုးတွေကိုတွဲပြီး ချုပ်မယ်။ နောက် ၄ ရက်နေမှ ခွဲလို့ရမယ်.. သူတို့အရိုးဆရာဝန်များ နှစ်ပတ်လည် အစည်းအဝေးရှိလို့ နဲနဲနောက်ကျသွားတယ်။ ခွဲမယ့်ကုန်ကျစားရိတ်ကို သေချာတွက်ပေးပြီး မခွဲခင် အထွေထွေနဲ့ မေ့ဆေးဆရာဝန်နဲ့ သေခြာစစ်ပေးပါတယ်။

အကုန်လုံးကို တစ်ထိုင်တည်း တစ်နေရာတည်း တစ်ရက်တည်းလုပ်သွားတာ စနစ်ကျချက်ကတော့ တို့မြန်မာတွေ တော်တော်ကျင့်ယူရအုံးမယ်။ နောက်ဆုံး ခွဲပြီးစိတ်ပြီးရင် ၂ ပတ်ကျော်သွားမှာမို့ Visa အတွက် အစိုးရက ဆေးရုံမှာအပတ်တိုင်း လာလုပ်ပေးတယ်တဲ့။ အားလုံးပြီးလို့ Shopping Center သွားမုန့်စားပေါ့။

ပြန်တော့ Taxi တန်းစီးတဲ့ အခါ Taxi ခေါ်ပေး ကားပေါ်တင်ပေးနေတဲ့ ဝန်ထမ်းတစ်ယောက်ရဲ့ စိတ်နေစိတ်ထားနဲ့ အလုပ်ပေါ် အာရုံစူးစိုက်မှု ကူညီမှုတောင်လိုက်မှီဖို့မလွယ်ဘူး။ Taxi စီးဖို့ တန်းစီနေတဲ့ လူပေါင်းများစွာကို ဘယ်သွားမှာလဲမေး ကားသမားကိုပြော အထုတ်တွေဝိုင်းတင်ပေးနဲ့ ပျော်ပျော်ရွှင်ရွှင်လုပ်ပေးနေတာ ကြည့်ရင်းနဲ့ တော်တော်လေးစားတယ်။

ဒို့နိုင်ငံမှာလို မျက်နှာစူပုတ်ပြီး လက်ဖက်ရည်ဖိုးရမှ ထတဲ့သူတွေနဲ့ ကွာလွန်းလို့ စိတ်ဓါတ်တောင် နှစ်တစ်ရာ နောက်ကျန်ခဲ့ပါပြီ။ ဝေ့ဌါနီဆေးရုံမှ ပထမတစ်ရက် အတွေ့အကြုံ။

ကျွန်တော်ရေးထားတဲ့ ဆိုလိုရင်းက ၂ ပိုင်းပါ။ ပထမတစ်ပိုင်းက သူတို့ဆေးရုံရဲ့ စံနစ်ပါ။ အဲဆရာဝန်က တစ်နေ့လုံးဆေးခန်းထိုင်ပြီး လူနာကို တစ်ရက်တည်းနဲ့ မျက်ခြေမပျက်စစ်လိုက် ပြန်ကြည့်လိုက်နဲ့ အချိန်တခုအတွင်းမှာ result တစ်ခုကို ထုတ်ပေးနိုင်တာကို ရည်ညွှန်းတာပါ။ ဒုတိယတစ်ပိုင်းက အောက်ခြေ shopping centre ရဲ့ ဝန်ထမ်းဖြစ်ပေမယ့် မိမိရဲ့ အလုပ်ကိုတာဝန်ကျေပွန်စွာ ပျော်ပျော်ရွှင်ရွှင်လုပ်သွားတဲ့ စိတ်ဓါတ်ကို ရည်ညွှန်းတာပါ။

အားလုံးကိုခြုံပြီး ပြောချင်တာကတော့ ယိုးဒယားနိုင်ငံရဲ့ တိုင်းပြည်ဝင်ငွေတိုးတက်ဖို့ service ပေးရာမှာ ဆေးရုံအထိပါ visa သက်တန်းတိုးဖို့ one stop လိုမျိုးပါလာလုပ်ပေးပြီး ကိုယ်နိုင်ငံဝင်လာပြီး ငွေသုံးတဲ့သူကို ကောင်းမွန်တဲ့ အဆင်ပြေတဲ့စံနစ်ကို ဖော်ဆောင်ထားကို ခြုံငုံဖော်ပြခြင်းဖြစ်ပါတယ်။ အတုယူတက်ရင်တော့ ကောင်းတဲ့ချက်တွေရသွားတာပေါ့။

ကျွန်တော့်ကို ယိုးဒယားခုမှရောက်ဘူးတဲ့တောသားလားဆိုတော့ လွန်ခဲ့တဲ့ ၁၈ နှစ်တည်းက UK မှာကျောင်းတက်ရင် ၇ နှစ်လောက်အလုပ်လုပ်ဘူးတယ်ဆိုတာပါပဲ။ အဲနိုင်ငံတွေအကြောင်းတော့ ယှဉ်ရေးစရာမရှိလို့ တခါမှမရေးခဲ့ပါဘူး။ အနီးစပ်ဆုံး ယိုးဒယားကတော့ ကိုယ်တွေနဲ့ သိပ်မကွာခဲ့တဲ့နိုင်ငံ ဘာကြောင့်ကွာသွားလဲ သုံးသပ်ကြည့်တာပါ။

Auther Nay Lin Htike, လေးစားစွာဖြင့် WS

The post ငွေရှာတာ သိပ်တော်တဲ့ ယိုးဒယားတွေနဲ့ ဘန်ကောက်မှာ ဆေးခန်းလာပြတဲ့ တရက်တာ အတွေ့အကြုံ appeared first on White Sone.

Crd