■ငါးဖမ်းသမားများရှာဖွေခဲ့ပြီး လူဦးရေအထူထပ်ဆုံးကျွန်းတစ်ခုဖြစ်လာသော ဆန်တာခရုစ့်

Article Knowledge Travel World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■ငါးဖမ်းသမားများရှာဖွေခဲ့ပြီး လူဦးရေအထူထပ်ဆုံးကျွန်းတစ်ခုဖြစ်လာသော ဆန်တာခရုစ့်

ကမ္ဘာပေါ်မှာ လူဦးရေအထူထပ်ဆုံးကျွန်းပေါ်မှာ နေထိုင်ဖို့ ရွေးချယ်ခဲ့တယ်ဆိုရင်ကော ဘယ်လိုဖြစ်မလဲရှင့်..

သင်ဟာ ဆန်တာ ခရုစ့် ဒယ်လ် အစ်စလိုတယ်လ်ကိုရောက်ဖို့ အတွက် ကာတန်ဂျီးနားကနေ ကိုလံဘီယာကကမ်းရိုးတန်း တစ်လျှောက် ကို လှေဖြင့် နှစ်နာရီကြာအောင် စီးရပြီး ထိုကျွန်းဟာ အလွန်သေးငယ်တဲ့အတွက် မြို့ခံတွေဟာ မြေမြှုပ်ဖို့အတွက် အနီးအနားက ကျွန်းတွေကို အသုံးပြုကြရပါတယ်။

ကလေးတွေကလည်း အနီးအနားက ကျွန်းမကြီးပေါ်မှာ ကျောင်းတက်ကြရပြီး အားကစားနှင့် အပန်းဖြေဆိုင်ရာ လှုပ်ရှားမှုတွေအားလုံးကို ကျွန်းပြင်ပမှာပဲ ပြုလုပ်ကြရပါတယ်။လူတွေက ဝင်္ကပါလမ်းကြားတွေဆက်ထားတဲ့ အိမ် ကျဥ်းကျဥ်းလေးထဲမှာ နေထိုင်သလို
ကျွန်းလေးရဲ့ စုစုပေါင်း မျက်နှာပြင်ဧရိယာဟာ ၀.၀၁၂ ကီလိုမီတာ ပတ်ပတ်လည် သာရှိပါတယ်။

ဆန်တာခရုစ့်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၅၀ ခန့်ကမှ ဘာရူးမှ နေစရာရှာနေတဲ့ ခြေသလုံးအိမ်တိုင် ငါးဖမ်းသမားက ရှာဖွေတွေ့ရှိခဲ့တာပါ။

သူတို့ဟာ ကျွန်းပေါ်မှာ ခြင်တွေမရှိတာကိုလည်း သတိထားမိခဲ့ကာ။ ဒါဟာ ကာရေဘီယန်ပင်လယ်မှာ အလွန်ရှားပါးတဲ့အချက်ပဲဖြစ်ပါတယ်။
ဒါနဲ့အဲ့မှာပဲ အခြေချဖို့ဆုံးဖြတ်ခဲ့ပြီး ရာစုနှစ်တွေကြာတဲ့အခါမှာတော့ ဒီကျွန်းငယ်လေးပေါ်မှာ တော်တော်ကြီးတဲ့ လူ့အသိုင်းအဝိုင်းတစ်ခု ဖြစ်လာပါတော့တယ်။
Ref:youtube
Trans:thegeektext

zawgyi

TheGeekText.com Copyright©2021 ကူးယူေဖာ္ျပခြင့္လုံးဝခြင့္မျပဳပါ။

■ငါးဖမ္းသမားမ်ားရွာေဖြခဲ့ၿပီး လူဦးေရအထူထပ္ဆုံးကၽြန္းတစ္ခုျဖစ္လာေသာ ဆန္တာခ႐ုစ့္

ကမၻာေပၚမွာ လူဦးေရအထူထပ္ဆုံးကၽြန္းေပၚမွာ ေနထိုင္ဖို႔ ေရြးခ်ယ္ခဲ့တယ္ဆိုရင္ေကာ ဘယ္လိုျဖစ္မလဲရွင့္..

သင္ဟာ ဆန္တာ ခ႐ုစ့္ ဒယ္လ္ အစ္စလိုတယ္လ္ကိုေရာက္ဖို႔ အတြက္ ကာတန္ဂ်ီးနားကေန ကိုလံဘီယာကကမ္းရိုးတန္း တစ္ေလၽွာက္ ကို ေလွျဖင့္ ႏွစ္နာရီၾကာေအာင္ စီးရၿပီး ထိုကၽြန္းဟာ အလြန္ေသးငယ္တဲ့အတြက္ ၿမိဳ႕ခံေတြဟာ ေျမျမႇုပ္ဖို႔အတြက္ အနီးအနားက ကၽြန္းေတြကို အသုံးျပဳၾကရပါတယ္။

ကေလးေတြကလည္း အနီးအနားက ကၽြန္းမႀကီးေပၚမွာ ေက်ာင္းတက္ၾကရၿပီး အားကစားႏွင့္ အပန္းေျဖဆိုင္ရာ လႈပ္ရွားမႈေတြအားလုံးကို ကၽြန္းျပင္ပမွာပဲ ျပဳလုပ္ၾကရပါတယ္။လူေတြက ဝကၤပါလမ္းၾကားေတြဆက္ထားတဲ့ အိမ္ က်ဥ္းက်ဥ္းေလးထဲမွာ ေနထိုင္သလို
ကၽြန္းေလးရဲ့ စုစုေပါင္း မ်က္ႏွာျပင္ဧရိယာဟာ ၀.၀၁၂ ကီလိုမီတာ ပတ္ပတ္လည္ သာရွိပါတယ္။

ဆန္တာခ႐ုစ့္ဟာ လြန္ခဲ့တဲ့ႏွစ္ေပါင္း ၁၅၀ ခန႔္ကမွ ဘာ႐ူးမွ ေနစရာရွာေနတဲ့ ေျခသလုံးအိမ္တိုင္ ငါးဖမ္းသမားက ရွာေဖြေတြ႕ရွိခဲ့တာပါ။

သူတို႔ဟာ ကၽြန္းေပၚမွာ ျခင္ေတြမရွိတာကိုလည္း သတိထားမိခဲ့ကာ။ ဒါဟာ ကာေရဘီယန္ပင္လယ္မွာ အလြန္ရွားပါးတဲ့အခ်က္ပဲျဖစ္ပါတယ္။
ဒါနဲ႔အဲ့မွာပဲ အေျခခ်ဖို႔ဆုံးျဖတ္ခဲ့ၿပီး ရာစုႏွစ္ေတြၾကာတဲ့အခါမွာေတာ့ ဒီကၽြန္းငယ္ေလးေပၚမွာ ေတာ္ေတာ္ႀကီးတဲ့ လူ႔အသိုင္းအဝိုင္းတစ္ခု ျဖစ္လာပါေတာ့တယ္။
Ref:youtube
Trans:thegeektext