အခုလို ကူးစက်ရောဂါတွေပြန်လည်မြင့်မားလာတဲ့အချိန်မှာ စားသောက်ဆိုင်တိုင်းက ပါဆယ်စနစ်နဲ့ရောင်းချနေကြတာပါ ။ သို့ပေမဲ့လည်း အချို့သောဈေးဝယ်တွေက ခပ်ခွာခွာနေပါ လို့အတန်တန်သတိပေးပေမဲ့ ဂရုမစိုက်ကြသူတွေလည်း ရှိပါတယ် ။ ဒါကြောင့် ဗီယက်နမ်နိုင်ငံမှာနေထိုင်တဲ့ Chanh Chanh အမည်ရှိတဲ့ကောင်မလေးက သူမရဲ့ဖခင်ဖြစ်သူက မိခင်အတွက် ဂရုတစိုက်ပြင်ဆင်ပေးခဲ့တဲ့ အကြောင်းကို facebook စာမျက်နှာပေါ်မှာ ဝေမျှသွားခဲ့ပါတယ် ။

မိခင်ဖြစ်သူက ‘တစ်ယောက်နဲ့ တစ်ယောက် 2 မီတာ အကွာမှာနေပါ ‘ ဆိုတဲ့ ဆိုင်ဘုတ်လေးကို သူမရဲ့ဆိုင်ရှေ့မှာ ထောင်ထားခဲ့ပါတယ် ။ သို့ပေမဲ့လည်း ဈေးဝယ်တွေက များလွန်းတဲ့အပြင် ဘယ်သူကမှ ဂရုမစိုက်ကြပါဘူး ။ ဒါကြောင့် မိခင်ဖြစ်သူက ဖခင်ကို ဖြေရှင်းပေးပါအုံး ဆိုပြီး အကူအညီတောင်းခံခဲ့ပါတယ် ။

ဒါကြောင့် ဖခင်ဖြစ်သူက ‘ ငါ့မိန်းမနဲ့ ဝေးဝေးနေ’ ဆိုပြီး အဓိပ္ပါယ်အမျိုးမျိုးသက်ရောက်တဲ့ စာသားနဲ့ဆိုင်းဘုတ်ကို ဇနီးဖြစ်သူရဲ့ ဆိုင်ရှေ့မှာထောင်ထားပေးလိုက်ပါတယ် ။ စဉ်းစားကြည့်လိုက်ရင်တော့ သဝန်တိုလွန်းတဲ့ခင်ပွန်းလို့ အထင်အမြင်လွဲမှားစေပေမဲ့လည်း ဈေးသည်ဇနီးအတွက်ကတော့ ပိုပြီး လုံခြုံစိတ်ချသွားစေမှာ မုချပါပဲလေ ။

Jasmine (Mckzone Daily)
Source : thesmartlocal
Unicode