ငါမအိုသေးဘူးဆိုကာ ၂၀၂၄ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် ဒေါ်နယ်ထရမ့်

News

၂၀၂၄ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် ဒေါ်နယ်ထရမ့်

သမ္မတဟောင်ဒေါ်နယ်ထရမ့်ဟာ လာမယ့် ၂၀၂၄ ရွေး ကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့်အကြောင်းကို ကြေ ညာဖို့ အသင့်ဖြစ်နေပြီဖြစ်ကြောင်း ရီပတ်ဘလစ်ကန်အမတ် Jim Jordan က ပြောဆိုလိုက်ပါတယ်။ရုပ်သံသတင်းထောက်တစ်ဦးဖြစ်သူ Lauren Windsor နဲ့ ပြုလုပ်ခဲ့တဲ့ အမေးအဖြေကဏ္ဍမှာ သူက ပြောဆိုခဲ့တာဖြစ်ပြီး ထရမ့်က သေချာပေါက်ပြန်လာလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။

“သမ္မတထရမ့်က နောက်တစ်ကြိမ် ဝင်ရောက်ယှဉ်ပြိုင်ဦးမှာပါ” လို့ Jim က ပြောဆိုခဲ့ပါတယ်။”ခင်ဗျား အဲဒီလိုထင်လား” လို့ အခြားသူတစ်ဦးက မေးမြန်းခဲ့မှုကိုလည်း Jim က “ကျွန်တော်သိပြီးပါပြီ၊ မနေ့ကပဲ သူနဲ့ စကားပြောခဲ့တာပါ” လို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ “ရူးချင်စရာကောင်းတဲ့ အာဖဂန်ကိစ္စရပ်တွေအားလုံးအပြီးမှာ သူ ကြေညာဖို့ အသင့်ဖြစ်နေပါတယ်” လို့ Ohio ပြည်နယ်က အမတ်က ထပ်မံပြောကြားခဲ့ပါတယ်။

တချိန်တည်းမှာပဲ ထရမ့်ရဲ့ အကြံပေးဖြစ်သူ Jason Miller က ထရမ့်ဟာ ရွေးကောက်ပွဲပြန်လည်ယှဉ်ပြိုင်ဖို့ နီးစပ်နေတယ်လို့ ဝန်ခံခဲ့ပါတယ်။ “ရာနှုန်း ပြည့်နီးပါးသေချာတယ်လို့ ကျွန်တော်ပြောနိုင်ပါတယ်၊ သူက ၂၀၂၄ မှာ သေချာပေါက်ဝင်ပြိုင်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်” လို့ သူက ပြောဆိုခဲ့ပြီး သမ္မတဟောင်းရဲ့ အိမ်ဖြူတော်ကို ပြန်လာနိုင်ရေး ကြိုးပမ်းနေမှုတွေကို အရိပ်အမြွက်ဆိုခဲ့ပါတယ်။

အာဖဂန်လေဆိပ်မှာ အသေခံဗုံးဖောက်ခွဲမှုကြောင့် အမေရိကန်စစ်သား ၁၃ ဦး သေဆုံးပြီး ကယ်ထုတ်ရေးအစီအစဉ်တွေကလည်း ကစဉ့်ကလျားဖြစ်နေခဲ့တာနဲ့ ပတ်သက်ပြီး ထရမ့်က ပြီးခဲ့တဲ့လနှောင်းပိုင်းမှာ ဂျိုးဘိုင်ဒင်ကို လှောင်ပြောင်ပြစ်တင်မှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။ ဘိုင်ဒင်အနေနဲ့ စီမံခန့်ခွဲမှု အမှားတွေကြောင့် ရာထူးကနုတ်ထွက်သင့်တယ်လို့ ထရမ့်က လူသိရှင်ကြားပြောဆိုခဲ့ပြီး သူ့ကို လွမ်းဆွတ်နေကြပြီမဟုတ်လားလို့လည်း မေးခွန်းထုတ်ခဲ့ပါသေးတယ်။…

TRNs
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi

၂၀၂၄ ေရြးေကာက္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္မယ့္ ေဒၚနယ္ထရမ့္

သမၼတေဟာင္ေဒၚနယ္ထရမ့္ဟာ လာမယ့္ ၂၀၂၄ ေရြး ေကာက္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္မယ့္အေၾကာင္းကို ေၾက ညာဖို႔ အသင့္ျဖစ္ေနၿပီျဖစ္ေၾကာင္း ရီပတ္ဘလစ္ကန္အမတ္ Jim Jordan က ေျပာဆိုလိုက္ပါတယ္။႐ုပ္သံသတင္းေထာက္တစ္ဦးျဖစ္သူ Lauren Windsor နဲ႔ ျပဳလုပ္ခဲ့တဲ့ အေမးအေျဖက႑မွာ သူက ေျပာဆိုခဲ့တာျဖစ္ၿပီး ထရမ့္က ေသခ်ာေပါက္ျပန္လာလိမ့္မယ္လို႔ ဆိုခဲ့ပါတယ္။

“သမၼတထရမ့္က ေနာက္တစ္ႀကိမ္ ဝင္ေရာက္ယွဥ္ၿပိဳင္ဦးမွာပါ” လို႔ Jim က ေျပာဆိုခဲ့ပါတယ္။”ခင္ဗ်ား အဲဒီလိုထင္လား” လို႔ အျခားသူတစ္ဦးက ေမးျမန္းခဲ့မႈကိုလည္း Jim က “ကၽြန္ေတာ္သိၿပီးပါၿပီ၊ မေန႔ကပဲ သူနဲ႔ စကားေျပာခဲ့တာပါ” လို႔ ျပန္လည္တုံ႔ျပန္ခဲ့ပါတယ္။ “႐ူးခ်င္စရာေကာင္းတဲ့ အာဖဂန္ကိစၥရပ္ေတြအားလုံးအၿပီးမွာ သူ ေၾကညာဖို႔ အသင့္ျဖစ္ေနပါတယ္” လို႔ Ohio ျပည္နယ္က အမတ္က ထပ္မံေျပာၾကားခဲ့ပါတယ္။

တခ်ိန္တည္းမွာပဲ ထရမ့္ရဲ့ အႀကံေပးျဖစ္သူ Jason Miller က ထရမ့္ဟာ ေရြးေကာက္ပြဲျပန္လည္ယွဥ္ၿပိဳင္ဖို႔ နီးစပ္ေနတယ္လို႔ ဝန္ခံခဲ့ပါတယ္။ “ရာႏႈန္း ျပည့္နီးပါးေသခ်ာတယ္လို႔ ကၽြန္ေတာ္ေျပာနိုင္ပါတယ္၊ သူက ၂၀၂၄ မွာ ေသခ်ာေပါက္ဝင္ၿပိဳင္လိမ့္မယ္လို႔ ကၽြန္ေတာ္ထင္ပါတယ္” လို႔ သူက ေျပာဆိုခဲ့ၿပီး သမၼတေဟာင္းရဲ့ အိမ္ျဖဴေတာ္ကို ျပန္လာနိုင္ေရး ႀကိဳးပမ္းေနမႈေတြကို အရိပ္အႁမြက္ဆိုခဲ့ပါတယ္။

အာဖဂန္ေလဆိပ္မွာ အေသခံဗုံးေဖာက္ခြဲမႈေၾကာင့္ အေမရိကန္စစ္သား ၁၃ ဦး ေသဆုံးၿပီး ကယ္ထုတ္ေရးအစီအစဥ္ေတြကလည္း ကစဉ့္ကလ်ားျဖစ္ေနခဲ့တာနဲ႔ ပတ္သက္ၿပီး ထရမ့္က ၿပီးခဲ့တဲ့လေႏွာင္းပိုင္းမွာ ဂ်ိဳးဘိုင္ဒင္ကို ေလွာင္ေျပာင္ျပစ္တင္မႈေတြ ျပဳလုပ္ခဲ့ပါေသးတယ္။ ဘိုင္ဒင္အေနနဲ႔ စီမံခန႔္ခြဲမႈ အမွားေတြေၾကာင့္ ရာထူးကႏုတ္ထြက္သင့္တယ္လို႔ ထရမ့္က လူသိရွင္ၾကားေျပာဆိုခဲ့ၿပီး သူ႔ကို လြမ္းဆြတ္ေနၾကၿပီမဟုတ္လားလို႔လည္း ေမးခြန္းထုတ္ခဲ့ပါေသးတယ္။…

TRNs
မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။