■ငရဲပြည်ရဲ့ဝင်ပေါက်ဟုတောင်ယုံကြည်ထားကြတဲ့ နယ်မြေဆိုးတစ်ခု
Article Knowledge World
TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■ငရဲပြည်ရဲ့ဝင်ပေါက်ဟုတောင်ယုံကြည်ထားကြတဲ့ နယ်မြေဆိုးတစ်ခု
တချို့နေရာတွေဟာ ကျိန်စာတွေ ပျက်စီးစေတဲ့အရာတွေပဲရှိပြီး ကောင်းတဲ့အရာ ဘာတစ်ခုမှမရှိတာတွေလည်းရှိပါတယ်။ အဲ့လိုမျိုး အစွန်အဖျားကျတဲ့ နယ်မြေဆိုးလို့ခေါ်လို့ရတဲ့နေရာဟာ အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ်မှာရှိပါတယ်။
ဖီးနစ် မက်ထရိုပေါ်လီတန် (Phoenix Metropolitan) နယ်မြေ အရှေ့နားလေးမှာတည်ရှိပြီး မိုးခေါင်လွန်းလို့ တောင်ထိပ်နှစ်ခု လိမ်နေတဲ့အတွက် ကျောက်တွေနဲ့ကြမ်းတမ်းတဲ့နေရာတစ်ခုဖြစ်တဲ့အပြင် မကောင်းတဲ့မြေလို့ခေါ်ကြတဲ့သဘာဝလွန်ဖြစ်ရပ်တည်တောင်ပဲဖြစ်ပါတယ်။
စီရာလာအယ်လာဒစ်စ်ဘူမာ (Sierra De La Espuma) လို့ စပိန် အခြေချသူတွေက ခေါ်ကြပါတယ်။ ဒိီနေရာရဲ့ ဇာတ်ကြောင်းကိုပြောရရင်တော့ Jacob Waltz လို့ခေါ်တဲ့လူဟာ ၁၉ရာစုလောက်မှာ ရွှေမိုင်းတွင်းကြီးကို ဒီတောင်တွေကြားမှာတွေ့ခဲ့ပါတယ်။ အဲ့ဒီလျို့ဝှက်နေရာအကြောင်းက သူဆုံးပါးတဲ့အခါ သူ့အုတ်ဂူထဲအထိ ပါသွားပါတယ်။
သူမဆုံးပါးခင်က တစ်ယောက်ယောက်ကို အဲ့ အကြောင်းပြောပြရင်လည်းပြောပြခဲ့နိုင်ပါတယ်။ အဲ့အချိန်ကစပြီး ပျောက်ဆုံးနေတဲ့ ဒတ်ချ်လူမျိုးရဲ့ ရွှေမိုင်းတွင်းကိုရှာဖို့ မြန်မြန်ဆန်ဆန်ပဲ ကြိုးစားကြပါတော့တယ်။ ဒါပေမယ့် အကုန်လုံးပျက်စီးပျောက်ကွယ်သွားရတာချည်းပါပဲ။
ရှာဖွေတဲ့သူတွေဟာ ဝင်သွားပြီး ပြန်ထွက်မလာတော့ပါဘူး ။ အမေရိကန်လူမျိုးတွေပြောပုံအရတော့ ဒီတောင်ဟာ ငရဲပြည်ကိုသွားတဲ့ ဝင်ပေါက်လို့တောင်ယုံကြည်ုကြပါတယ်။
Ref:youtube
Trans:thegeektext
zawgyi
Ref:youtube
Trans:thegeektext