
ငယ်စဉ်ကတည်းကအိမ်မက်ရှိနေသည့် သတိုးသမီးဝတ်စုံလေးကို လူငယ်တစ်စုကြောင့်အမှန်တကယ်ဝတ်ဆင်ခွင့်ရခဲ့လို့ ဝမ်းသာပျော်မဆုံးဖြစ်နေခဲ့ရသည့် ၈၉နှစ်အရွယ် အိမ်ခြေမဲ့အဖွား
မိန်းကလေးတိုင်းသည်သူတို့အမှန်တကယ်ချစ်မြတ်နိုးရသောချစ်သူနှင့် တစ်ဘဝလုံးပေါင်းဖက်နိုင်ရန်အတွက် သတိုးသမီးဝတ်စုံလေးကိုဝတ်ပြီး ခမ်းနားလှသောမင်္ဂလာပွဲလေးကိုကျင်းပလိုကျပေသည်။
မိန်းကလေးတို့၏အိမ်မက်သည် သတိုးသမီးဝတ်စုံလေးကို လှပစွာဆင်မြန်းခွင့်ရရှိလိုကြတာဘဲဖြစ်ပါတယ်။ယခုတွင်လည်း ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင်နေထိုင်သော အသက်၈၉နှစ်အရွယ်အိမ်ခြေရာမဲ့အဖွားအိုသည် ငယ်စဥ်တည်းကသတိုးသမီးဝတ်စုံလေးကို ဝတ်ဆင်ခွင့်ရရှိချင်ခဲ့သည်။
မဖြစ်နိုင်မှန်းသိနေခဲ့ရသော်လည်း ဓာတ်ပုံဆရာလူငယ်လေးက အဖွား၏ဆန္ဒတွေကိုဖြည့်ဆည်းပေးမယ်လို့ဆိုလာခဲ့သောအခါ အဖွားဟာအလွန်ပျော်ရွင်သွားခဲ့ရပါတယ်။ဆန္ဒတွေအမှန်တကယ်ပြည့်သွားခဲ့သော အဖွား၏အပြုံးလေးဟာ ကြည်းနူးဖွယ်ကောင်းနေခဲ့ပါတယ်။
Zawgyi
Crd