$ငမြဲ ႏိုင္ငံက ဘာေတြေမွ်ာ္လင့္ေနတာလဲ..( ျမန္မာေတြ အေဆာ္ကားခံ လိုက္ရျပန္ျပီ )

$ငမြဲ ႏိုင္ငံက ဘာေတြေမွ်ာ္လင့္ေနတာလဲ..( ျမန္မာေတြ အေဆာ္ကားခံ လိုက္ရျပန္ျပီ )
(ႀကိဳေျပာပါ့မယ္-ပြဲရွာတာမဟုတ္ဘူး)စိတ္ထဲမေကာင္းလြန္းလို႔ ေရးလိုက္႐ုံပါ။
မေန႔က Miss Grand International 2022 ရဲ႕ Final Show ၿပီးသြားခဲ့တယ္။
Miss ပြဲေတြဘာေတြကို တကူးတက လိုက္ၾကည့္ေနတာမဟုတ္ေပမယ့္ မီဒီယာေတြကတဆင့္ ဒီႏွစ္ေတာ့ ဘယ္သူက ကိုယ့္ႏိုင္ငံကိုယ္စားျပဳ ဝင္ၿပိဳင္တယ္ဆိုတာေလာက္ကို ၾကည့္မိတယ္။
ဒီႏွစ္ ျမန္မာကိုယ္စားျပဳ သြားၿပိဳင္တာက ထိုင္း-ျမန္မာ(ကရင္) ကျပားမေလး, Ei Ei Aung Tun.
အခုအေျခအေနမွာ ျမန္မာကိုယ္စားျပဳအလွမယ္က Crown ရသြားလဲ သူ႔အတြက္ အသိအမွတ္ျပဳၿပီး၊ စိတ္ေက်နပ္စရာတစ္ခု ျဖစ္႐ုံေလာက္ပဲ။
ျမန္မာလူမ်ိဳးေတြအတြက္ ဒီအေျခအေနမွာ ဒါထက္ခံစားခ်က္ မပိုႏိုင္ေသးဘူး။
ဒါေပမယ့္ ျမန္မာကိုယ္စားျပဳ အလွမယ္အေနနဲ႔ သူ ႀကိဳးစားတယ္၊ သြက္လက္တယ္၊ ေျပာရရင္ တန္းတစ္ခုဝင္တယ္ကြာ။
ထိုင္း၊ အင္ဒို၊ ကေမာၻဒီးယား၊ ဗီယက္နမ္၊ ဖိလစ္ပင္း…ဒီႏိုင္ငံေတြနဲ႔ သူယွဥ္လို႔ရတယ္။
အားေပးေနၾကတဲ့ ႏိုင္ငံတကာက သုံးသပ္သူေတြကအစ ျမန္မာအလွမယ္ကို Top 20 ထဲ မွန္းခ်က္ေပးထားၾကတာ ေတြ႕ရတယ္။
လူတိုင္းကေတာ့ ကိုယ့္ႏိုင္ငံကိုယ္စားျပဳ အလွမယ္ကို ဆုတစ္ခုခု ရေစခ်င္ၾကတာခ်ည္းပဲ။
တကယ့္တကယ္ Winner ရသြားတာက Brazil အလွမယ္။ သူက တကယ္ထိုက္တန္လို႔ရတယ္ဆိုတာ အားလုံးနီးပါးလက္ခံၾကတယ္။
လက္မခံႏိုင္ၾကတာက 1st Runner Up ရသြားတဲ့ ထိုင္းအလွမယ္နဲ႔ 2nd Runner Up ရသြားတဲ့ အင္ဒို အလွမယ္။
အထူးသျဖင့္ ဗီယက္နမ္ေတြနဲ႔ ထိုင္းေတြ Miss Grand International ေပ့ခ္်မွာ အခုထိ ပြဲျဖစ္ေနၾကတုန္း။ ပြဲျဖစ္ေနတဲ့ပို႔စ္ေအာက္မွာ comment ဝင္ဖတ္ၾကည့္ေတာ့မွ ပါးစပ္အေဟာင္းသားျဖစ္ခဲ့ရတာ။
1st Runner Up ေၾကညာထားတဲ့ ပို႔စ္ေအာက္မွာဆိုလဲ ဗီယက္နမ္ေတြက ထိုင္းေတြကို ရွယ္ဖဲ့ေနၾကတာ။ Mr.Nawat ရဲ႕မ်က္ႏွာေၾကာင့္ ရသြားတယ္ေပါ့ေလ။
2nd Runner Up ေၾကညာထားတဲ့ ပိုစ္ေအာက္မွာဆိုလဲ ပြဲစည္ေနေရာ။ အင္ဒို အလွမယ္ရတာက လက္ခံက်င္းပတဲ့ အိမ္ရွင္ႏိုင္ငံျဖစ္ေနလို႔ေပါ့ကြာ။
တခ်ိဳ႕ မန႔္ေတြဆို ဖတ္ၿပီး ရယ္မိတာေတြေတာင္ရွိပါတယ္။ “ပူတင္က မနက္ျဖန္ ထိုင္းႏိုင္ငံကို အႏုျမဴဗုံးႀကဲပါေစ” ဆိုၿပီး ဗီယက္ေတြက ထိုင္းကိုေမတၱာပို႔တာေတြလဲရွိတယ္။
အဲဒီမွာ ျမန္မာကတစ္ေယာက္ကလဲ ကိုယ့္ႏိုင္ငံ အလွမယ္က ဘာတစ္ခုမွ မရေတာ့ စကားနာထိုးတဲ့ photo comment တစ္ခု မန႔္ထားတာေတြ႕လိုက္တယ္။ သူ႔မန႔္ေအာက္မွာလဲ ဝိုင္းၿပီး ဆြမ္းႀကီးေလာင္းၾကျပန္တာေပါ့။
အဲဒီအထိ ဘာမွမျဖစ္ေသးဘူး။
သူသူကိုယ္ကိုယ္ ပို႔စ္ေအာက္မွာ ကိုယ္ထင္ရာကိုယ္ေရးၿပီးေခ်ပၾကမွာပဲ။ ဒါေပမယ့္ ဘာကို ႐ုတ္တရက္ေတြ႕လိုက္ရလဲဆိုေတာ့ အခုပုံမွာျပထားတဲ့ comment ပဲ။
သူေျပာထားတာကို ဘာသာျပန္ရရင္ကြာ …
“မင္းတို႔လို ေစာက္ငမြဲႏိုင္ငံကလဲ Miss Grand Winner လိုခ်င္တာပဲလား” ဆိုတဲ့ အဓိပၸါယ္ေပါ့။
ခင္ဗ်ားတို႔ေတာ့ မသိဘူး။ က်ေနာ္ေတာ့ ေထာင္းခနဲ႔ ေဒါသလဲ ျဖစ္မိသလို၊ အဲလိုေျပာတဲ့လူကို စိတ္ပါတိုသြားတာ။ ျပန္စဥ္းစားၾကည့္ေတာ့လဲ စိတ္မေကာင္းျဖစ္ရ႐ုံပါပဲ။
ဘယ္လို စိတ္မေကာင္းျဖစ္သြားလဲဆိုေတာ့ ရပ္ကြက္ထဲမွာ ငယ္ငယ္ကတည္းကေပါင္းလာတဲ့ေကာင္ေတြက ပိုက္ဆံမရွိေတာ့ ေစာက္ဖက္မလုပ္၊ လူရာမသြင္းတဲ့ ခံစားခ်က္မ်ိဳး။
ဘာမွေတာ့ မဆိုင္ႏိုင္ေပမယ့္ သူေျပာလဲ ေျပာခ်င္စရာပဲေလ။ ႏိုင္ငံတိုင္းက ကိုယ့္ႏိုင္ငံ အဘက္ဘက္က တိုးတက္ဖို႔အၿပိဳင္အဆိုင္ လုပ္ေနၾကခ်ိန္မွာ က်ဳပ္တို႔ဆီက တစ္ေန႔တစ္ေန႔ အခ်င္းခ်င္း သတ္ျဖတ္လို႔ ေကာင္းၾကတုန္း။
ေစာက္ဆရာ ႀကီးေတြေပါသေလာက္ ႏိုင္ငံကေဇာက္ထိုးခုန္ဆင္းေနတာကြာ။ အရင္ကတည္းက လူရာမဝင္ေသးတဲ့ႏိုင္ငံက အခုဆို အဘက္ဘက္မွာ အမည္ပ်က္စာရင္းဝင္ေနျပန္ၿပီ။
ဒီလိုငမြဲႏိုင္ငံေလးကို ဘယ္ႏိုင္ငံကမွ ထူးေထြၿပီး အဖက္လုပ္ ေပါင္းမေနဘူးဆိုတာ က်ေနာ္တို႔ ျမင္ေတြ႕ရေပါင္းမ်ားလွၿပီ။
(*အမွားျပင္ – ႏိုင္ငံက မမြဲဘူး၊ ႏိုင္ငံကို မြဲေအာင္လုပ္ေနတဲ့သူေတြေၾကာင့္ ျပည္သူေတြမခ်မ္းသာတာ။ ျပည္သူက မခ်မ္းသာေတာ့ ျပည္သူကို ကိုယ္စားျပဳတဲ့ ႏိုင္ငံက ငမြဲႏိုင္ငံေပါ့။)
ဒီမန႔္ဟာ “မင္းတို႔လို ေစာက္ငမြဲႏိုင္ငံေလးက ဘာေတြမွ ေမွ်ာ္လင့္မေနနဲ႔” ဆိုတဲ့ message က်ေနာ္တို႔ကိုေပးလိုက္တာပါပဲ။ ရပ္ကြက္ထဲမွာမွ မဟူတ္ပါဘူး။
တျခားႏိုင္ငံေရာက္လို႔ မင္းဟာမင္း ဘာ Branded ေတြ ဝတ္ထားထား၊ ျမန္မာဆိုတာနဲ႔ မင္းကငမြဲေကာင္ပဲ။ ငမြဲတစ္ေယာက္အေနနဲ႔ ဘာေျပာေျပာ အရာဝင္မွာမဟုတ္သလို အၿမဲအႏွိမ္ခံေနရဦးမွာပဲ။
ႏိုင္ငံက လူရာဝင္ခ်င္ရင္ေတာ့ ခ်မ္းသာေအာင္လုပ္ရမွာပဲ။ ခ်မ္းသာဖို႔ကလဲ အရင္ဆုံးလိုအပ္ခ်က္က တိုင္းျပည္အျမန္ၿငိမ္းခ်မ္းဖို႔။
ေနာက္တစ္ခုက တိုင္းျပည္ဘ႑ာမွန္သမွ် ကိုယ့္အိတ္ထဲပဲ ထည့္ေနတဲ့သူေတြ ပလႅင္ေပၚထိုင္မေနဖို႔။
ဒီေတာ့ ငါတို႔မွာ တျခားေ႐ြးခ်ယ္စရာမွ မရွိေတာ့တာ။ ဘာတဲ့ ခင္ဗ်ားတို႔က်ေနာ္တို႔ ခဏခဏ ငွားသုံးေနတဲ့ ဘီလ္ဂိတ္ရဲ႕စကား …
“ဆင္းဆင္းရဲရဲေမြးလာတာ မင္းအျပစ္မဟုတ္ဘူး၊ ဆင္းဆင္းရဲရဲေသသြားရင္ေတာ့ မင္းအျပစ္ျဖစ္သြားၿပီ” တဲ့။
အဲလိုပဲ ေျပာရမယ္ဆို ဆင္းဆင္းရဲရဲတိုင္းျပည္မွာ ေမြးလာတာ က်ဳပ္တို႔အျပစ္မဟုတ္ဘူး၊ က်ဳပ္တို႔ ေသသြားတဲ့အထိ တိုင္းျပည္ဆင္းရဲေနရင္ေတာ့ က်ဳပ္တို႔တစ္မ်ိဳးဆက္လုံး ေစာက္သုံးမက်လို႔ပဲေပါ့။
Crd..(zaw_ye_linn)
Unicode
$ငမွဲ နိုင်ငံက ဘာတွေမျှော်လင့်နေတာလဲ..( မြန်မာတွေ အဆော်ကားခံ လိုက်ရပြန်ပြီ )
(ကြိုပြောပါ့မယ်-ပွဲရှာတာမဟုတ်ဘူး)စိတ်ထဲမကောင်းလွန်းလို့ ရေးလိုက်ရုံပါ။
မနေ့က Miss Grand International 2022 ရဲ့ Final Show ပြီးသွားခဲ့တယ်။
Miss ပွဲတွေဘာတွေကို တကူးတက လိုက်ကြည့်နေတာမဟုတ်ပေမယ့် မီဒီယာတွေကတဆင့် ဒီနှစ်တော့ ဘယ်သူက ကိုယ့်နိုင်ငံကိုယ်စားပြု ဝင်ပြိုင်တယ်ဆိုတာလောက်ကို ကြည့်မိတယ်။
ဒီနှစ် မြန်မာကိုယ်စားပြု သွားပြိုင်တာက ထိုင်း-မြန်မာ(ကရင်) ကပြားမလေး, Ei Ei Aung Tun.
အခုအခြေအနေမှာ မြန်မာကိုယ်စားပြုအလှမယ်က Crown ရသွားလဲ သူ့အတွက် အသိအမှတ်ပြုပြီး၊ စိတ်ကျေနပ်စရာတစ်ခု ဖြစ်ရုံလောက်ပဲ။
မြန်မာလူမျိုးတွေအတွက် ဒီအခြေအနေမှာ ဒါထက်ခံစားချက် မပိုနိုင်သေးဘူး။
ဒါပေမယ့် မြန်မာကိုယ်စားပြု အလှမယ်အနေနဲ့ သူ ကြိုးစားတယ်၊ သွက်လက်တယ်၊ ပြောရရင် တန်းတစ်ခုဝင်တယ်ကွာ။
ထိုင်း၊ အင်ဒို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ဖိလစ်ပင်း…ဒီနိုင်ငံတွေနဲ့ သူယှဉ်လို့ရတယ်။
အားပေးနေကြတဲ့ နိုင်ငံတကာက သုံးသပ်သူတွေကအစ မြန်မာအလှမယ်ကို Top 20 ထဲ မှန်းချက်ပေးထားကြတာ တွေ့ရတယ်။
လူတိုင်းကတော့ ကိုယ့်နိုင်ငံကိုယ်စားပြု အလှမယ်ကို ဆုတစ်ခုခု ရစေချင်ကြတာချည်းပဲ။
တကယ့်တကယ် Winner ရသွားတာက Brazil အလှမယ်။ သူက တကယ်ထိုက်တန်လို့ရတယ်ဆိုတာ အားလုံးနီးပါးလက်ခံကြတယ်။
လက်မခံနိုင်ကြတာက 1st Runner Up ရသွားတဲ့ ထိုင်းအလှမယ်နဲ့ 2nd Runner Up ရသွားတဲ့ အင်ဒို အလှမယ်။
အထူးသဖြင့် ဗီယက်နမ်တွေနဲ့ ထိုင်းတွေ Miss Grand International ပေ့ခ်ျမှာ အခုထိ ပွဲဖြစ်နေကြတုန်း။ ပွဲဖြစ်နေတဲ့ပို့စ်အောက်မှာ comment ဝင်ဖတ်ကြည့်တော့မှ ပါးစပ်အဟောင်းသားဖြစ်ခဲ့ရတာ။
1st Runner Up ကြေညာထားတဲ့ ပို့စ်အောက်မှာဆိုလဲ ဗီယက်နမ်တွေက ထိုင်းတွေကို ရှယ်ဖဲ့နေကြတာ။ Mr.Nawat ရဲ့မျက်နှာကြောင့် ရသွားတယ်ပေါ့လေ။
2nd Runner Up ကြေညာထားတဲ့ ပိုစ်အောက်မှာဆိုလဲ ပွဲစည်နေရော။ အင်ဒို အလှမယ်ရတာက လက်ခံကျင်းပတဲ့ အိမ်ရှင်နိုင်ငံဖြစ်နေလို့ပေါ့ကွာ။
တချို့ မန့်တွေဆို ဖတ်ပြီး ရယ်မိတာတွေတောင်ရှိပါတယ်။ “ပူတင်က မနက်ဖြန် ထိုင်းနိုင်ငံကို အနုမြူဗုံးကြဲပါစေ” ဆိုပြီး ဗီယက်တွေက ထိုင်းကိုမေတ္တာပို့တာတွေလဲရှိတယ်။
အဲဒီမှာ မြန်မာကတစ်ယောက်ကလဲ ကိုယ့်နိုင်ငံ အလှမယ်က ဘာတစ်ခုမှ မရတော့ စကားနာထိုးတဲ့ photo comment တစ်ခု မန့်ထားတာတွေ့လိုက်တယ်။ သူ့မန့်အောက်မှာလဲ ဝိုင်းပြီး ဆွမ်းကြီးလောင်းကြပြန်တာပေါ့။
အဲဒီအထိ ဘာမှမဖြစ်သေးဘူး။
သူသူကိုယ်ကိုယ် ပို့စ်အောက်မှာ ကိုယ်ထင်ရာကိုယ်ရေးပြီးချေပကြမှာပဲ။ ဒါပေမယ့် ဘာကို ရုတ်တရက်တွေ့လိုက်ရလဲဆိုတော့ အခုပုံမှာပြထားတဲ့ comment ပဲ။
သူပြောထားတာကို ဘာသာပြန်ရရင်ကွာ …
“မင်းတို့လို စောက်ငမွဲနိုင်ငံကလဲ Miss Grand Winner လိုချင်တာပဲလား” ဆိုတဲ့ အဓိပ္ပါယ်ပေါ့။
ခင်ဗျားတို့တော့ မသိဘူး။ ကျနော်တော့ ထောင်းခနဲ့ ဒေါသလဲ ဖြစ်မိသလို၊ အဲလိုပြောတဲ့လူကို စိတ်ပါတိုသွားတာ။ ပြန်စဉ်းစားကြည့်တော့လဲ စိတ်မကောင်းဖြစ်ရရုံပါပဲ။
ဘယ်လို စိတ်မကောင်းဖြစ်သွားလဲဆိုတော့ ရပ်ကွက်ထဲမှာ ငယ်ငယ်ကတည်းကပေါင်းလာတဲ့ကောင်တွေက ပိုက်ဆံမရှိတော့ စောက်ဖက်မလုပ်၊ လူရာမသွင်းတဲ့ ခံစားချက်မျိုး။
ဘာမှတော့ မဆိုင်နိုင်ပေမယ့် သူပြောလဲ ပြောချင်စရာပဲလေ။ နိုင်ငံတိုင်းက ကိုယ့်နိုင်ငံ အဘက်ဘက်က တိုးတက်ဖို့အပြိုင်အဆိုင် လုပ်နေကြချိန်မှာ ကျုပ်တို့ဆီက တစ်နေ့တစ်နေ့ အချင်းချင်း သတ်ဖြတ်လို့ ကောင်းကြတုန်း။
စောက်ဆရာ ကြီးတွေပေါသလောက် နိုင်ငံကဇောက်ထိုးခုန်ဆင်းနေတာကွာ။ အရင်ကတည်းက လူရာမဝင်သေးတဲ့နိုင်ငံက အခုဆို အဘက်ဘက်မှာ အမည်ပျက်စာရင်းဝင်နေပြန်ပြီ။
ဒီလိုငမွဲနိုင်ငံလေးကို ဘယ်နိုင်ငံကမှ ထူးထွေပြီး အဖက်လုပ် ပေါင်းမနေဘူးဆိုတာ ကျနော်တို့ မြင်တွေ့ရပေါင်းများလှပြီ။
(*အမှားပြင် – နိုင်ငံက မမွဲဘူး၊ နိုင်ငံကို မွဲအောင်လုပ်နေတဲ့သူတွေကြောင့် ပြည်သူတွေမချမ်းသာတာ။ ပြည်သူက မချမ်းသာတော့ ပြည်သူကို ကိုယ်စားပြုတဲ့ နိုင်ငံက ငမွဲနိုင်ငံပေါ့။)
ဒီမန့်ဟာ “မင်းတို့လို စောက်ငမွဲနိုင်ငံလေးက ဘာတွေမှ မျှော်လင့်မနေနဲ့” ဆိုတဲ့ message ကျနော်တို့ကိုပေးလိုက်တာပါပဲ။ ရပ်ကွက်ထဲမှာမှ မဟူတ်ပါဘူး။
တခြားနိုင်ငံရောက်လို့ မင်းဟာမင်း ဘာ Branded တွေ ဝတ်ထားထား၊ မြန်မာဆိုတာနဲ့ မင်းကငမွဲကောင်ပဲ။ ငမွဲတစ်ယောက်အနေနဲ့ ဘာပြောပြော အရာဝင်မှာမဟုတ်သလို အမြဲအနှိမ်ခံနေရဦးမှာပဲ။
နိုင်ငံက လူရာဝင်ချင်ရင်တော့ ချမ်းသာအောင်လုပ်ရမှာပဲ။ ချမ်းသာဖို့ကလဲ အရင်ဆုံးလိုအပ်ချက်က တိုင်းပြည်အမြန်ငြိမ်းချမ်းဖို့။
နောက်တစ်ခုက တိုင်းပြည်ဘဏ္ဍာမှန်သမျှ ကိုယ့်အိတ်ထဲပဲ ထည့်နေတဲ့သူတွေ ပလ္လင်ပေါ်ထိုင်မနေဖို့။
ဒီတော့ ငါတို့မှာ တခြားရွေးချယ်စရာမှ မရှိတော့တာ။ ဘာတဲ့ ခင်ဗျားတို့ကျနော်တို့ ခဏခဏ ငှားသုံးနေတဲ့ ဘီလ်ဂိတ်ရဲ့စကား …
“ဆင်းဆင်းရဲရဲမွေးလာတာ မင်းအပြစ်မဟုတ်ဘူး၊ ဆင်းဆင်းရဲရဲသေသွားရင်တော့ မင်းအပြစ်ဖြစ်သွားပြီ” တဲ့။
အဲလိုပဲ ပြောရမယ်ဆို ဆင်းဆင်းရဲရဲတိုင်းပြည်မှာ မွေးလာတာ ကျုပ်တို့အပြစ်မဟုတ်ဘူး၊ ကျုပ်တို့ သေသွားတဲ့အထိ တိုင်းပြည်ဆင်းရဲနေရင်တော့ ကျုပ်တို့တစ်မျိုးဆက်လုံး စောက်သုံးမကျလို့ပဲပေါ့။
Crd..(zaw_ye_linn)
The post $ငမြဲ ႏိုင္ငံက ဘာေတြေမွ်ာ္လင့္ေနတာလဲ..( ျမန္မာေတြ အေဆာ္ကားခံ လိုက္ရျပန္ျပီ ) appeared first on Entertainment.
Crd