TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■ဂြိုဟ်သားတွေရဲ့အာကာသယာဥ်ပျံကိုလေ့လာချက်ပြုလုပ်ဖူးတဲ့ Area 51

ဘော့ဘ်လဇာလို့ခေါ်တဲ့ လူထောက်ခံထားတာက ၁၉၈၉ ခုနှစ်မှာ သူက Area 51 ထဲမှာ ဂြိုဟ်သားတွေရဲ့ အာကာသယာဥ်ပျံကို လေ့လာဖူးတယ်လို့ ဝန်ခံထားပါတယ်။ ထို့အတူ ဂြိုဟ်သားတွေရဲ့ ခွဲစိတ်လေ့လာမှု ပုံတွေကိုလည်း မြင်ဖူးတယ်လို့ဆိုပါတယ်။ တစ်ချို့ဆိုရင် Area 51 ဟာ အခြားကမ္ဘာဘက်က စမ်းသပ်ခန်းကိုသွားတဲ့နေရာမှာရှိပြီး အစိုးရတစ်ခုနှင့်တစ်ခု လက်ဆင့်ကမ်းထိန်းသိမ်းလာခဲ့တဲ့ နေရာဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။

ဂြိုဟ်သားတွေနှင့်အတူ ပြောင်းပြန်လေ့လာတဲ့ အင်ဂျင်နီယာ နည်းပညာတွေနှင့် စကြဝဠာအကြားမှာ ရှိနေတဲ့နည်းပညာတွေကိုလေ့လာသင်ယူဖို့ပါ။ ဒါပေမယ့်လည်း ဒါတွေအားလုံးဟာ ခန့်မှန်ခြေတစ်ခုသာဖြစ်ပြီး Area 51 က လျှို့ဝှက်ယာဥ်ပျံတွေကို စမ်းသပ်တဲ့ နေရာတစ်ခုထက်တော့ ပိုပါတယ်။ တစ်ချို့အရာတွေက UFO နှင့်တူနိုင်ပေမယ့် အခုပြောပြပါမယ်။

ဒါတွေအားလုံးဟာ ထင်မြင်ယူဆချက်တွေသာမဟုတ်ပါဘူး။ ကျွန်မတို့ကို တစ်ခုခုဖြစ်နေတယ်ဆိုတာ မပြောပြထားပေမယ့် သက်သေအထောက်အထားတွေတော့ရှိပါတယ်။ ၂၀၁၃ ခုနှစ်မတိုင်ခင်အထိ အစိုးရကတော့ Area 51 ရဲ့ တည်ရှိနေမှုကို ဘယ်အကြောင်းပြချက်ကြောင့်မှ မပြောပြပါဘူး။လွန်ခဲ့တဲ့ နှစ်ပေါင်း၆၀ လောက်ကတည်းက စမ်းသပ်ချက်တွေ စတင်ခဲ့တာဖြစ်ကာ။ CIA ရီပိုဒ့်တွေကပဲ စစ်အခြေစိုက်စခန်းရှိတယ်ဆိုတာကို အတည်ပြုပေးနိုင်ခဲ့တာပါ။

အမေရိကန်စစ်တပ်ကာကွယ်ထားတဲ့နေရာမှာ UFO နဲ့ပတ်သက်တဲ့ စကြဝဠာနှစ်ခုအကြားရှိ နည်းပညာတွေကိုလေ့လာတဲ့ နေရာဟာ လူတွေရဲ့ ပြောစရာတစ်ခုဖြစ်ခဲ့ပါတယ်။ မကြာသေးခင်ကပဲရေတပ်စစ်သားတွေရိုက်ထားတဲ့ အမည်မသိ အရာပါတဲ့ ဗီဒီယို ၃ ခုကို ပန်တဂွန်က ဖြန့်ဝေခဲ့ပါတယ်။ ပရိသတ်ကြီးမြင်ရတဲ့အတိုင်းပဲ ဒီဗီဒီယိုတွေဟာ အမည်မသိ လေထုဖြစ်စဥ်လို့ခေါ်တဲ့ UAP ကိုပြသနေပါတယ်။

တရားဝင်စာကို တောင်းတဲ့အခါမှာတော့ အမေရိကန်ရေတပ်က သူတို့ရဲ့ သက်သေအထောက်အထားအကြောင်းကို ပြောပါတယ်။ လွန်ခဲ့တဲ့နှစ်တွေကစလို့ တရားမဝင် အမည်မသိ ယာဥ်ပျံတွေက စစ်တပ်ထိန်းချုပ်ထားတဲ့နေရာတွေထဲကို ဝင်ရောက်လာကြတဲ့ တင်ပြချက်တွေများစွာရှိခဲ့ပါတယ်လို့ဆိုခဲ့ပါတယ်။
Trans:thegeektext
zawgyi
TheGeekText.com Copyright©2021 ကူးယူေဖာ္ျပခြင့္လုံးဝခြင့္မျပဳပါ။
■ၿဂိဳဟ္သားေတြရဲ့အာကာသယာဥ္ပ်ံကိုေလ့လာခ်က္ျပဳလုပ္ဖူးတဲ့ Area 51
ေဘာ့ဘ္လဇာလို႔ေခၚတဲ့ လူေထာက္ခံထားတာက ၁၉၈၉ ခုႏွစ္မွာ သူက Area 51 ထဲမွာ ၿဂိဳဟ္သားေတြရဲ့ အာကာသယာဥ္ပ်ံကို ေလ့လာဖူးတယ္လို႔ ဝန္ခံထားပါတယ္။ ထို႔အတူ ၿဂိဳဟ္သားေတြရဲ့ ခြဲစိတ္ေလ့လာမႈ ပုံေတြကိုလည္း ျမင္ဖူးတယ္လို႔ဆိုပါတယ္။ တစ္ခ်ိဳ႕ဆိုရင္ Area 51 ဟာ အျခားကမၻာဘက္က စမ္းသပ္ခန္းကိုသြားတဲ့ေနရာမွာရွိၿပီး အစိုးရတစ္ခုႏွင့္တစ္ခု လက္ဆင့္ကမ္းထိန္းသိမ္းလာခဲ့တဲ့ ေနရာျဖစ္တယ္လို႔ ယုံၾကည္ၾကပါတယ္။
ၿဂိဳဟ္သားေတြႏွင့္အတူ ေျပာင္းျပန္ေလ့လာတဲ့ အင္ဂ်င္နီယာ နည္းပညာေတြႏွင့္ စၾကဝဠာအၾကားမွာ ရွိေနတဲ့နည္းပညာေတြကိုေလ့လာသင္ယူဖို႔ပါ။ ဒါေပမယ့္လည္း ဒါေတြအားလုံးဟာ ခန႔္မွန္ေျခတစ္ခုသာျဖစ္ၿပီး Area 51 က လၽွို႔ဝွက္ယာဥ္ပ်ံေတြကို စမ္းသပ္တဲ့ ေနရာတစ္ခုထက္ေတာ့ ပိုပါတယ္။ တစ္ခ်ိဳ႕အရာေတြက UFO ႏွင့္တူနိုင္ေပမယ့္ အခုေျပာျပပါမယ္။
ဒါေတြအားလုံးဟာ ထင္ျမင္ယူဆခ်က္ေတြသာမဟုတ္ပါဘူး။ ကၽြန္မတို႔ကို တစ္ခုခုျဖစ္ေနတယ္ဆိုတာ မေျပာျပထားေပမယ့္ သက္ေသအေထာက္အထားေတြေတာ့ရွိပါတယ္။ ၂၀၁၃ ခုႏွစ္မတိုင္ခင္အထိ အစိုးရကေတာ့ Area 51 ရဲ့ တည္ရွိေနမႈကို ဘယ္အေၾကာင္းျပခ်က္ေၾကာင့္မွ မေျပာျပပါဘူး။လြန္ခဲ့တဲ့ ႏွစ္ေပါင္း၆၀ ေလာက္ကတည္းက စမ္းသပ္ခ်က္ေတြ စတင္ခဲ့တာျဖစ္ကာ။ CIA ရီပိုဒ့္ေတြကပဲ စစ္အေျခစိုက္စခန္းရွိတယ္ဆိုတာကို အတည္ျပဳေပးနိုင္ခဲ့တာပါ။
အေမရိကန္စစ္တပ္ကာကြယ္ထားတဲ့ေနရာမွာ UFO နဲ႔ပတ္သက္တဲ့ စၾကဝဠာႏွစ္ခုအၾကားရွိ နည္းပညာေတြကိုေလ့လာတဲ့ ေနရာဟာ လူေတြရဲ့ ေျပာစရာတစ္ခုျဖစ္ခဲ့ပါတယ္။ မၾကာေသးခင္ကပဲေရတပ္စစ္သားေတြရိုက္ထားတဲ့ အမည္မသိ အရာပါတဲ့ ဗီဒီယို ၃ ခုကို ပန္တဂြန္က ျဖန႔္ေဝခဲ့ပါတယ္။ ပရိသတ္ႀကီးျမင္ရတဲ့အတိုင္းပဲ ဒီဗီဒီယိုေတြဟာ အမည္မသိ ေလထုျဖစ္စဥ္လို႔ေခၚတဲ့ UAP ကိုျပသေနပါတယ္။
တရားဝင္စာကို ေတာင္းတဲ့အခါမွာေတာ့ အေမရိကန္ေရတပ္က သူတို႔ရဲ့ သက္ေသအေထာက္အထားအေၾကာင္းကို ေျပာပါတယ္။ လြန္ခဲ့တဲ့ႏွစ္ေတြကစလို႔ တရားမဝင္ အမည္မသိ ယာဥ္ပ်ံေတြက စစ္တပ္ထိန္းခ်ဳပ္ထားတဲ့ေနရာေတြထဲကို ဝင္ေရာက္လာၾကတဲ့ တင္ျပခ်က္ေတြမ်ားစြာရွိခဲ့ပါတယ္လို႔ဆိုခဲ့ပါတယ္။
Ref:youtube
Trans:thegeektext