ဂြိုလ်တုဆိုတာဘာလဲဘယ်လိုအလုပ်လုပ်လဲ

Knowledge

ဂြိုလ်တုဆိုတာဘာလဲ ဘယ်လိုအလုပ်လုပ်လဲ

ပထမဦးဆုံးပြောလိုတာကတော့ ဒီဆောင်းပါးလေးရေးသားရတာက မြန်မာနိုင်ငံ နဲ့ satellite ဆိုတာ အစိမ်းသက်သက် ဖြစ်နေတာမို့ ဗဟုသုတရစေဖို့ပါ
နောက်တခုက ယခင်အချိန်လေး များက Myanmar set 2 ခေါ် ပြင်သစ်က လွတ်တင်ပေးတဲ့ satellite က မြန်မာ နိုင်ငံပိုင်လားဆိုတာရှင်းပြချင်တာပါ
ကမ္ဘာမှာ ဒုံးပျံလွတ်တင်နိုင်တဲ့ နိုင်ငံဟာ ယနေ့အထိ (၁၂) နိုင်ငံသာရှိပါသေးတယ်
အဌားတင်ပြီး satellite ပိုင်နေတဲ့ နိုင်ငံ က (၈၀) ကျော်ရှိပါတယ်

အဲ့ဒီ satellite ပိုင်/ဌားတဲ့အပိုင်းမှာ ၂ မျိုးရှိတယ်
Satellite ကြီးတစ်ခုလုံး အပိုင်ရယ် နဲ့ Satellite ကနေ channel တခု ကိုအပိုင်ဝယ်တာ ရယ်လို့ ၂ မျိုးကွာပါတယ်
ဥပမာ အနေနဲ့ ရှင်းပြရရင် ၄ ထပ်တိုက်ကြီးတစ်လုံး ကိုမြေကနေ တိုက်တခုလုံးဝယ်လိုက်တာ နဲ့ တိုက်ခန်းဝယ်သလို အထပ်တစ်ခု ကို အပိုင်ဝယ်လိုက်တာ ကွာသလိုပါ
(ယခင်က မြန်မာက satellite မပိုင်ဘူးဆိုတာ အောက်က အမျိုးကိုမှ တိုက်ခန်းကို နှစ်ချုပ်နဲ့ အဌားနေရ သလို ဖြစ်နေခဲ့တာပါ ၊ အခုက တော့ တိုက်ခန်း ပိုင် ဖြစ်ပြီ ပေါ့ဗျာ .. )

Knowledge အနေ ဆက်လေ့လာမယ်ဆို ၂ ပိုင်းခွဲထပ်လေ့လာရပါမယ်
လွတ်တင်တဲ့ rocket (ဒုံးပျံ) အပိုင်းနဲ့ အာကာထဲရောက် ဂြိုလ်တု satellite အပိုင်း ဆိုပြီးပေါ့ ဒုံးပျံတွေ လွတ်တင်တဲ့နေရာမှာ အပေါ်မှာ ရေးသားခဲ့သလို နိုင်ငံကြီး ၁၂ နိုင်ငံသာ လွတ်တင်နိုင်ပါသေးတယ် လွတ်တင်ရာမှာ ယနေ့အချိန်မှာ ၃ မျိုးနဲ့ လွတ်တင်ကြပါတယ်

Rocket Space Shuttle Reuse able rocket ဆိုပြီး ခွဲထားပါမယ်
Rocket – Rocket ကတော့ ရှင်းပါတယ် အများစုဟာ အဆင့် ၂ ဆင့် နဲ့ လွတ်တင်ပါတယ် ကမ္ဘာမြေပြင်က လေထုအဆုံးထိ တစ်ဆင့်
ကမ္ဘာ ပတ်လမ်းကြောင်းထဲ satellite ကို ပို့ဆောင်တာ
တစ်ဆင့် ဆိုပြီးပေါ့
အဆင့် ၂ မှာ ဒုံးပျံက satellite ကို ထားရှိမဲ့ နေရာကို ပို့ဆောင်ပေးပါတယ် ပြီးတော့ ကမ္ဘာ ကိုပတ် နေမဲ့ အရှိန်တခု နဲ့ တွန်းပေးခဲ့မှာပါ
Satellite ဟာ zero gravity မို့ တွန်းပေးတဲ့ အရှိန်တိုင်း ကမ္ဘာ ကို နှစ်ပေါင်းများစွာ ပတ်နေတော့တာပါ ဒါကြောင့် ဥပမာ Communication Satellite တခု India အပေါ် မှာ တင်ပြီး ကမ္ဘာလှည့်နေတဲ့ အရှိန်တိုင်း တွန်းပေးခဲ့ရင် satellite ဟာ အမြဲတမ်း India ပေါ်ကနေ ကမ္ဘာ ကို ပတ်နေတော့မှာပါ

ဒီတော့ အဲ့ satellite ကိုချိတ်ဖို့ နိုင်ငံလိုက်က စလောင်း တွေဟာ ဒီဂရီ အသေထားရှိ ချိတ်လို့ရသွားပါတယ် Satellite တွေမှာ အများစုဟာ အရှိန်တင် သွားလာဖို့ ဒုံးအင်ဂျင် တို့ လောင်စာ တို့ ဘာမှ မပါပါဘူး Satellite မှာ battery နဲ့ solar တွေသာပါပြီး battery အားနဲ့ စလောင်းတွေ အလုပ်လုပ်ပါတယ် Satellite က မြေပြင်နဲ့ ချိတ်တဲ့ wireless နည်းပညာက microwave နည်းပညာ နဲ့ချိတ်တာပါပဲ

  • satellite တွေ အမျိုးစားခွဲရမယ်ဆို
  • Astronomical satellites
  • Biosatellites
  • Communication satellites
  • Earth observation satellites
  • Navigational satellites
  • Killer Satellites
  • Crewed spacecraft (spaceships)
  • Miniaturized satellites
  • Reconnaissance satellites
  • Recovery satellites
  • Space-based solar power
  • Space stations
  • Tether satellites
  • Weather satellite
  • စာရှည်သွားမှာစိုးလို့ satellite တွေ သေးစိတ်မရှင်းတော့ပါဘူး

အကြမ်အားဖြင့် ဆိုရမယ်ဆို ကမ္ဘာပတ် အရှိန်တိုင်း နိုင်ငံတစ်ခု ပေါ် အသေ ရပ်နေမဲ့ satellite နဲ့
ကမ္ဘာပတ် အရှိန် နဲ့ လျော့/ပို ပြီး နိုင်ငံအနံ ရောက်နေမဲ့ satellite တွေဆိုပြီး ၂ မျိုးခွဲထားရင်ရပါပြီ
Space Shuttle – Space Shuttle နဲ့ satellite တင်တာလဲ rocket နဲ့ တူတူပါပဲ
သူက လေယာဉ်လို ပုံစံ shuttle ကြီးက တာဝန်ပြီးရင် ကမ္ဘာ ပေါ်ပြန်ဆင်းလာလိုရပါတယ်
shuttle က လေယာဉ်နဲ့တူလို့ လေယာဉ် လိုတော့ မတွေးလိုက်ပါနဲ့ shuttle မှာ သေချာကြည့်ရင် နောက်မှာ တွန်းတဲ့ ဒုံးအင်ဂျင်သာပါပြီး လေယာဉ်လို လေထဲ မှာ မောင်းမဲ့ အင်ဂျင်မပါပါဘူး

shuttle ဟာ တာဝန်ပြီးလို ကမ္ဘာ မြေပြန်ဆင်းရင် သာမာန်ထက် ရှည်လျှားတဲ့ shuttle ဆင်းလို့ရမဲ့ ကွင်းတွေမှာသာ ဆင်းရမှာ ဖြစ်သလို
ဆင်းလာပြီး လေယာဉ် လို ပြေးလမ်းနဲ့ မတည့်လို ပြန် ဝဲ တက်ဖို့ အင်ဂျင်မရှိပါ တခါဆင်းလေယာဉ်သာဖြစ်ပါတယ်
Space shuttle လွတ်နိုင်တာ ကမ္ဘာမှာ Russia နဲ့ US သာ ရှိပါတယ်

Reuse able rocket – နောက်ဆုံးအမျိုးဖြစ်တဲ့ Reuse able rocket အကြောင်းကတော့ US က spaceX က အရပ်ဖက် Company က လွတ်တဲ့ flacon ဒုံးပျံ တွေပါပဲ
သာမာန် ဒုံးပျံ တွေဟာ အဆင့် ၁ ဒုံးတွေဟာ လေထု လွာ အဆုံးထိ ပင်မဒုံးပျံ ကို တင်ပြီးသွားရင် လေထဲမှာ ပေါက်ကွဲ ကုန်ကြပါတယ် အဆင့် ၂ တွေလဲ satellite တင်ပြီးရင် ပေါက်ကွဲ ပြန်ကျရပါတယ် ဘာမှ ပြန်သုံးလို့မရတဲ့ one way trip ပါ

Space Shuttle တွေမှာလဲ လေယာဉ် ပုံ shuttle ကလွဲ ကျန်တာ အကုန်ပေါက်ကွဲ ပျက်စီးပါတယ်
SpaceX ရဲ့ falcon ဒုံးတွေဟာ တာဝန်ပြီးတာနဲ့ ကမ္ဘာ မြေပေါ် သတ်မှတ်နေရာ ကို ပြန်ဆင်းသက်ပါတယ်
ဒီတော့ အာကာသ နည်းပညာဟာ spaceX ကြောင့် ငွေကုန်ကြေးကျ ဟာ ထက်ဝက်မက သက်သာလာခဲ့ပါတယ် ဒီနည်းပညာ ကို အခြားနိုင်ငံတွေ ပိုင်ဆိုင်ဖို့ကတော့မလွယ်ကူသေးပါဘူး US ရဲ့ NASA ကတောင် မအောင်မြင်သေးပါဘူး

နိဂုံး
အချုပ်ပြောရမယ်ဆို satellite technology ဆိုတာ အတွက်အချက် တွေ နဲ့ နောက်ဆုံးပေါ် wireless tech , battery tech , solar tech , အစရှိတဲ့ ကမ္ဘာ့ အဆင့်မြင့်ဆုံး နည်းပညာ အစုအဝေးကြီး လို ဆိုရပါမယ်
ကျွန်တော်ရေးသားချက်မှာ အမှားပါလဲ နားလည်ပေးကြဖို့ ဗဟုသုတ အနေနဲ့ ရေးသားလိုက်ရပါတော့တယ်

Credit – paw

Leave a Reply