ဂျာမန်လေတပ်အတွက် အစွယ်တစ်ချောင်းပေါက်ဖွားလာခဲ့ပြီ

Militarily News

ဩဂုတ် ၅၊ နိုင်ငံတကာ

Meteor ဝေဟင်မှဝေဟင်ပစ်ဒုံးကျည်စနစ်တွေနဲ့ ပတ်သက်လို့ အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်ခဲ့ပြီးဖြစ်တာကြောင့် Eurofighter Typhoon တိုက်လေယာဉ်တွေဆီကို တပ်ဆင်တော့မှာဖြစ်တယ်လို့ ပြင်သစ်လေတပ်က ထုတ်ပြန် ကြေညာလိုက်ပါတယ်။

အဆိုပါးစမ်းသပ်မှုကို Bavaria မှာရှိတဲ့ Neuberg လေတပ်အခြေစိုက်စခန်းရဲ့ အမှတ် ၇၄ နည်းဗျူဟာ လေယာဉ်အုပ်က တိုက်ဖွန်းလေယာဉ်တွေမှာ တပ်ဆင်ပစ်လွှတ်စမ်းသပ်ခဲ့တာပါ။

စမ်းသပ်ပစ်လွှတ်မှုမှာ တိုက်လေယာဉ် ၂ စီးပါဝင်ခဲ့သလို ဒုံးကျည်တွေကို တပ်ဆင်သယ်ဆောင်ပစ်လွှတ်နေစဉ် အချိန်တစ်လျှောက်လုံး လေယာဉ်ရဲ့စွမ်းဆောင်ရည်နဲ့ ညွှန်ပြတဲ့အချက်အလက်တွေကို ဆန်းစစ်ဖို့အတွက် တိုက်ရိုက်ကြည့်ရှုစစ်ဆေးတာတွေပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ်။

Meteor စနစ်ကို ဉရောပဒုံးကျည်ထုတ်လုပ်သူ MBDA က တီထွင်ထုတ်လုပ်ခဲ့တာဖြစ်ပြီးတော့ ၎င်းစနစ်ဟာ AIM-120 advanced medium-range air-to-air missile (AMRAAMs) နဲ့ Infra-Red Imaging System-Tail (IRIS-T) short-range missiles တို့နဲ့အတူ နောက်ဆုံးပေါ် တတိယမြောက်ဒုံးကျည်စနစ်တစ်ခုလည်းဖြစ်လာခဲ့ပါတယ်။

စမ်းသပ်မှုမှာ ဒုံးကျည်စနစ် ၄ စင်းကိုအသုံးပြုခဲ့ပြီး ၂ စင်းက AMRAAM ဖြစ်ကာ နောက်ထပ် ၂ စင်းက IRIS-T ဒုံးကျည်စနစ်တွေပဲဖြစ်ပါတယ်။ လေ့လာမှုမှာ အဓိကအားဖြင့် ဒုံးကျည်စနစ်တပ်ဆင်ပျံသန်းတဲ့အပေါ် တိုက်လေယာဉ်ရဲ့အခြေအနေနဲ့ ဆီကုန်ဆုံးမှုအခြေအနေတွေကို လေ့လာခဲ့တယ်လို့လည်းဆိုပါတယ်။

Meteor ဒုံးကျည်စနစ်ဟာ ၁၂၄ မိုင်ထိ တိုက်ခိုက်နိုင်ပါတယ်။ အလျား ၁၂ ပေရှည်ပြီး ၃၉၇ ပေါင်လေးပါတယ်။ Ramjet အင်ဂျင်စနစ်ကြောင့် ပစ်မှတ်ကိုအလျင်အပေါ်မူတည်ပြီး လိုသလို ကောင်းစွာစစ်ကစားနိုင်တယ်လို့ တိုက်လေယာဉ်မှူးကဆိုပါတယ်။ AMRAAM စနစ်နဲ့ အချိုးအစားတူညီပြီး တိုက်လေယာဉ်ရဲ့ တည်ရှိပြီးသား လက် နက်စနစ်တပ်ဆင်တဲ့နေရာတွေမှာ ပြောင်းလဲတပ်ဆင်ရုံနဲ့တင် အဆင်ပြေတယ်လို့ဆိုပါတယ်။
ယခုတီထွင်မှုမှာ နေတိုးနိုင်ငံတွေဖြစ်တဲ့ ဂျာမဏီ၊ ပြင်သစ်၊ စပိန်၊ အီတလီ၊ ဗြိတိန်၊ ဆွီဒင် (မဟာမိတ်) တို့ပါဝင်ခဲ့ တယ်လို့သိရပါတယ်။

Ref-DNews
khekcaihmedia
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

ZAWGYI

ဩဂုတ္ ၅၊ နိုင္ငံတကာ

Meteor ေဝဟင္မွေဝဟင္ပစ္ဒုံးက်ည္စနစ္ေတြနဲ႔ ပတ္သက္လို႔ ေအာင္ျမင္စြာ စမ္းသပ္ပစ္လႊတ္ခဲ့ၿပီးျဖစ္တာေၾကာင့္ Eurofighter Typhoon တိုက္ေလယာဥ္ေတြဆီကို တပ္ဆင္ေတာ့မွာျဖစ္တယ္လို႔ ျပင္သစ္ေလတပ္က ထုတ္ျပန္ ေၾကညာလိုက္ပါတယ္။

အဆိုပါးစမ္းသပ္မႈကို Bavaria မွာရွိတဲ့ Neuberg ေလတပ္အေျခစိုက္စခန္းရဲ့ အမွတ္ ၇၄ နည္းဗ်ဴဟာ ေလယာဥ္အုပ္က တိုက္ဖြန္းေလယာဥ္ေတြမွာ တပ္ဆင္ပစ္လႊတ္စမ္းသပ္ခဲ့တာပါ။

စမ္းသပ္ပစ္လႊတ္မႈမွာ တိုက္ေလယာဥ္ ၂ စီးပါဝင္ခဲ့သလို ဒုံးက်ည္ေတြကို တပ္ဆင္သယ္ေဆာင္ပစ္လႊတ္ေနစဥ္ အခ်ိန္တစ္ေလၽွာက္လုံး ေလယာဥ္ရဲ့စြမ္းေဆာင္ရည္နဲ႔ ညႊန္ျပတဲ့အခ်က္အလက္ေတြကို ဆန္းစစ္ဖို႔အတြက္ တိုက္ရိုက္ၾကည့္ရႈစစ္ေဆးတာေတြျပဳလုပ္ခဲ့တယ္လို႔ သိရွိရပါတယ္။

Meteor စနစ္ကို ဉေရာပဒုံးက်ည္ထုတ္လုပ္သူ MBDA က တီထြင္ထုတ္လုပ္ခဲ့တာျဖစ္ၿပီးေတာ့ ၎စနစ္ဟာ AIM-120 advanced medium-range air-to-air missile (AMRAAMs) နဲ႔ Infra-Red Imaging System-Tail (IRIS-T) short-range missiles တို႔နဲ႔အတူ ေနာက္ဆုံးေပၚ တတိယေျမာက္ဒုံးက်ည္စနစ္တစ္ခုလည္းျဖစ္လာခဲ့ပါတယ္။

စမ္းသပ္မႈမွာ ဒုံးက်ည္စနစ္ ၄ စင္းကိုအသုံးျပဳခဲ့ၿပီး ၂ စင္းက AMRAAM ျဖစ္ကာ ေနာက္ထပ္ ၂ စင္းက IRIS-T ဒုံးက်ည္စနစ္ေတြပဲျဖစ္ပါတယ္။ ေလ့လာမႈမွာ အဓိကအားျဖင့္ ဒုံးက်ည္စနစ္တပ္ဆင္ပ်ံသန္းတဲ့အေပၚ တိုက္ေလယာဥ္ရဲ့အေျခအေနနဲ႔ ဆီကုန္ဆုံးမႈအေျခအေနေတြကို ေလ့လာခဲ့တယ္လို႔လည္းဆိုပါတယ္။

Meteor ဒုံးက်ည္စနစ္ဟာ ၁၂၄ မိုင္ထိ တိုက္ခိုက္နိုင္ပါတယ္။ အလ်ား ၁၂ ေပရွည္ၿပီး ၃၉၇ ေပါင္ေလးပါတယ္။ Ramjet အင္ဂ်င္စနစ္ေၾကာင့္ ပစ္မွတ္ကိုအလ်င္အေပၚမူတည္ၿပီး လိုသလို ေကာင္းစြာစစ္ကစားနိုင္တယ္လို႔ တိုက္ေလယာဥ္မႉးကဆိုပါတယ္။ AMRAAM စနစ္နဲ႔ အခ်ိဳးအစားတူညီၿပီး တိုက္ေလယာဥ္ရဲ့ တည္ရွိၿပီးသား လက္ နက္စနစ္တပ္ဆင္တဲ့ေနရာေတြမွာ ေျပာင္းလဲတပ္ဆင္႐ုံနဲ႔တင္ အဆင္ေျပတယ္လို႔ဆိုပါတယ္။
ယခုတီထြင္မႈမွာ ေနတိုးနိုင္ငံေတြျဖစ္တဲ့ ဂ်ာမဏီ၊ ျပင္သစ္၊ စပိန္၊ အီတလီ၊ ၿဗိတိန္၊ ဆြီဒင္ (မဟာမိတ္) တို႔ပါဝင္ခဲ့ တယ္လို႔သိရပါတယ္။
Ref-DNews
khekcaihmedia
မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ ေပးပါသည္။
ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။