“ထိုင်ဝမ်ဟာ အနီရောင်မျဉ်းပဲ ကျော်ရင်စစ်ဖြစ်ပြီလို့သာမှတ် ဘိုင်ဒင် အိညက်အိညက်လုပ်နေလို့မရဘူး”
ဂျပန် ကာကွယ်ရေးဝန်ကြီးဌာန က ဂျိုးဘိုင်ဒင် ကို ထိုင်ဝမ်နဲ့ပတ်သက်ပြီး မာမာထန်ထန်နေစမ်းပါလို့ သောကြာနေ့က
သတိပေးလိုက်တာပါတယ်

တရုပ်ဟာ ထိုင်ဝမ်အရေးမှာ ရန်လိုလာတဲ့ပုံစံရှိလာတဲ့အတွက် ထိုင်ဝမ်ကျွန်းအန္တရာယ်ကင်းဖို့အရေးဟာ အနီရောင်မျဥ်းပါးပါးလေး the thin red line ဖြစ်လာပါတယ် စည်းကျော်တာနဲ့အန္တရာယ်ရှိလာမယ်လို့ သတိပေးလိုက်တာပါပဲ
” ကျွန်တော်တို့စိုးရိမ်နေတယ် တရုပ်ဟာ ထိုင်ဝမ်အပေါ် သူ့ရဲ့ရန်လိုမှုတွေကိုပိုပိုပြီး ထုတ်ပြလာတယ် ဟောင်ကောင်ကိစ္စနဲ့တောင်မတူဘူး
နောက်ထပ်ပစ်မှတ်တစ်ခုဟာ လူတိုင်းစိတ်ပူနေကြတဲ့ ထိုင်ဝမ်အရေးဖြစ်လာတယ် “
လို့ ကာကွယ်ရေး ဌာန ဒုဝန်ကြီးYasuhide Nakayama ကရိုက်တာကိုပြောပြခဲ့ပါတယ်

ရိုက်တာနဲ့ အင်တာဗြူးတစ်ခုမှာ Yasuhide Nakayama က ထရမ့်လက်ထက်ကလိုပဲ ထိုင်ဝမ်အပေါ်မှာစည်းခြားထားဖို့ ဘိုင်ဒင်ကို တိုက်တွန်းလိုပါတယ်လို့ ပြောခဲ့တယ်
ထရမ့်ဟာဆိုရင် တရုပ်တွေကသူတို့လက်အောက်ခံလို့ပြောနေတဲ့ ထိုင်ဝမ်ကို လက်နက်တွေ ရောင်းပေးတယ် ထိတွေ့ဆက်ဆံမှုတွေပိုလုပ်ခဲ့တယ်လို့ဆိုပါတယ်
ထိုင်ဝမ်ဂျပန်ဆက်ဆံရေးဟာ ခုနှစ်ပိုင်းတွေအတွင်းမှာ ပိုချောမွေ့နေပြီး အစိုးရချင်းမပတ်သက်တဲ့
ဆက်ဆံမှုတွေမှာ ပိုပြီးကြီးထွားခဲ့ပါတယ်
တိုကျိုအနေနဲ့ one china ပေါ်လစီကိုလက်ခံထားပါတယ် ဂျပန်ဟာ သူ့ရဲ့အိမ်နီးချင်းတရုပ်နဲ့ဆက်ဆံရေးကို ညင်သာစွာထိန်းညှိထားသလို စစ်ရေးမဟာမိတ်
ဝါရှင်တန်နဲ့လည်း မိတ်မပျက်စတမ်းလက်တွဲထားနိုင်ခဲ့ပါတယ်
ဂျပန်ဟာသူ့ရဲ့ မဟာဗျူဟာ အကျိုးစီးပွားနဲ့ပတ်သက်နေတဲ့ ထိုင်ဝမ်ကိုမပစ်ပယ်နိုင်ပါဘူး
ဂျပန်တို့ရဲ့ ကုန်သွယ်ရေးနဲ့ စွမ်းအင်ဖြည့်တင်းရေးပင်လယ်ရေကြောင်းလမ်းပေါ်က
ထိုင်ဝမ်ကျွန်းကို ဂျပန်တို့ မပစ်ပယ်နိုင်တာဟာ သိပ်မထူးဆန်းပါဘူး
” ခုထိတော့ ဂျိုးဘိုင်ဒင်ရဲ့ ထိုင်ဝမ်အပေါ် ရှင်းလင်းတဲ့ ပေါ်လစီနဲ့ရပ်တည်မှုကြေညာချက်ကိုမတွေ့ရသေးဘူး ကြားချင်ပါတယ် ခုကိုကြားချင်ပါတယ်
ဒါမှ ကျွန်တော်တို့လည်း ထိုင်ဝမ်အပေါ်ဘယ်လို ဆက်သွားရမယ် ဆိုတာပြင်ဆင်နိုင်မယ် ” လို့
Yasuhide Nakayama ကပြောပါတယ်

ရွေးကောက်ပွဲယှဥ်ပြိုင်နေတုန်းက ဘိုင်ဒင်က ထိုင်ဝမ်နဲ့ အပါအဝင် စိတ်တူသဘောတူဒီမိုကရေစီနိုင်ငံတွေနဲ့ဆက်ဆံရေးပိုမိုကောင်းအောင်
မြှင့်တင်သွားမယ်လို့ ကြွေးကြော်ခဲ့ဖူးပါတယ် ပြီးခဲ့တဲ့ဆယ်စုနှစ်ကာလတွေမှာဘိုင်ဒင်ဟာ
ဆီးနိတ်အမတ်ဘဝမှာ US အနေနဲ့ထိုင်ဝမ်ကိုကာကွယ်ပေးဖို့တာဝန်ရှိမရှိ မေးခွန်းထုတ်ခဲ့ဖူး ပါတယ်
ဘိုင်ဒင်ရဲ့ သမ္မတတာဝန်လွှဲပြောင်းရေး အဖွဲ့ ဝင် တစ်ယောက်က တော့ အမေရိကန်ရဲ့ထိုင်ဝမ်အပေါ် ထောက်ခံမှုဟာ ခိုင်မာတယ် မူဝါဒရှိတယ် နှစ်ဖက်သဘောမျှတယ်လို့ ပြောခဲ့ပါတယ် တရုပ်ဟာ ထိုင်ဝမ်ကိုလက်နက်ရောင်းချမှုနဲ့ပတ်သက်ပြီး US ကိုမကျေနပ်တဲ့အပြင် အဆင့်မြင့် အရာရှိကြီးတွေတရားဝင်သွားရောက်လည်ပတ်ဆက်ဆံနေမှုတွေအပေါ် ကန့်ကွက်နေခဲ့ပါတယ်
တရုပ်ဟာ ဒီမိုကရေစီစနစ်ကျင့်သုံးနေတဲ့ထိုင်ဝမ်ကို သူ့ရဲ့ အစိတ်အပိုင်းပြည်နယ်တစ်ခုအဖြစ်
သတ်မှတ်သဘောထားတာဖြစ်ပါတယ် ဒီသဘောထားအတွက် ထိုင်ဝမ်ကို ပြည်မကြီး
လက်အောက်ပြန်ရောက်စေဖို့ အင်အားမသုံးပါဘူးလို့ အာမမခံထားပါဘူး
‘RED LINE’
” ထိုင်ဝမ်ဟာတရုပ်ပြည်ရဲ့ပြည်တွင်းအရေး ဖြစ်တယ်” လို့ တရုပ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ
Wang Wenbin က သောကြာနေ့ကပြောပါတယ်
” ဘယ်နိုင်ငံမဆို ဘယ်သူမဆို တရုပ်ပြည်ရဲ့
ပြည်တွင်းအရေးဝင်စွက်ဖက်မှုတွေကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ပါတယ် “
လို့Wang Wenbin ကပြောခဲ့ပါတယ်
ထိုင်ဝမ်ရဲ့ နိုင်ငံခြားရေးက ပြောခွင့်ရသူ Joanne Ou က
အမေရိကန်ရဲ့ freedom and democracy ဆိုတဲ့စကားရပ်အပေါ်တူညီတဲ့အမြင်ရှိပြီး ထောက်ခံမှုပေးနေတဲ့အပေါ်ကိုးကားပြီး
” ထိုင်ဝမ်အနေနဲ့ ဘိုင်ဒင်အစိုးရနဲ့ အတူလက်တွဲပြီးရှေ့ဆက်ဖို့မျှော်လင့်ပါတယ် ထိုင်ဝမ်အမေရိကန်
ဆက်ဆံရေး ပိုမိုတိုးတက်လာစေဖို့ လက်ရှိဆက်ဆံရေးကို ပိုခိုင်မာအောင်လုပ်ဆောင်သွားမယ်” လို့ပြောခဲ့ပါတယ်
တိုကျိုက အမေရိကန်သံရုံး အရာရှိတွေကို ဂျပန်ကာကွယ်ရေးက ပြောလိုက်တဲ့အပေါ်
မှတ်ချက်ပေးဖို့ရာ ဆက်သွယ်ခဲ့ပေမယ့်
ခရစ်မတ်ကာလနီးနေလို့ မေးခွင့်မရခဲ့ပါဘူး
” တရုပ်နဲ့ထိုင်ဝမ်အကြားမှာ အနီရောင်မျဥ်းကလေး ခြားနေတယ် ” လို နာကာရာမ ကပြောခဲ့ပါတယ်

ဒီစကားဟာ အမေရိကန်သမ္မတ အိုဘားမား က ဆီးရီးယား ရဲ့ ဓါတုလက်နက်အသုံးပြုမှု ကိစ္စမှာပြောခဲ့တဲ့စကားပါ
ဒမတ်စကပ်ဟာမျဥ်းကလေးကိုကျော်ခဲ့တယ် ဆိုတဲ့စကားရပ်ပါပဲ အဲ့သည်အချိန်က ဘိုင်ဒင်ဟာ ဒုသမ္မတဖြစ်ခဲ့ပါတယ်
တရုပ်တွေသာ ဒီစည်းအနီရောင်ကိုကျော်ခဲ့ရင် ဂျိုးဘိုင်ဒင်ဘာလုပ်မလဲ လို့ နာကာရာမကမေးလိုက်ပါတယ်
“အမေရိကန်တွေဟာ ဒီမိုကရေစီနိုင်ငံတွေရဲ့
ခေါင်းဆောင်ပါ ကျွန်တော့်ရင်ထဲကပြောချင်နေတာရှိတယ်
( အမေရိက မာမာထန်ထန်နေပြစမ်းပါ ) လို့ဆိုတာပါပဲ “
တရုပ်တိုက်လေယာဉ်တွေဟာ ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ပြနေတာများပြီ ထိုင်ဝမ်ရဲ့ သည်းခံနိုင်မှုကိုသွေးတိုးစမ်းနေတယ်လို့ အမေရိကန်နဲ့ထိုင်ဝမ်
စစ်တပ်အရာရှိတွေက ပြောကုန်ပါပြီ
တရုပ်လေယာဥ်တင်သင်္ဘောအုပ်စု ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းလာတဲ့အတွက် ထိုင်ဝမ်ဟာသူ့ရဲ့နေဗီနဲ့ လေတပ်ကို တနင်္ဂနွေနေ့ကတပ်ဖြန့်ထားခဲ့ရပြီးဖြစ်ပါတယ်
ဂျပန်ကာကွယ်ရေးဌာနက ဒီစကားမျိုးအလကားပြောတယ်လို့ ကမ္ဘာက မထင်ကြပါဘူး
ဘိုင်ဒင်ဟာ ကျမ်းမကျိန်ခင်မှာပဲ ဖိအားပေးခံနေရပါပြီ
Credit – pi lon
Ref reuters japan times