ဂျပန်ရေတပ်၏ အသွင်ပြောင်း တိုက်လေယာဉ်တင်သင်္ဘောအဖြစ်အသက်သွင်းတော့မည့် Izumo -class

Militarily News

ဂျပန်ရေတပ်၏ အသွင်ပြောင်း တိုက်လေယာဉ်တင်သင်္ဘောအဖြစ်အသက်သွင်းတော့မည့် Izumo -class

အမေရိကန်ရေတပ် မရိန်းတပ်ဖွဲ့မှ F 35B STOVL(Short Take-off and Vertical Launch) တိုက်လေယာဉ်များသည် ဂျပန်ရေတပ်ရှိ Izumo-class လေယာဉ်တင်သင်္ဘောပေါ်တွင် ယခုနှစ် အောက်တိုဘာလ သို့မဟုတ် နိုဝင်ဘာလများတွင် စတင်တာဝန်ထမ်းဆောင်သွားမည်ဖြစ်သည်။အမေရိကန်မရိန်းတပ်ဖွဲ့သည် F 35B STOVL တိုက်လေယာဉ်များအား ဂျပန်ရေတပ်၏ Izumo-class လေယာဉ်တင်သင်္ဘောပေါ်တွင်တင်ဆောင်ပြီး ရေယာဉ်တပ်ဖွဲ့များ အဆိုပါတိုက်လေယာဉ်နှင့် ရင်းနှီးကျွမ်းကျင်ပြီး အသုံးပြုနိုင်စွမ်းရှိအောင် ပူးတွဲလေ့ကျင့်ပေးသွားမည်ဖြစ်သည်။

ဂျပန်ကိုယ်ပိုင်ကာကွယ်ရေး လေတပ်ဖွဲ့သည် F 35B STOVL တိုက်လေယာဉ် ၄၂ စီးအား ၂၀၁၉ ခုနှစ်ကမှာယူပြီး စရောက်ချိန်တွင်မြေပြင်အခြေစိုက်အသုံးပြုလိမ့်မည်ဖြစ်သည်။ လေယာဉ်အုပ်တစ်အုပ်တွင် လေယာဉ်အစီးရေ ၂၀ ဖြင့် ဖွဲ့စည်းပြီး ဂျပန်နိုင်ငံအနောက်တောင်ဘက်ပိုင်း Miyazaki Prefecture ရှိ Nyutabaru Air Base တွင် ထားရှိသွားမည်ဖြစ်သည်/

Izumo အတန်းစား ဘက်စုံသုံး ဖျက်သင်္ဘော(DDH) သည် ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးရေတပ်ဖွဲ့တွင် ရဟတ်ယာဉ်တင်သင်္ဘောအဖြစ်အသုံးပြုနေသည်။ သို့သော် ၂၀၁၇ ခုနှစ်တွင် အဆိုပါ ရဟတ်ယာဉ်တင်သင်္ဘောအား F 35B STOVL တိုက်လေယာဉ်များတင်ဆောင်နိုင်အောင် အဆင့်မြှင့်တင်မှုများပြုလုပ်ခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။

၂၀၁၈ ခုနှစ် ဖေဖော် ဝါရီလတွင် ဂျပန်သည် အဆိုပါ ရဟတ်ယာဉ်တင်သင်္ဘောပေါ်တွင် တင်ဆောင်အသုံးပြုရန် F 35B STOVL တိုက်လေယာဉ် အစီး ၄၀ ဝယ်ယူခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီး တင်ဆောင်မည်ဆိုပါက Izumo အတန်းစား ၁ စီးတွင် F 35B STOVL ၁၂ စီးမက တင်ဆောင်နိုင်လိမ့်မည်ဖြစ်သည်။ ဒီဇင်ဘာလတွင် ဂျပန်အစိုးရသည် အဆိုပါရဟတ်ယာဉ်သင်္ဘောအား လေယာဉ်တင်ဆောင်နိုင်အောင် အဆင့်မြှင့်တင်ရန် အတည်ပြုခဲ့သည်။

Izumo အတန်းစား ပထမအစီး တည်ဆောက်ခြင်းအား ၂၀၁၁ ခုနှစ်တွင် စတင်ခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် ဧရာခင်းပြီး ၂၀၁၃ ခုနှစ်တွင် ရေချခဲ့သည်။ ယခု ဂျပန်ရေတပ်တွင် Izumo အတန်းစားရဟတ်ယာဉ်တင်သင်္ဘော (၂) စီး( JS Izumo-DDH 183 နှင့် JS Kaga-DDH-184) တာဝန်ထမ်းဆောင်လျက်ရှိသည်။

Izumo အတန်းစား ရဟတ်ယာဉ်တင်သင်္ဘောသည် အလျား ၂၄၈ မီတာ၊ အကျယ် ၃၈ မီတာ၊ ရေစူး ၇.၅ မီတာ၊ ဧရာမှ ပင်မကုန်းပတ်ထိအမြင့် ၃၃.၅ မီတာ၊ ဝန်ပြည့်တန်ချိန် ၂၇၀၀၀ တန်၊ အမြန်ဆုံးမောင်းနှင်နှုန်း တစ်နာရီ ရေမိုင် ၃၀ မိုင်၊ တပ်ဖွဲ့ဝင်တင်ဆောင်နိုင်မှု ၉၇၀ ဦး ရှိပြီး ရဟတ်ယာဉ်တင်ဆောင်နိုင်မှုအနေဖြင့် ရေငုပ်သင်္ဘောတိုက်ဖျက်ရေးရဟတ်ယာဉ် ၇ စီး နှင့် ရှာဖွေကယ်ဆယ်ရေးရဟတ်ယာဉ် ၂ စီးတင်ဆောင်သားနိုင်မည်ဖြစ်သည်။
Crd..Blue Ocean Diary
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi

zawgyi
ဂ်ပန္ေရတပ္၏ အသြင္ေျပာင္း တိုက္ေလယာဥ္တင္သေဘၤာအျဖစ္အသက္သြင္းေတာ့မည့္ Izumo -class

အေမရိကန္ေရတပ္ မရိန္းတပ္ဖြဲ႕မွ F 35B STOVL(Short Take-off and Vertical Launch) တိုက္ေလယာဥ္မ်ားသည္ ဂ်ပန္ေရတပ္ရွိ Izumo-class ေလယာဥ္တင္သေဘၤာေပၚတြင္ ယခုႏွစ္ ေအာက္တိုဘာလ သို႔မဟုတ္ နိုဝင္ဘာလမ်ားတြင္ စတင္တာဝန္ထမ္းေဆာင္သြားမည္ျဖစ္သည္။အေမရိကန္မရိန္းတပ္ဖြဲ႕သည္ F 35B STOVL တိုက္ေလယာဥ္မ်ားအား ဂ်ပန္ေရတပ္၏ Izumo-class ေလယာဥ္တင္သေဘၤာေပၚတြင္တင္ေဆာင္ၿပီး ေရယာဥ္တပ္ဖြဲ႕မ်ား အဆိုပါတိုက္ေလယာဥ္ႏွင့္ ရင္းႏွီးကၽြမ္းက်င္ၿပီး အသုံးျပဳနိုင္စြမ္းရွိေအာင္ ပူးတြဲေလ့က်င့္ေပးသြားမည္ျဖစ္သည္။

ဂ်ပန္ကိုယ္ပိုင္ကာကြယ္ေရး ေလတပ္ဖြဲ႕သည္ F 35B STOVL တိုက္ေလယာဥ္ ၄၂ စီးအား ၂၀၁၉ ခုႏွစ္ကမွာယူၿပီး စေရာက္ခ်ိန္တြင္ေျမျပင္အေျခစိုက္အသုံးျပဳလိမ့္မည္ျဖစ္သည္။ ေလယာဥ္အုပ္တစ္အုပ္တြင္ ေလယာဥ္အစီးေရ ၂၀ ျဖင့္ ဖြဲ႕စည္းၿပီး ဂ်ပန္နိုင္ငံအေနာက္ေတာင္ဘက္ပိုင္း Miyazaki Prefecture ရွိ Nyutabaru Air Base တြင္ ထားရွိသြားမည္ျဖစ္သည္/

Izumo အတန္းစား ဘက္စုံသုံး ဖ်က္သေဘၤာ(DDH) သည္ ဂ်ပန္ကိုယ္ပိုင္ကာကြယ္ေရးေရတပ္ဖြဲ႕တြင္ ရဟတ္ယာဥ္တင္သေဘၤာအျဖစ္အသုံးျပဳေနသည္။ သို႔ေသာ္ ၂၀၁၇ ခုႏွစ္တြင္ အဆိုပါ ရဟတ္ယာဥ္တင္သေဘၤာအား F 35B STOVL တိုက္ေလယာဥ္မ်ားတင္ေဆာင္နိုင္ေအာင္ အဆင့္ျမႇင့္တင္မႈမ်ားျပဳလုပ္ခဲ့သည္ဟု သတင္းမ်ားထြက္ေပၚခဲ့သည္။

၂၀၁၈ ခုႏွစ္ ေဖေဖာ္ ဝါရီလတြင္ ဂ်ပန္သည္ အဆိုပါ ရဟတ္ယာဥ္တင္သေဘၤာေပၚတြင္ တင္ေဆာင္အသုံးျပဳရန္ F 35B STOVL တိုက္ေလယာဥ္ အစီး ၄၀ ဝယ္ယူခဲ့သည္ဟု သတင္းမ်ားထြက္ေပၚခဲ့ၿပီး တင္ေဆာင္မည္ဆိုပါက Izumo အတန္းစား ၁ စီးတြင္ F 35B STOVL ၁၂ စီးမက တင္ေဆာင္နိုင္လိမ့္မည္ျဖစ္သည္။ ဒီဇင္ဘာလတြင္ ဂ်ပန္အစိုးရသည္ အဆိုပါရဟတ္ယာဥ္သေဘၤာအား ေလယာဥ္တင္ေဆာင္နိုင္ေအာင္ အဆင့္ျမႇင့္တင္ရန္ အတည္ျပဳခဲ့သည္။

Izumo အတန္းစား ပထမအစီး တည္ေဆာက္ျခင္းအား ၂၀၁၁ ခုႏွစ္တြင္ စတင္ခဲ့သည္။ ၂၀၁၂ ခုႏွစ္တြင္ ဧရာခင္းၿပီး ၂၀၁၃ ခုႏွစ္တြင္ ေရခ်ခဲ့သည္။ ယခု ဂ်ပန္ေရတပ္တြင္ Izumo အတန္းစားရဟတ္ယာဥ္တင္သေဘၤာ (၂) စီး( JS Izumo-DDH 183 ႏွင့္ JS Kaga-DDH-184) တာဝန္ထမ္းေဆာင္လ်က္ရွိသည္။

Izumo အတန္းစား ရဟတ္ယာဥ္တင္သေဘၤာသည္ အလ်ား ၂၄၈ မီတာ၊ အက်ယ္ ၃၈ မီတာ၊ ေရစူး ၇.၅ မီတာ၊ ဧရာမွ ပင္မကုန္းပတ္ထိအျမင့္ ၃၃.၅ မီတာ၊ ဝန္ျပည့္တန္ခ်ိန္ ၂၇၀၀၀ တန္၊ အျမန္ဆုံးေမာင္းႏွင္ႏႈန္း တစ္နာရီ ေရမိုင္ ၃၀ မိုင္၊ တပ္ဖြဲ႕ဝင္တင္ေဆာင္နိုင္မႈ ၉၇၀ ဦး ရွိၿပီး ရဟတ္ယာဥ္တင္ေဆာင္နိုင္မႈအေနျဖင့္ ေရငုပ္သေဘၤာတိုက္ဖ်က္ေရးရဟတ္ယာဥ္ ၇ စီး ႏွင့္ ရွာေဖြကယ္ဆယ္ေရးရဟတ္ယာဥ္ ၂ စီးတင္ေဆာင္သားနိုင္မည္ျဖစ္သည္။
Crd..Blue Ocean Diary
မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။