ဂျပန်ရေတပ်က သမုဒ္ဒရာစောင့်ကြည့်ရေယာဉ်သစ်ကို တပ်တော်ဝင်

News

ဂျပန်ရေကြောင်းကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် ကြာသပတေးနေ့က JS Aki ဟုအမည်ရသည့် သမုဒ္ဒရာကင်းထောက်ရေယာဉ်သစ်တစ်စီးကို လက်ခံရရှိခဲ့ပြီး တပ်တော်ဝင်မှုပြုလုပ်ခဲ့သည်ဟု သိရှိရသည်။

အဆိုပါအခမ်းအနားကို Tamano City မြိုရှိ Mitsui E&S Shipbuilding Co. သင်္ဘောကျင်း၌ ကျင်းပခဲ့ခြင်းလည်းဖြစ်သည်။၎င်းရေယာဉ်သည် တတိယမြောက် HIBIKI အမျိုးအစားဖြစ်ပြီး ၎င်းရေယာဉ်နာမည်ကို Seto Inland ပင်လယ်ရှိ Aki-nada မှ ယူ၍ ပေးခဲ့ခြင်းဖြစ်ကြောင်း ဂျပန်ရေကြောင်းကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ (JMSDF) ကသောကြာနေ့မှာပြောကြားခဲ့သည်။

ဟီကီဘီအမျိုးအစားရေယာဉ်သည် အလျား ၃၀ မီတာ၊ အမြန်နှုန်း ၁၁ နော့ခ် (တစ်နာရီ ၂၀ ကီလိုမီတာ) စံနှုန်းအကွာအဝေး ၃၈၀၀ ရေမိုင်ထိ မောင်းနှင်နိုင်ကြောင်းသိရှိရသည်။ရေယာဉ်ကိုယ်ထည်သည် လှိုင်းဒဏ်ခံနိုင်ရန် တည်ဆောက်ထားပြီး ၎င်းကြောင့်ပင် တည်ငြိမ်မှုဖြစ်စေမည်ဟုဆိုသည်။

သင်္ဘောတန်ချိန် ၃၀၄၈ တန်ရှိပြီး ၎င်း၌ AN/UQQ-2 Surveillance Towed Array Sensor System (SURTASS) ရေဒါစနစ်ကိုတပ်ဆင်ထားကာ ၎င်းရေဒါစနစ်သည် ပင်လယ်အတွင်း၌ တာဝေးအားဖြင့် အသံလှိုင်းအမျိုးမျိုးကို ဖမ်းယူနိုင်မည်ဖြစ်သည်။

Ref-DB

Myanmarnews24

Leave a Reply