■ဂျပန်နိုင်ငံအိုဆာဝါနိုမြို့ရဲ့မနီးမဝေးမှာရှိသောရွာလေးမှ ရုပ်တုများ

Article Knowledge Travel World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■ဂျပန်နိုင်ငံအိုဆာဝါနိုမြို့ရဲ့မနီးမဝေးမှာရှိသောရွာလေးမှ ရုပ်တုများ

လွန်ခဲ့တဲ့လေးနှစ်က ဂျပန်ဓာတ်ပုံဆရာတစ်ယောက်ဟာ စိတ်ကူးသစ်နဲ့ရှုခင်းအသစ်တွေရှာဖွေဖို့ တိုယာမာစီရင်စုမှာလှည့်လည်သွားလာခဲ့ပါတယ်။ ဒါပေမဲ့သူဟာ လုံးဝမမျှော်လင့်ထားတဲ့အရာတစ်ခုကိုတွေ့ရှိခဲ့တာပါ။

အိုဆာဝါနိုမြို့နဲ့မနီးမဝေးမှာ ရွာလေးတစ်ရွာကိုတွေ့ရှိခဲ့ပါတယ်။ဒေသခံတွေက သူ့ကိုစွန့်ပစ်ခံနေရာတစ်ခုအကြောင်းကိုပြောပြကြပါတယ်။ဒေသခံအချို့ရဲ့ပြောစကားအရ အဲ့ဒီနေရာမှာ အဖြေထုတ်လို့မရတဲ့ထူးဆန်းတဲ့အဖြစ်အပျက်တွေဖြစ်ခဲ့တာပါ။

သူတို့ရဲ့လမ်းညွှန်မှုနဲ့ ဓာတ်ပုံဆရာဟာ မြက်ရိုင်းရှည်တွေပြည့်နှက်နေတဲ့ စွန့်ပစ်ခံပန်းခြံကြီးဆီရောက်သွားပါတယ်။အဲ့ဒီမှာ လူအစစ်နဲ့တူတဲ့ ကျောက်ရုပ်တုပေါင်း ၈၀၀ကို အံအားသင့်ဖွယ် တွေ့ရှိခဲ့တာပါ။ရုပ်တုတိုင်းမှာ မတူညီတဲ့ဝတ်စုံနဲ့ ထူးခြားတဲ့ပုံစံတစ်မျိုးဆီရှိပါတယ်။

ဒီနေရာကို ကြောက်လန့်ဖွယ်ရာဖြစ်အောင်မရည်ရွယ်ခဲ့ပေမဲ့ထင်သလိုဖြစ်မလာပဲ ပုံစံတူရုပ်တုတွေဟာ ထိတ်လန့်စရာဖြစ်ခဲ့ပါတယ်။ဒီကျောက်ရုပ်တုတွေပြုလုပ်ဖို့ တရုတ်ပန်းပုဆရာတစ်ယောက်ကို ငွေကြေးပမာဏများစွာနဲ့ အဲ့ဒီနယ်ရဲ့အကြီးအကဲသဘာပတိက ခိုင်းစေခဲ့တာပါ။ဖူရူကာဝါရဲ့ရုပ်တုကိုတောင် ဒီမှာတွေ့နိုင်ပါတယ်။

နောင်မျိုးဆက်တွေအတွက် သူနဲ့သူဆွေမျိုးအားလုံးရဲ့ပုံတူကို မော်ကွန်းတင်ထွင်းထုချင်ခဲ့တာပါ။ဒါပေမဲ့ ရယ်စရာကောင်းတာက ဒီနေရာကိုမေ့လျော့ခဲ့ကြပါတယ်။ဒါပေမဲ့ အခုအခါမှာတော့ ပန်းခြံဟာ လာရောက်လည်ပတ်သူတွေနဲ့စည်းကားနေပြီး ဖူရူကာဝါရဲ့အိမ်မက်တွေတကယ်ဖြစ်ခဲ့ပါပြီ။သူဟာ ဒေါ်လာသန်းခြောက်ဆယ်သုံးခဲ့ရပါတယ်။
Ref:youtube
Trans:thegeektext

zawgyi







Ref:youtube
Trans:thegeektext