ဂျပန်က ၂၀၃၀ ပြည့်နှစ်အလယ်ခန့်တွင် လောင်စာဆီစနစ်သုံးယာဉ် အသုံးပြု မှု အားလုံးကို ရပ်ဆိုင်းဖယ်ရှားမည်

News

ဂျပန်က ၂၀၃၀ ပြည့်နှစ်အလယ်ခန့်တွင် လောင်စာဆီစနစ်သုံးယာဉ် အသုံးပြု မှု အားလုံးကို ရပ်ဆိုင်းဖယ်ရှားမည်

ကာဗွန်ထုတ်လုပ်မှုရာခိုင်နှုန်းကို သုညပမာဏအထိ လျှော့ချနိုင်ရန် လာမည့် ၁၅ နှစ်အတွင်း လောင်စာဆီစွမ်းအင်သုံးယာဉ်များအားလုံးကို ဖယ်ရှားမှုပြုလုပ်မည် ဖြစ်သည်ဟု ဂျပန်အစိုးရက ကြေညာလိုက်ပြီဖြစ်သည်။

ထိုသို့ဆောင်ရွက်မည့်စီမံကိန်းကို Green Growth Strategy ဟု သတ်မှတ်ထား ပြီး ၂၀၅၀ ပြည့်နှစ်တွင် ကာဗွန်ထုတ်လုပ်မှုကို သုညရာခိုင်နှုန်းအထိ ရပ်ဆိုင်ပစ် ရန်လုပ်ဆောင်မည်ဖြစ်ကာ အမေရိကန်ဒေါ်လာ ၂ ထရီလီယံအထိအသုံးပြုမည် ဖြစ်သည်ဟုသိရှိရသည်။

၎င်းရန်ပုံငွေကို အစိမ်းရောင်ရင်းနှီးမြုပ်နှံမှုအဖြစ် သတ်မှတ်ထားပြီး ၎င်းမဟာ ဗျူဟာတွင် ရှင်းလင်းသောပန်းတိုင်များနှင့် မူဝါဒလမ်းညွှန်ချက်များ ချမှတ်ခြင်း သည် ကုမ္ပဏီများအား အနာဂတ်နည်းပညာအတွက် ရင်းနှီးမြှုပ်နှံရန် မက်လုံး ဖြစ်စေလိမ့်မည်။

အစိုးရအနေဖြင့် အခွန်ဆိုင်ရာမက်လုံးပေးမှုများနှင့် ငွေကြေးထောက်ပံမှုများကို ကုမ္ပဏီများအတွက် ကမ်းလှမ်းမည်ဖြစ်ပြီး တစ်နှစ်လျှင် ၎င်းအသုံးစရိတ်အ တွက် အမေရိကန်ဒေါ်လာ ၈၇၀ ဘီလံယံခန့်မှန်းထားသည်။

ဂျပန်အစိုးရအနေဖြင့် လျှပ်စစ်မော်တော်ကားများဖြင့် အစားထိုးအသုံးပြုရန် ယခုကဲ့သို့အားသွန်ခွန်စိုက်ဆောင်ရွက်နေခဲ့ခြင်းလည်းဖြစ်သည်။ အထူးသဖြင့် ၂၀၃၀ တွင် ဟိုက်ဒရိုဂျင်သုံးစွဲမှုတန်ချိန် ၃ သန်းနှင့် ၂၀၇၀ ပြည့်နှစ်တွင်တန် ၂၀ သန်းသို့ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းနှင့် သယ်ယူပို့ဆောင်ရေး သို့တိုးမြှင့်ပေးရန်ရည်ရွယ်ထားခြင်းဖြစ်သည်။

ဂျပန်သည် ၂၀၅၀ ပြည့်နှစ်တွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို “တတ်နိုင်သ လောက်” အသုံးပြုရန်စီစဉ်ထားကြောင်း သိရှိရသည်။

Ref-Reuters
Credit – MyanmarNews24

Leave a Reply