၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဂျပန်နိုင်ငံသည် ဗြိတိန်နှင့် ပူးပေါင်းတီထွင်ဆောင်ရွက်နေသော Joint New Air-to-Air Missile (JNAAM) စနစ်ကို တိုးမြှင့်ဆက်လက်ဆောင်ရွက်နေသည်ဟု သိရှိရသည်။အထူးသဖြင့် ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနသည် အဆိုပါစနစ်နမူနာထုတ်လုပ် မှုအတွက် အမေရိကန်ဒေါ်လာ ၉.၇ သန်းသုံးစွဲမည်ဖြစ်သည်ဟုလည်း အတည်ပြုထားသည်။

ပူးပေါင်းတီထွင်ထုတ်လုပ်မှု နမူနာအစီအစဉ်ကို ၂၀၁၈ ခုနှစ် ဘဏ္ဍာရေးနှစ်က စတင်ခဲ့ပြီး နောက်ဆုံးနမူနာထုတ်လုပ်မှုကို ၂၀၂၂ ခုနှစ်၌ အဆုံးသတ်ရန် ရည်ရွယ်ထားသည်။ စနစ်အနေဖြင့် အတည်ပြုပြီးပါက အမြောက်အမြားဆက်လက်ထုတ်လုပ်ရန် လည်းစီစဉ်ထားသည်ဟုဆိုသည်။ယခုရန်ပုံငွေချထားပေးမှုကို ယနေ့၌ပင်အတည်ပြုခဲ့ခြင်းလည်းဖြစ်သလို အတည်ပြုမှု၌ MBDA ၏ Meteor Beyond Visual Range Air-to-Air Missile (BVRAAM) နည်းပညာနှင့်ဆက်စပ်နေသော စီမံကိန်းများလည်း ပါဝင်သည်ဟုဆိုသည်။

ဂျပန်အနေဖြင့် AAM4B ဒုံးကျည်စနစ်အတွက် MEC ထုတ် အဆင့်မြှင့် Radio Frequency (RF) Seeker နည်းပညာများကို တပ်ဆင်ရန် အလိုရှိနေပြီး ၎င်းရည်ရွယ်ချက်သည် BVRAAM စွမ်းဆောင်ရည်ကို တိကျစေရန်နှင့်ကောင်းမွန် စေရန်အပြင် JNAAM စနစ်၏ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း ထောက်ပံ့ပေးစေလိုနေခြင်းဖြစ်ကြောင်း သိရှိရသည်။

Credit – MyanmarNews24
Zawgyi
၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဂျပန်နိုင်ငံသည် ဗြိတိန်နှင့် ပူးပေါင်းတီထွင်ဆောင်ရွက်နေသော Joint New Air-to-Air Missile (JNAAM) စနစ်ကို တိုးမြှင့်ဆက်လက်ဆောင်ရွက်နေသည်ဟု သိရှိရသည်။
အထူးသဖြင့် ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနသည် အဆိုပါစနစ်နမူနာထုတ်လုပ် မှုအတွက် အမေရိကန်ဒေါ်လာ ၉.၇ သန်းသုံးစွဲမည်ဖြစ်သည်ဟုလည်း အတည်ပြုထားသည်။
ပူးပေါင်းတီထွင်ထုတ်လုပ်မှု နမူနာအစီအစဉ်ကို ၂၀၁၈ ခုနှစ် ဘဏ္ဍာရေးနှစ်က စတင်ခဲ့ပြီး နောက်ဆုံးနမူနာထုတ်လုပ်မှုကို ၂၀၂၂ ခုနှစ်၌ အဆုံးသတ်ရန် ရည်ရွယ်ထားသည်။
စနစ်အနေဖြင့် အတည်ပြုပြီးပါက အမြောက်အမြားဆက်လက်ထုတ်လုပ်ရန် လည်းစီစဉ်ထားသည်ဟုဆိုသည်။
ယခုရန်ပုံငွေချထားပေးမှုကို ယနေ့၌ပင်အတည်ပြုခဲ့ခြင်းလည်းဖြစ်သလို အတည်ပြုမှု၌ MBDA ၏ Meteor Beyond Visual Range Air-to-Air Missile (BVRAAM) နည်းပညာနှင့်ဆက်စပ်နေသော စီမံကိန်းများလည်း ပါဝင်သည်ဟုဆိုသည်။
ဂျပန်အနေဖြင့် AAM4B ဒုံးကျည်စနစ်အတွက် MEC ထုတ် အဆင့်မြှင့် Radio Frequency (RF) Seeker နည်းပညာများကို တပ်ဆင်ရန် အလိုရှိနေပြီး ၎င်းရည်ရွယ်ချက်သည် BVRAAM စွမ်းဆောင်ရည်ကို တိကျစေရန်နှင့်ကောင်းမွန် စေရန်အပြင် JNAAM စနစ်၏ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း ထောက်ပံ့ပေးစေလိုနေခြင်းဖြစ်ကြောင်း သိရှိရသည်။
Credit – MyanmarNews24