ဂျက်မားရဲ့Alibaba Groupတော့ဈေးကွက်လက်ဝါးကြီးအုပ်မှုပုံစံမျိုးရှိခဲ့လို့ယှဉ်ပြိုင်မှုဥပဒေ(Competition Law)ဖြင့် အရေးယူခံရတော့မည်လား?

News

ဂျက်မားရဲ့Alibaba Groupတော့ဈေးကွက်လက်ဝါးကြီးအုပ်မှုပုံစံမျိုးရှိခဲ့လို့ယှဉ်ပြိုင်မှုဥပဒေ(Competition Law)ဖြင့် အရေးယူခံရတော့မည်လား?

တရုတ်မှာ အာဏာအရှိဆုံးက ရှီကျင့်ဖျင်။တရုတ်မှာ အချမ်းသာဆုံးက ဂျက်မား။သူတို့နှစ်ဉီးရဲ့ အားပြိုင်မှု၊ပွတ်တိုက်မှုမျိုးတွေ ရှိလာခဲ့ပြီဆိုတာတော့ အထင်အရှားတွေ့လာရပါသည်။ဂျက်မားကတရုတ်ဘဏ္ဍာရေးစနစ်ကို ဝေဖန်မှုတွေလုပ်ခဲ့သည့်နောက်ပိုင်း ရှီကျင့်ဖျင်က မကျေမနပ်ဖြစ်ခဲ့ပြီးAnt Groupရဲ့ IPOလုပ်ငန်းစဉ်ကို တားမြစ်ပိတ်ပင်ရန်ညွှန်ကြားခဲ့သည်လို့လေ့လာသုံးသပ်သူတွေက သုံးသပ်ထားကြပါသည်။

အဲဒိလို တားမြစ်ပိတ်ပင်လိုက်ပြီးနောက်မှာတော့ Alibaba Groupဟာတရုတ်ပြည်တွင်းဈေးကွက်၌ ဈေးကွက်လက်ဝါးကြီးအုပ်ထားမှုနှင့် ယှဉ်ပြိုင်ဘက်ကုမ္ပဏီလုပ်ငန်းတွေကိုလည်း မမျှတသောနည်းဖြင့် ဈေးကွက်ယှဉ်ပြိုင်မှုတွေလုပ်ပြီးဈေးကွက် အသာစီးရအောင်လုပ်နေမှုတွေ ရှိနေသည်ဟူသော သံသယဖြစ်ဖွယ်လုပ်ရပ်တွေ ရှိနိုင်သည်လို့ တရုတ်အာဏာပိုင်တွေက ယူဆထားကြပြီး လာမည့်ရက်များ၌ စုံစမ်းစစ်ဆေးမှုတွေ လုပ်သွားမည်လို့ ဒီကနေ့မှာဆိုလိုက်ပြီလည်းဖြစ်သည်။

ဆော်ဒီအစိုးရပိုင် Saudi Aramcoရဲ့IPOတန်ဖိုးဟာ $29.4ဘီလီယံဖြင့် စံချိန်တင်(အများဆုံး)နှုန်းရှိခဲ့တာကို ချိုးဖောက်
ကျော်လွန်နိုင်မည့် Ant Groupရဲ့ $34ဘီလီယံIPOလုပ်ငန်းစဉ်ကို တရုတ်အာဏာပိုင်တွေက အကျိုးအကြောင်းခိုင်လှုံမှု မရှိဘဲ တားမြစ်ခဲ့ပါသည်။လေ့လာသုံးသပ်သူတွေရဲ့အဆိုအရ ဂျက်မားက တရုတ်အစိုးရရဲ့ စီးပွားရေးပေါ်လစီနှင့် ဘဏ္ဍာရေးစနစ်တို့ကို ဝေဖန်မှု လုပ်ခဲ့ခြင်းကြောင့်သာ အဲဒိလို အပိတ်ခံ၊တားမြစ်ခံခဲ့ရခြင်းရဲ့ အဓိက အကြောင်းအဖြစ်
ရှိခဲ့တာလို့ သုံးသပ်ထားကြသည်။

တရုတ်အစိုးရရဲ့ ယခုလို လုပ်လိုက်သည့်လုပ်ရပ်ကြောင့် တရုတ်ပြည်တွင်းမှာရှိနေကြတဲ့ e-commerceလုပ်ငန်းများတို့ကိုလည်းစိုးရိမ်မှုတွေ များစွာ ရှိလာစေခဲ့ပါသည်။တရုတ်အာဏာပိုင်တွေကတော့ Ant Groupရဲ့ ကိစ္စကတော့ လာမည့်ရက်များအတွင်း၌ အဖြေသဲကွဲမှုတွေ ရှိလာလိမ့်မည်။အဓိကကတော့ ဈေးကွက်မှာစီးပွားရေးလုပ်ငန်းများတို့အတွက် လုပ်ငန်းတခု၊ကုမ္ပဏီတခုက လက်ဝါးကြီးအုပ်မှုမျိုးထက်တရားမျှတပြီး၊ လွတ်လပ်စွာယှဥ်ပြိုင်မှုရှိစေနိုင်ရေးအတွက်ပြိုင်ဆိုင်မှုကိုထိန်းကျောင်းပေးရန်အတွက်သာဖြစ်တယ်လို့ လည်းမှတ်ချက်ပေး ပြောကြားမှုအချို့လည်းရှိနေကြပါသည်။

ဂျက်မားကတော့ ထိုကိစ္စနှင့်စပ်လျဥ်းပြီး ပြည်ပသတင်းမီဒီယာတွေက မေးကြသည့်မေးခွန်းတွေကို ပြန်ဖြေကြားခဲ့ခြင်းမျိုး မလုပ်ခဲ့ပေ။Ant Groupကတော့ တရုတ်အစိုးရအာဏာပိုင်တွေနှင့် ညှိနှိုင်းဆွေးနွေးမှုတွေကိုလုပ်သွားမည်လို့ ဆိုထားပါသည်။တရုတ်အစိုးရရဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်သွားမည်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပြီးနောက်Alibabaရှယ်ယာဈေးက ဟောင်ကောင်ဈေးကွက်၌ -8 13%အထိ ထိုးကျခဲ့ပါသည်။တခြားသောနည်းပညာစတော့များကလည်းအကျဘက် ရှိကုန်ကြပါသည်။

JD healthcare (-15.64%)

  • Tencent (-2.63%)
  • Meituan (- 2.72%)ဟူ၍ အကျအ
    သီးသီးရှိကုန်ကြပါသည်။
    Credit – KoNayNay

Leave a Reply