ဂ်ာမနီနိုင္ငံက စမ္းသပ္ေနသည့္ HEL အမည္ရွိ ေလဆာလက္နက္ဆန္း…

အနာဂတ္ကာလတြင္ သုံးစြဲရန္ ရည္႐ြယ္သည့္ စြမ္းရည္ျမင့္ ေလဆာ (HEL) လက္နက္ကို ေဘာလ္တစ္ပင္လယ္ ျပင္၌ ဂ်ာမန္ေရတပ္၏ ေလေၾကာင္းရန္ကာကြယ္ေရး ဖရီးဂိတ္သေဘၤာမွေန၍ ပထမဆုံး ပစ္ခတ္စမ္းသပ္ခဲ့ ေၾကာင္း ႐ိုင္မတ္ေတာ (Rheinmetall) နည္းပညာကုမၸဏီ၏ ေအာက္တိုဘာ ၂၈ ရက္ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပ ထားသည္။
ဆက္ဆန္ကလပ္စ္ ဖရီးဂိတ္သေဘၤာ (Sachsen-class frigate) သည္ ဒ႐ုန္းမ်ားစြာႏွင့္ ေအာင္ျမင္စြာ ခ်ိတ္ဆက္ ပစ္ခတ္ႏိုင္ခဲ့ရာ တိုေတာင္းေသာ အကြာအေဝးရွိ ပစ္မွတ္မ်ားကို တိက်စြာ ထိမွန္ႏိုင္စြမ္းရွိေၾကာင္း သက္ေသျပ ခဲ့သည္။
HEL (ေလဆာ)လွ်ပ္စစ္ အလင္းအာ႐ုံ ကိရိယာမ်ားႏွင့္ ေရဒါစြမ္းရည္မ်ားကို တိုက္႐ိုက္ ပစ္ခတ္စမ္းသပ္ျခင္းျဖင့္ အတည္ျပဳႏိုင္ခဲ့ေၾကာင္း ဂ်ာမန္ဒုံးက်ည္ ထုတ္လုပ္ေရး MBDA ကုမၸဏီႏွင့္ ပူးေပါင္းတီထြင္ခဲ့သည့္ ႐ိုင္မက္ေတာ နည္းပညာကုမၸဏီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ထို႔ျပင္ ဂ်ာမန္ေရတပ္သည္ ပစ္မွတ္ခ်ိန္႐ြယ္မႈႏွင့္ ထိမွန္မႈတို႔မွေန၍ အဆိုပါလက္နက္၏ အစိတ္အပိုင္း အားလုံးႏွင့္ လုပ္ေဆာင္ပုံ အဆင့္ဆင့္တို႔၏ အျပန္အလွန္ အက်ိဳးသက္ေရာက္မႈကို အကဲျဖတ္ႏိုင္ခဲ့သည္။
အဆိုပါ လက္နက္စမ္းသပ္မႈကို ၂၀၂၃ ခုႏွစ္ ႏွစ္လယ္ပိုင္းအထိ ဆက္လက္ လုပ္ေဆာင္မည္ျဖစ္ၿပီး HEL ေလဆာ လက္နက္ စြမ္းေဆာင္ရည္မ်ားကို စိန္ေခၚျမႇင့္တင္သြားမည္ဟု သိရသည္။
စမ္းသပ္မႈမွ ထြက္ေပၚလာေသာ ရလဒ္မ်ားကို အေျခခံ၍ HEL ေလဆာလက္နက္ကို လက္ေတြ႕ အျပည့္အဝ အသုံးခ်ႏိုင္ရန္ အေထာက္အကူျပဳ သြားမည္ျဖစ္ေၾကာင္း ႐ိုင္မက္ေတာ နည္းပညာကုမၸဏီက ဆက္လက္ ေျပာၾကားခဲ့သည္။
“လက္ရွိ စမ္းသပ္ၿပီးသမွ် အေျခအေနကို ယခုအခါ ဂ်ာမန္စစ္တပ္တြင္ ေလဆာလက္နက္စနစ္ႏွင့္ စြမ္းရည္မ်ား အတြက္ မိတ္ဆက္ဖို႔ အေျခခံအဆင့္ သတ္မွတ္ၿပီး ျဖစ္ေၾကာင္း၊ ယင္းလက္နက္သည္ ေရတပ္ႏွင့္လည္း သက္ဆိုင္ ၿပီး အကန႔္အသတ္မရွိဘဲ သုံးစြဲႏိုင္မည့္ စြမ္းရည္မ်ား ရွိၾကေၾကာင္း” ကုမၸဏီ၏ ထုတ္ျပန္ခ်က္တြင္ ေရးသားထား သည္။
ဂ်ာမန္ကာကြယ္ေရးဆိုင္ရာ စက္မႈလုပ္ငန္းသည္ အသုံးခ် ပ႐ိုဂရမ္မ်ားစြာျဖင့္ စစ္ေျမျပင္ အေထာက္အကူျပဳ ေလဆာစနစ္မ်ားကို ေရွ႕တိုးေဆာင္႐ြက္လ်က္ရွိသည္။
ယခုအခါ အေနာက္အုပ္စု ႏိုင္ငံအသီးသီး၏ စစ္တပ္မ်ားသည္ ဒ႐ုန္းတိုက္ခိုက္မႈမ်ားကို ခုခံကာကြယ္ႏိုင္ေအာင္ အၿပိဳင္အဆိုင္ တီထြင္ေနၾကၿပီး အနာဂတ္စစ္ေရးပဋိပကၡ၌ ဒ႐ုန္းမ်ားက စစ္ေျမျပင္ကို စိုးမိုးလာမည္ဟု အေမရိကန္ ပင္တဂြန္စစ္ဌာနခ်ဳပ္က ရႈျမင္ထားသည္။
Crd…Military weapon News
Unicode
ဂျာမနီနိုင်ငံက စမ်းသပ်နေသည့် HEL အမည်ရှိ လေဆာလက်နက်ဆန်း…
အနာဂတ်ကာလတွင် သုံးစွဲရန် ရည်ရွယ်သည့် စွမ်းရည်မြင့် လေဆာ (HEL) လက်နက်ကို ဘောလ်တစ်ပင်လယ် ပြင်၌ ဂျာမန်ရေတပ်၏ လေကြောင်းရန်ကာကွယ်ရေး ဖရီးဂိတ်သင်္ဘောမှနေ၍ ပထမဆုံး ပစ်ခတ်စမ်းသပ်ခဲ့ ကြောင်း ရိုင်မတ်တော (Rheinmetall) နည်းပညာကုမ္ပဏီ၏ အောက်တိုဘာ ၂၈ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
ဆက်ဆန်ကလပ်စ် ဖရီးဂိတ်သင်္ဘော (Sachsen-class frigate) သည် ဒရုန်းများစွာနှင့် အောင်မြင်စွာ ချိတ်ဆက် ပစ်ခတ်နိုင်ခဲ့ရာ တိုတောင်းသော အကွာအဝေးရှိ ပစ်မှတ်များကို တိကျစွာ ထိမှန်နိုင်စွမ်းရှိကြောင်း သက်သေပြ ခဲ့သည်။
HEL (လေဆာ)လျှပ်စစ် အလင်းအာရုံ ကိရိယာများနှင့် ရေဒါစွမ်းရည်များကို တိုက်ရိုက် ပစ်ခတ်စမ်းသပ်ခြင်းဖြင့် အတည်ပြုနိုင်ခဲ့ကြောင်း ဂျာမန်ဒုံးကျည် ထုတ်လုပ်ရေး MBDA ကုမ္ပဏီနှင့် ပူးပေါင်းတီထွင်ခဲ့သည့် ရိုင်မက်တော နည်းပညာကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် ဂျာမန်ရေတပ်သည် ပစ်မှတ်ချိန်ရွယ်မှုနှင့် ထိမှန်မှုတို့မှနေ၍ အဆိုပါလက်နက်၏ အစိတ်အပိုင်း အားလုံးနှင့် လုပ်ဆောင်ပုံ အဆင့်ဆင့်တို့၏ အပြန်အလှန် အကျိုးသက်ရောက်မှုကို အကဲဖြတ်နိုင်ခဲ့သည်။
အဆိုပါ လက်နက်စမ်းသပ်မှုကို ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းအထိ ဆက်လက် လုပ်ဆောင်မည်ဖြစ်ပြီး HEL လေဆာ လက်နက် စွမ်းဆောင်ရည်များကို စိန်ခေါ်မြှင့်တင်သွားမည်ဟု သိရသည်။
စမ်းသပ်မှုမှ ထွက်ပေါ်လာသော ရလဒ်များကို အခြေခံ၍ HEL လေဆာလက်နက်ကို လက်တွေ့ အပြည့်အဝ အသုံးချနိုင်ရန် အထောက်အကူပြု သွားမည်ဖြစ်ကြောင်း ရိုင်မက်တော နည်းပညာကုမ္ပဏီက ဆက်လက် ပြောကြားခဲ့သည်။
“လက်ရှိ စမ်းသပ်ပြီးသမျှ အခြေအနေကို ယခုအခါ ဂျာမန်စစ်တပ်တွင် လေဆာလက်နက်စနစ်နှင့် စွမ်းရည်များ အတွက် မိတ်ဆက်ဖို့ အခြေခံအဆင့် သတ်မှတ်ပြီး ဖြစ်ကြောင်း၊ ယင်းလက်နက်သည် ရေတပ်နှင့်လည်း သက်ဆိုင် ပြီး အကန့်အသတ်မရှိဘဲ သုံးစွဲနိုင်မည့် စွမ်းရည်များ ရှိကြကြောင်း” ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ရေးသားထား သည်။
ဂျာမန်ကာကွယ်ရေးဆိုင်ရာ စက်မှုလုပ်ငန်းသည် အသုံးချ ပရိုဂရမ်များစွာဖြင့် စစ်မြေပြင် အထောက်အကူပြု လေဆာစနစ်များကို ရှေ့တိုးဆောင်ရွက်လျက်ရှိသည်။
ယခုအခါ အနောက်အုပ်စု နိုင်ငံအသီးသီး၏ စစ်တပ်များသည် ဒရုန်းတိုက်ခိုက်မှုများကို ခုခံကာကွယ်နိုင်အောင် အပြိုင်အဆိုင် တီထွင်နေကြပြီး အနာဂတ်စစ်ရေးပဋိပက္ခ၌ ဒရုန်းများက စစ်မြေပြင်ကို စိုးမိုးလာမည်ဟု အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က ရှုမြင်ထားသည်။
Crd…Military weapon News
The post ဂ်ာမနီနိုင္ငံက စမ္းသပ္ေနသည့္ HEL အမည္ရွိ ေလဆာလက္နက္ဆန္း… appeared first on Entertainment.
Crd