ဂ်ပန္႐ုပ္သံဌာနက ႐ိုက္ကူးတင္ျပတဲ့ ဒုတိယကမာၻစစ္ ျမန္မာျပည္မွ ျပည္ေတာ္မျပန္ႏိုင္ေတာ့တဲ့ ဂ်ပန္စစ္သားတဦးရဲ႕ ျမန္မာျပည္ မိသားစု ေနထိုင္မႈဘဝ…

ဂ်ပန္႐ုပ္သံဌာနက ႐ိုက္ကူးတင္ျပတဲ့ ဒုတိယကမာၻစစ္ ျမန္မာျပည္မွ ျပည္ေတာ္မျပန္ႏိုင္ေတာ့တဲ့ ဂ်ပန္စစ္သားတဦးရဲ႕ ျမန္မာျပည္ မိသားစု ေနထိုင္မႈဘဝ…

ဂျပန်ရုပ်သံဌာနက ရိုက်ကူးတင်ပြတဲ့ ဒုတိယကမ္ဘာစစ် မြန်မာပြည်မှ ပြည်တော်မပြန်နိုင်တော့တဲ့ ဂျပန်စစ်သားတဦးရဲ့ မြန်မာပြည် မိသားစု နေထိုင်မှုဘဝ…
ဂျပန်ရုပ်သံဌာနက ရိုက်ကူးတင်ပြတဲ့ ဒုတိယကမ္ဘာစစ် မြန်မာပြည်မှ ပြည်တော်မပြန်နိုင်တော့တဲ့ ဂျပန်စစ်သားတဦးရဲ့ မြန်မာပြည် မိသားစု နေထိုင်မှုဘဝ…

အတိတ္ဆီသို႔ ။
တိုက်ိဳ တီဗြီ တြင္ ၁၁-၁-၁၉၉၅ ည၁၀နာရီ TBS ခ်ာနယ္လ္(၆) ကထုတ္လႊင့္ခဲ့ေသာအစီအစဥ္ပါ။ ဒုတိယ ကမာၻစစ္မတိုင္မီကာလက ဂ်ပန္အမ်ားႏိုင္ငံတကာထြက္ခဲ့ၾကသည္။

အေမရိကန္ျပည္ေထာင္စုသို႔လည္း မ်ားစြာေရာက္ခဲ့သည္။ ၁၉၄၁ႏွစ္ဆန္းတြင္ ဒုတိယကမာၻစစ္မီးအႏၲရာယ္ေၾကာင့္ဂ်ပန္ျပန္ၾကရန္ဆိုင္ရာဂ်ပန္သံ႐ုံးမ်ားကႏႈိးေဆာ္သည္။ အမ်ားစုကျပန္ၾကသည္။

အိုတာစံ တို႔ညီအကိုမွာအေမရိကတြင္ေက်ာင္းလာတက္ေနၾကသည္။ေက်ာင္းစာထူးခြၽန္သလို။ေဘ့စ္ေဘာ္ အားကစားမွာလည္းႏွစ္ဦးလုံးေက်ာင္းလက္ ေ႐ြးစဥ္မ်ားျဖစ္ၾကသည္။

၁၉၄၁ ဒီဇဘၤာ ၇ရက္ မွာဂ်ပန္ကစစ္ေၾက ျငာျခင္းမရွိဘဲ အေမရိကန္ေရတပ္စခန္း ပုလဲဆိပ္ကမ္းကိုဝင္တိုက္သည္။အေမရိကန္အ​ႀကီးအက်ယ္ အထိနာၿပီးဒုတိယကမာၻစစ္ထဲပါလာရေတာ့သည္။

အေမရိကရွိ ဂ်ပန္အမ်ားဒုကၡေရာက္ေတာ့သည္။အကိုႀကီးကမ်ိဳးခ်စ္စိတ္ျပင္းသည္။ဂ်ပန္ျပန္ စစ္ထဲဝင္သည္။

ညီငယ္ကေက်ာင္းပညာေရးဆုံးခန္းတိုင္တက္လိုသည္။မျပန္။ညီအကိုျခင္းစိတ္ဝမ္ကြဲသြားၾကသည္။ညီငယ္က အေမရိကရွိအျခားဂ်ပန္မ်ားနည္းတူကန႔္သတ္နယ္ေျမ။

ဒုကၡသည္စခန္းမ်ားမွာေနခဲ့ရသည္။ကမၻစစ္ၿပီးေနာက္ပညာထူးခြၽန္ခဲ့ေသာညီငယ္မွာသမတနစ္ဆင္၏အႀကံေပးအဖြဲ႕တြင္ပင္ပါဝင္ခဲ့ရသည္။

အကိုႀကီးအေၾကာင္း။မိသားစုအေၾကာင္းကိုစုံစမ္းေသာ္လည္း အစအနရွာမရ။ TBS ၏ဤအစီအစဥ္တြင္အကူအညီေတာင္းရာမွအစဥ္ေျပခဲ့ရသည္။အကိုႀကီးကို အေမရိက ေခၚသြားသည္။

သူတို႔ငယ္စဥ္ကတက္ခဲ့ၾကေသာမူလတန္းေက်ာင္း။ေဘ့စ္ေဘာကစားကြင္းေလးထဲမွညီငယ္ကေစာင့္ေနသည္။အကိုႀကီးကဝင္လာၿပီးတဘက္ မွေဘ့စ္ေဘာ ေဘာ္လုံးေလးကိုပစ္ေပးသည္။​

ညီငယ္ကဖမ္းလိုက္သည္။ ၿပီး ႏွစ္ေယာက္သားေျပးလာၾကၿပီးဖက္လိုက္ၾကသည္။ ညီငယ္ကတရႈံ႕ရႈံ႕ငိုေနရွာသည္။အကိုႀကီးကေထြးပိုက္ထားလိုက္သည္။

ၿပီးေတာ့ “ခ႐ုသင္း”မုွတ္သံေလးတတူတူျဖင့္ မနက္အာ႐ုဏ္တက္ေ႐ႊတိဂုံဘုရားရႈခင္းကိုျပသည္။တန္ေဆာင္တိုင္မသိုးသကၤန္းအတြက္ယက္ကန္းခတ္ၿပိဳင္ပြဲကိုျပသည္။

သူႏိုင္ငါႏိုင္အၿပိဳင္ႏႊဲေနၾကသူမ်ား။အားေပးၾကသူအမ်ား။ႏွင့္သကၤန္းဆက္ကပ္ပုံျပသည္။အင္းေလးေရျပင္တြင္ ေျခႏွင့္ေလွာ္ခတ္ေနသူမ်ား။

ေၾကးကြင္းေလးနဲ႔ပေဒါင္မေလး စသည့္ျမန္မာ့အလွ႐ုွခင္းမ်ားကိုျပအၿပီး ရန္ကုန္ၿမိဳ႕ေတာင္ဥကၠလာပရွိ ဦးထြန္းစိန္ ( ကီတမူရ ဆာကုႏိုဂ်ိဳ )၏အိမ္ကိုျပသည္။

မိသားစုဓါတ္ပုံ။ဦးထြန္းစိန္၏ ဘုန္ႀကီးဝတ္ႏွင့္ပုံ။စစ္ဝတ္စုံျဖင့္ပုံမ်ားကိုျပသည္။ ဦးထြန္းစိန္ကသူ၏ဇာတ္လမ္းေလးကိုေျပာျပသည္။

၁၉၄၃တြင္ဂ်ပနိတပ္မေတာ္ႏွင့္အတူျမန္မာျပည္ေရာက္သည္။အင္ဖါစစ္ေျမျပင္ေရာက္ခဲ့သည္။၁၉၄၅မွာတပ္ဆုတ္ရင္းအေရွ႕႐ိုးမ။ဘီးလင္းနယ္။မုပၸလင္ဘက္ မွာလက္နက္ခ်လိုက္ရသည္။

စစ္သုံ႔ပန္းဘဝနဲ႔ ပဲခူးမွ ဘုရားႀကီးကားလမ္းေဖါက္ရာတြင္တာဝန္က်သည္။ ေနာက္ပိုင္းပဲခူးနဲ႔ေဝါ ရထားလမ္းေဖါက္ရာတြင္လုပ္ရသည္။

႐ြာနီးခ်ဳပ္စပ္မွ႐ြာသားမ်ားကသူတို႔ေတြကိုသနားၿပီး သူတို႔ သစ္ငုတ္မွာခ်ိတ္ထားေသာ အိပ္မ်ားထဲသို႔ လန္ဒန္ဂိုးဖလိပ္စီးကရက္။ေဆးေပါ့လိပ္။စားစရာမ်ားကိုအၿမဲလာထည့္ထည့္သြား​ၾကသည္။

သူ႔သူငယ္ခ်င္း ဟိုရွိ ယိုရွိအို ကေဆးလိပ္မေသာက္။သူရသမွ်သူအားအၿမဲလာေပးသည္။တရက္ယိုရွိအိုစံ၏အိပ္ထဲမွအဂၤလိပ္စစ္သားကေဆးလိပ္ေတြေတြ႕ၿပီးဆြဲထုတ္လႊင့္ပစ္သည္။

ေျခနဲ႔နင္းေျခပစ္သည္။ၿပီးေတာ့အိပ္ပိုင္ရွင္ ယိုရွိအိုစံ ကိုဆူဆဲမာန္မဲသည္။ယိုရိအိုစံကဂ်ဴဒိုသမား။လူေအး။စိတ္တို ေဒါသထြက္ၿပီးအဂၤလိပ္စစ္သားကိုဆြဲထိုးလိုက္သည္။ကိုင္ေပါက္သည္။

စစ္သားမွာမရႈမလွ။သူကေျပးဟန္ျပင္သည္။သူငယ္ခ်င္းစိတ္နဲ႔အတူလိုက္ေျပးခဲ့သည္။ေဝါတံတားနားကေနေျပးရင္းကံျမင့္႐ြာဘက္ေရာက္သည္။

ဦးခ်မ္းမင္းေက်ာင္း။ဗုဒၶါ႐ုံေက်ာင္းတိုက္။လမ္းမွာေတြ႕ေသာ႐ြာသားကို ေဆးလိပ္မီးညႇိရင္း ဒီေက်ာင္းႀကီးမွာခဏတည္းခိုလို႔မ်ားရႏိုင္မလား လို႔စုံစမ္းၾကည့္သည္။

႐ြာသားကေက်ာင္းထဲဝင္ၿပီးဘုန္းႀကီးထံေလွ်ာက္ေပးသည္။ဘုန္ႀကီးကသူ႔တို႔ကိုေခၚေမးျမန္းၿပီး ဒုကၡေရာက္ေနသူေတြမို႔ ႀကိဳက္သေလာက္ေန( နန္နင္အိတယ္မို႔ ခမာဝါးႏိုင္း )တဲ့။

တီဗြီကဂ်ပန္လိုတအံ့တဩနဲ႔ ေနာက္ခံသံ ႐ြတ္ဆိုေပးသည္။ႏွစ္ၾကမ္ခန႔္။ၾကားရသူဂ်ပန္အေပါင္းျမန္မာ့ ေစတနာကိုေလးစားခဲ့ၾကသည္။ဆရာေတာ္ကသူတို႔ကိုသနားသည္ညႇာတာသည္။

အဂၤလိပ္စစ္တပ္႐ြာထဲဝင္လာလွ်င္ဖြက္ထားေပးသည္။ဘုန္ႀကီးဝတ္ထားေပးသည္။႐ြာကလဲေကာင္းသည္။

သူတို႔ကိုခ်စ္ၾကသည္။ဂ႐ုစိုက္ၾကသည္။စစ္ၿပီးေနာက္ပိုင္းျပည္တြင္းစစ္ကေပၚလာသည္။

ကြန္ျမဴနစ္ရန္ကႀကီးလာသည္။သူ႔တို႔ကိုဖက္စစ္ဂ်ပန္လို႔ျမင္လာသည္။ဂ်ပန္ျပန္ရန္ကလဲမလြယ္။ဒါနဲ႔ျမန္မာတပ္မေတာ္ထဲဝင္ခဲ့သည္။တပ္မေတာ္ကလည္းအင္အားလိုေနခ်ိန္မို႔အဆင္ေျပသည္။

ေသနပ္ပင္ အေျမႇာက္တပ္မွာတာဝန္ထမ္းေဆာင္ရသည္။စစ္သက္ႏွစ္၂၀ မွာတပ္ၾကပ္ႀကီးဘဝျဖင့္ပင္စင္ယူခဲ့သည္။

ျမန္မာအမ်ိဳးသမီးမတင္ၾကည္ႏွင့္အိမ္ေထာင္က်သည္။သမီးေလးေယာက္။သားတစ္ေယာက္ထြန္းကားခဲ့သည္။ျမန္မာႏိုင္ငံသားခံယူခြင့္လည္းရခဲ့သည္။

၁၉၈၃မွာ ျမန္မာျပည္သို႔ေရာက္လာေသာသူတို႔၏တပ္ရင္းမႉးႀကီး ဆာဆာကီစံကႀကိဳးစား၍ သူႏွင့္ ယိုရွိအို တို႔ျပန္ဆုံၾကသည္။

သူငယ္ခ်င္းႏွစ္ေယာက္ ယခုေတာင္ဥကၠလာပ မွာအိမ္တလုံးစုဝယ္ၿပီး တစ္ေယာက္တစ္ခ်မ္းစီ အတူေနၾကသည္။

တပ္ရင္းမႉးႀကီးကသူတို႔ကိုျပန္ေတြ႕ၿပီးအရမ္ဝမ္းသာသြားခဲ့သည္။ သူတို႔၏ဂ်ပန္စစ္ပင္စင္ျပန္လည္ရရွိေရးႀကိဳးစားေပးသည္။ယိုရွိအိုစံ ကရသည္။

သူက ျမန္မာႏိုင္ငံသားခံယူလိုက္၍ မရေတာ့။၁၉၉၄ေလာက္ကဂ်ပန္တစ္ေခါက္သြားႀကိဳးစားခဲ့ေသးသည္။

ကီမိုႏိုအထည္သည္ႀကီး မာဆူဒါစံတို႔လိုစစ္ျပန္မ်ားကဝိုင္းကူေပးၾကသည္။သို႔ေသာ္မရ။မိသားစုစားဝတ္ေနေရးခက္ခဲသည္။

မတင္ၾကည္ကမအူကုန္းလမ္းက်ယ္ဘက္ မွာမုန႔္ဟင္းခါးေရာင္းသည္။သူကဗိုလ္ကေလးေဈးမွာေဈးေကာက္လုပ္ရသည္။

TBSအဖြဲ႕က သူ႔ကိုက်ိဳက္ထီး႐ိုးဘုရားဖူးေခၚသြားသည္။ မနက္ေစာေစာ ရန္ကုန္ၿမိဳ႕ရႈခင္းကိုျပသည္။မနက္ မိုးအလင္းၾကားစခန္းတခုမွာကားခဏနားသည္။မုန႔္ဟင္းခါးစားၾကသည္။

ပဲခူးေ႐ႊေမာ္ေဓာေစတီ။ေ႐ႊသားေလ်ာင္းဘုရားႀကီး။က်ိဳက္ပြန္ေလးမ်က္ႏွာဘုရားတို႔ကိုျပသည္။မြန္႐ြာေလးတြင္တခုတြင္ကားရပ္သည္။

ဦးထြန္းစိန္ကျမန္မာလိုေျပာသည္။႐ြာခံမ်ားကနားမလည္ၾက။မြန္လူမ်ိဳးမ်ားဟုရွင္းျပသည္။ရန္ကုန္မွ၁၀၄မိုင္အကြာက်ိဳက္ထိုကင္မြန္းစခန္းတြင္ ခ်က္ပလက္ေခါင္းတိုဘတ္စ္ကားကိုေတြ႕သည္။

ဒုတိယကမာၻစစ္ကအဂၤလိပ္စစ္ကားမ်ားဟုရွင္းျပသည္။ယခုထိသုံးႏိုင္ၾက၍ အသံလႊင့္သူမွတအံ့တဩ႐ြတ္ဆိုသည္။

ထိုေနရာမွရေသ့ေတာင္ေျခအထိတိုယိုတာေနာက္ပြင့္ပစ္ကပ္ကားႏွင့္တက္ၾကသည္။ေတာင္ေျခအေရာက္တြင္ ဦးထြန္းစိန္ကအထမ္းႏွင့္တက္သည္။

လမ္းမွာေရကုသိုလ္ေသာက္ေရအိုးမ်ားကိုျပသည္။ေတာင္ထိပ္အရာက္တြင္ ဘိနပ္။ေျခအိပ္ပါခြၽတ္ၿပီးလမ္ဆင္းေလွ်ာက္သည္။က်ိဳက္ထီး႐ိုးေစတီေတာ္ႀကီးကိုသပၸါယ္စြာဖူးေမွ်ာ္ရသည္။

က်ိဳက္ထီး႐ိုးမွာ မြန္လို “က်ိဳက္အိသီယိုဝ္”မွလာသည္။ရေသ့ဦးေခါင္းႏွင့္တူေသာဘုရားဟုအဓိပၸါယ္ရသည္။ဘုရားသခင္၏ဆံေတာ္ကိုဠာပနာထားသည္။

ဘုရားေျခရင္းဘက္သို႔အမ်ိဳးသားသာကူခြင့္ရသည္။အမ်ားစုကအဓိဠာန္ျဖင့္ပုတီးစိတ္ၾကသည္။ဘတ္စ္ကားေပၚအတူပါလာေသာ အမ်ိဳးသမီးကို “ဘာေၾကာင္လာပါသလဲ”ဟုေမးရာဆုေတာင္းျပည့္၍လာၾကသည္။

တေယာက္က​ေလးႀကိမ္။ ေနာက္တေယာက္က၆ႀကိမ္တဲ့။ ဦးထြန္းစိန္ကေတာ့ယခုမွ ပထမဆုံးအႀကိမ္ပါဟုဆိုသည္။”ဘာဆုမ်ားေတာင္းၾကပါသလဲ”ဟုေမးရာ။

“မိမိခင္ပြန္းဂ်ပန္မွာအလုပ္အကိုင္အဆင္ေျပရန္ဆုေတာင္းပါသည္”တဲ့။

“အိုဂ်ပန္ကအေဖႀကီးကိုႏုတ္ဆက္ပါဦး”ဆိုေတာ့ ကေလးငယ္ေလးက”အေဖႀကီးေနေကာင္းလား။

သမီးတို႔လည္းေနေကာင္းပါတယ္။”ဆိုေတာ့”ေနေကာင္းပါတယ္သမီးရယ္”ဆိုၿပီးဆြဲဆြဲငင္ငင္အသံဩႀကီးထြက္လာလို႔လွည့္ၾကည့္လိုက္ေတာ့အခန္းေဖၚ ဗိုလ္ျမကိုဖီလင္ႀကီးနဲ႔ ဝင္ေျပာေနေၾကာင္းေတြ႕ရသည္။

ဦးထြန္းစိန္ဘုရားရွိခိုးသည္။ေ႐ႊခ်သည္။ေက်ာက္တုံးေတာ္ႀကီးမွာ ေတာင္စြန္းတြင္အသဲတယားယား။ည‌ေနဆည္းဆာ ေနေရာင္ေနာက္ခံျဖင့္အစြန္းေလးၾကားလြတ္ေနပုံေလးကို႐ိုက္ျပသည္။

အနီခံ အျဖဴစာလုံးျဖင့္ေက်ာက္တုံးေတာ္ႀကီးအားမလႈပ္ရ။မတြန္းရ ဟုေရးထားသည္။ကိုယ္ေတာ္ေခ်ာမ်ားကဝါးျခမ္းျပားေလးခံၿပီးပုခုံးႏွင္ထမ္းကာလႈပ္ျပလိုက္ၾကသည္။ႂကြားလိုဟန္ထင့္။

ဆရာေတာ္မ်ားဘိနပ္မပါ ေျခဗလာျဖင့္ႂကြလာပုံ။လႉဘြယ္ပစၥည္းမ်ားဆက္ကပ္ၾကပုံ။ပုေဇာ္ကန္ေတာ့ၾကပုံကိုျပသည္။ ဦးထြန္းစိန္က ဘရားရွိခိုးဆုေတာင္းစာမ်ားကို႐ြတ္ဆိုျပေနသည္။

အျပန္ ေရွးကကြန္းခိုခဲ့ရာေဝါ ၿမိဳနယ္ ကန္ျမင့္႐ြာသို႔သြားၾကသည္။ဘုန္းႀကီးေက်ာင္းကထြက္လာၿပီးကထဲကတစ္ေခါက္ မွ်ျပန္မေရာက္ခဲ့။

သူ႔ရင္မွာလႈပ္ရွားေနသည္။တက္ႂကြေနသည္။ကန္ျမင့္႐ြာကကားလမ္းမေပါက္။လယ္ကန္သင္း႐ိုးမွ စက္ဘီးတကၠစီ ေနာက္ကထိုင္စီး၍သြားရသည္။႐ြာကလူအခ်ိဳ႕ကိုေမးရျမန္းရသည္။

ဆင္းလမ္းေလွ်ာက္ရသည္။ေျမာင္းေလးကိုခုန္၍ေက်ာ္ရသည္။လူငယ္ေလးလိုသူျဖတ္လပ္ေနသည္။

ဘုန္းႀကီးေက်ာင္းတစ္ခုသို႔ေရာက္သည္။ဦးခ်မ္းမင္းေက်ာင္းမဟုတ္။သူမွတ္မိေနေသးသည္။

ေနာက္ မွ ဗုဒၶါ႐ုံေက်ာင္းတိုက္ဆိုေသာဆိုင္းဘုတ္ကိုေတြ႕ရသည္။ဘိနပ္ကေလးခြၽတ္ၿပီးေက်ာင္းထဲဝင္သည္။ဆရာေတာ္တစ္ပါးေတြ႕သည္ ရွိခိုးဦးခ်ၿပီး သူဒီေက်ာင္းမွာေနခဲ့ဖူးေၾကာင္း။

ဂ်ပန္စစ္သားေဟာင္းျဖစ္ေၾကာင္း​ေလွ်ာက္ထားသည္။ဆရာေတာ္ကသူလည္းဒီေက်ာင္းေရာက္တာကိုးႏွစ္ခန႔္သာရွိေသးေၾကာင္း။ဆရာေတာ္ႀကီးပ်ံလြန္ေတာ္မမူမီကေျပာျပခဲ့ဘူးေၾကာင္းေျပာသည္။

သူျပန္ရန္ေလွဆိပ္ဆင္းေတာ့ ဆရာေတာ္ႏွင္တကြ႐ြာသားမ်ားကလိုက္ပါပို႔ေဆာင္ၾကသည္။အဖိုးႀကီးတစ္ဦးကသူ႔လာႏုတ္ဆက္သည္။သူကမမွတိမိ။

“ငါ သန္းေမာင္ေလကြ “ဆိုေတာ့မွ “အို စကားျပန္လုပ္တယ္ေလ”။”ေအးဟုတ္တယ္”

​”ေနေကာင္းလား ကိုသန္းေမာင္”ဆိုေတာ့”သိပ္ေနမေကာင္ပါဘူးကြာ။ မင္းလဲတခါမွေပၚမလားဘူး။”ဆိုေတာ့သူမွာဘာမွ်ျပန္မေျပာႏိုင္ရွာပါ။

“ေနာက္လဲလာခဲ့ဦး။”ဆိုေတာ့မွ သူကေခါင္းၿငိမ့္ျပရသည္။သူ႔မွာငယ္ဘဝျပန္သတိရၿပီးမ်က္ရည္လည္လာသည္။လြမ္းေဆြးလာသည္။

ဪသူ႔အလြမ္းစိတ္ကို ဖုံးဖိေနရဟန္ႏွင့္ ။ စီးကရက္တစ္လိပ္ထုတ္မီးညႇိၿပီးရႈိက္လို႔ဖြာေနသည္။

ဆရာေတာ္ကစၿပီးကမ္းမွခြာကာျပန္ႂကြသြားသည္။ သူကေလွေပၚမွလက္ကေလးေဝွ႔ရမ္းျပသည္။

႐ြာသားမ်ားကလည္းလက္ကေလးေတြ ေဝွ႔ရမ္းႏႈတ္ဆက္ၾကသည္။အေနာက္ဖက္ေကာင္းကင္မွာေနလုံးကကြယ္လုလု။ ကြၽဲတအုပ္ကျဖတ္သြားသည္။ ဘာရယ္ေတာ့မသိ။ ၾကည့္ေနတဲ့ က်ေနာ္တို႔မွာလည္းမ်က္ရည္ဝဲက်န္ရစ္သည္။ ။

# (ကီတမူရ ဆာကုႏိုဂ်ိဳ )ဦးထြန္းစိန္မွာ နီဂါတာ နယ္သားျဖစ္သည္။ သူ႔၏ပင္စင္ရရွိေရးအတြက္ ဂ်နယ္လစ္ ဟာရွိဒါစံ ႏွင့္ သူ႔သူငယ္ခ်င္း (ဦးေမာင္တင္)ဟိုရွိ ယိုရွိအို ၏ သား ႀကီးကိုလွျမင့္ ( ဟိုရွိ ခဇုအို)တို႔က နီဂါတာၿမိဳ႕နယ္႐ုံးသို႔သြားၿပီး အတိုက္အခံႀကိဳးစားရာမွေနာက္ဆုံးျပန္လည္ရရွိသြားေၾကာင္းသိရသည္။

ဝမ္းသာစရာပါ။ယခု ဦးထြန္းစိန္ကြယ္လြန္သြားၿပီျဖစ္ေၾကာင္းသိရသည္။စိတ္မေကာင္းပါ။ေကာင္းရာသုဂတိလားပါေစ။

#႐ုပ္ရွင္အျမဳေတမဂၢဇင္း ( ၁၉၉၅-ဧၿပီ)
#ေ႐ႊမႏၲေလး ဂ်ာနယ္ (တြဲ၅မွတ္၁၉) (၇-၈-၂၀၁၇)

မူရင္း စာေရးဆရာ ကိုသိန္း ( တိုက်ိဳ ) ေရးသားထားသည္ကို ျပန္လည္ေဝမွ်ေဖာ္ျပေပးပါသည္။
ေလးစားစြာျဖင့္ ခရက္ဒစ္ပါ ဆရာႀကီး…

Unicode
ဂျပန်ရုပ်သံဌာနက ရိုက်ကူးတင်ပြတဲ့ ဒုတိယကမ္ဘာစစ် မြန်မာပြည်မှ ပြည်တော်မပြန်နိုင်တော့တဲ့ ဂျပန်စစ်သားတဦးရဲ့ မြန်မာပြည် မိသားစု နေထိုင်မှုဘဝ…
ဂျပန်ရုပ်သံဌာနက ရိုက်ကူးတင်ပြတဲ့ ဒုတိယကမ္ဘာစစ် မြန်မာပြည်မှ ပြည်တော်မပြန်နိုင်တော့တဲ့ ဂျပန်စစ်သားတဦးရဲ့ မြန်မာပြည် မိသားစု နေထိုင်မှုဘဝ…

အတိတ်ဆီသို့ ။
တိုကျို တီဗွီ တွင် ၁၁-၁-၁၉၉၅ ည၁၀နာရီ TBS ချာနယ်လ်(၆) ကထုတ်လွှင့်ခဲ့သောအစီအစဉ်ပါ။ ဒုတိယ ကမ္ဘာစစ်မတိုင်မီကာလက ဂျပန်အများနိုင်ငံတကာထွက်ခဲ့ကြသည်။

အမေရိကန်ပြည်ထောင်စုသို့လည်း များစွာရောက်ခဲ့သည်။ ၁၉၄၁နှစ်ဆန်းတွင် ဒုတိယကမ္ဘာစစ်မီးအန္တရာယ်ကြောင့်ဂျပန်ပြန်ကြရန်ဆိုင်ရာဂျပန်သံရုံးများကနှိုးဆော်သည်။ အများစုကပြန်ကြသည်။

အိုတာစံ တို့ညီအကိုမှာအမေရိကတွင်ကျောင်းလာတက်နေကြသည်။ကျောင်းစာထူးချွန်သလို။ဘေ့စ်ဘော် အားကစားမှာလည်းနှစ်ဦးလုံးကျောင်းလက် ရွေးစဉ်များဖြစ်ကြသည်။

၁၉၄၁ ဒီဇင်္ဘာ ၇ရက် မှာဂျပန်ကစစ်ကြေ ငြာခြင်းမရှိဘဲ အမေရိကန်ရေတပ်စခန်း ပုလဲဆိပ်ကမ်းကိုဝင်တိုက်သည်။အမေရိကန်အ​ကြီးအကျယ် အထိနာပြီးဒုတိယကမ္ဘာစစ်ထဲပါလာရတော့သည်။

အမေရိကရှိ ဂျပန်အများဒုက္ခရောက်တော့သည်။အကိုကြီးကမျိုးချစ်စိတ်ပြင်းသည်။ဂျပန်ပြန် စစ်ထဲဝင်သည်။

ညီငယ်ကကျောင်းပညာရေးဆုံးခန်းတိုင်တက်လိုသည်။မပြန်။ညီအကိုခြင်းစိတ်ဝမ်ကွဲသွားကြသည်။ညီငယ်က အမေရိကရှိအခြားဂျပန်များနည်းတူကန့်သတ်နယ်မြေ။

ဒုက္ခသည်စခန်းများမှာနေခဲ့ရသည်။ကမ္ဘစစ်ပြီးနောက်ပညာထူးချွန်ခဲ့သောညီငယ်မှာသမတနစ်ဆင်၏အကြံပေးအဖွဲ့တွင်ပင်ပါဝင်ခဲ့ရသည်။

အကိုကြီးအကြောင်း။မိသားစုအကြောင်းကိုစုံစမ်းသော်လည်း အစအနရှာမရ။ TBS ၏ဤအစီအစဉ်တွင်အကူအညီတောင်းရာမှအစဉ်ပြေခဲ့ရသည်။အကိုကြီးကို အမေရိက ခေါ်သွားသည်။

သူတို့ငယ်စဉ်ကတက်ခဲ့ကြသောမူလတန်းကျောင်း။ဘေ့စ်ဘောကစားကွင်းလေးထဲမှညီငယ်ကစောင့်နေသည်။အကိုကြီးကဝင်လာပြီးတဘက် မှဘေ့စ်ဘော ဘော်လုံးလေးကိုပစ်ပေးသည်။​

ညီငယ်ကဖမ်းလိုက်သည်။ ပြီး နှစ်ယောက်သားပြေးလာကြပြီးဖက်လိုက်ကြသည်။ ညီငယ်ကတရှုံ့ရှုံ့ငိုနေရှာသည်။အကိုကြီးကထွေးပိုက်ထားလိုက်သည်။

ပြီးတော့ “ခရုသင်း”မုှတ်သံလေးတတူတူဖြင့် မနက်အာရုဏ်တက်ရွှေတိဂုံဘုရားရှုခင်းကိုပြသည်။တန်ဆောင်တိုင်မသိုးသင်္ကန်းအတွက်ယက်ကန်းခတ်ပြိုင်ပွဲကိုပြသည်။

သူနိုင်ငါနိုင်အပြိုင်နွှဲနေကြသူများ။အားပေးကြသူအများ။နှင့်သင်္ကန်းဆက်ကပ်ပုံပြသည်။အင်းလေးရေပြင်တွင် ခြေနှင့်လှော်ခတ်နေသူများ။

ကြေးကွင်းလေးနဲ့ပဒေါင်မလေး စသည့်မြန်မာ့အလှရုှခင်းများကိုပြအပြီး ရန်ကုန်မြို့တောင်ဥက္ကလာပရှိ ဦးထွန်းစိန် ( ကီတမူရ ဆာကုနိုဂျို )၏အိမ်ကိုပြသည်။

မိသားစုဓါတ်ပုံ။ဦးထွန်းစိန်၏ ဘုန်ကြီးဝတ်နှင့်ပုံ။စစ်ဝတ်စုံဖြင့်ပုံများကိုပြသည်။ ဦးထွန်းစိန်ကသူ၏ဇာတ်လမ်းလေးကိုပြောပြသည်။

၁၉၄၃တွင်ဂျပနိတပ်မတော်နှင့်အတူမြန်မာပြည်ရောက်သည်။အင်ဖါစစ်မြေပြင်ရောက်ခဲ့သည်။၁၉၄၅မှာတပ်ဆုတ်ရင်းအရှေ့ရိုးမ။ဘီးလင်းနယ်။မုပ္ပလင်ဘက် မှာလက်နက်ချလိုက်ရသည်။

စစ်သုံ့ပန်းဘဝနဲ့ ပဲခူးမှ ဘုရားကြီးကားလမ်းဖေါက်ရာတွင်တာဝန်ကျသည်။ နောက်ပိုင်းပဲခူးနဲ့ဝေါ ရထားလမ်းဖေါက်ရာတွင်လုပ်ရသည်။

ရွာနီးချုပ်စပ်မှရွာသားများကသူတို့တွေကိုသနားပြီး သူတို့ သစ်ငုတ်မှာချိတ်ထားသော အိပ်များထဲသို့ လန်ဒန်ဂိုးဖလိပ်စီးကရက်။ဆေးပေါ့လိပ်။စားစရာများကိုအမြဲလာထည့်ထည့်သွား​ကြသည်။

သူ့သူငယ်ချင်း ဟိုရှိ ယိုရှိအို ကဆေးလိပ်မသောက်။သူရသမျှသူအားအမြဲလာပေးသည်။တရက်ယိုရှိအိုစံ၏အိပ်ထဲမှအင်္ဂလိပ်စစ်သားကဆေးလိပ်တွေတွေ့ပြီးဆွဲထုတ်လွှင့်ပစ်သည်။

ခြေနဲ့နင်းခြေပစ်သည်။ပြီးတော့အိပ်ပိုင်ရှင် ယိုရှိအိုစံ ကိုဆူဆဲမာန်မဲသည်။ယိုရိအိုစံကဂျူဒိုသမား။လူအေး။စိတ်တို ဒေါသထွက်ပြီးအင်္ဂလိပ်စစ်သားကိုဆွဲထိုးလိုက်သည်။ကိုင်ပေါက်သည်။

စစ်သားမှာမရှုမလှ။သူကပြေးဟန်ပြင်သည်။သူငယ်ချင်းစိတ်နဲ့အတူလိုက်ပြေးခဲ့သည်။ဝေါတံတားနားကနေပြေးရင်းကံမြင့်ရွာဘက်ရောက်သည်။

ဦးချမ်းမင်းကျောင်း။ဗုဒ္ဓါရုံကျောင်းတိုက်။လမ်းမှာတွေ့သောရွာသားကို ဆေးလိပ်မီးညှိရင်း ဒီကျောင်းကြီးမှာခဏတည်းခိုလို့များရနိုင်မလား လို့စုံစမ်းကြည့်သည်။

ရွာသားကကျောင်းထဲဝင်ပြီးဘုန်းကြီးထံလျှောက်ပေးသည်။ဘုန်ကြီးကသူ့တို့ကိုခေါ်မေးမြန်းပြီး ဒုက္ခရောက်နေသူတွေမို့ ကြိုက်သလောက်နေ( နန်နင်အိတယ်မို့ ခမာဝါးနိုင်း )တဲ့။

တီဗွီကဂျပန်လိုတအံ့တဩနဲ့ နောက်ခံသံ ရွတ်ဆိုပေးသည်။နှစ်ကြမ်ခန့်။ကြားရသူဂျပန်အပေါင်းမြန်မာ့ စေတနာကိုလေးစားခဲ့ကြသည်။ဆရာတော်ကသူတို့ကိုသနားသည်ညှာတာသည်။

အင်္ဂလိပ်စစ်တပ်ရွာထဲဝင်လာလျှင်ဖွက်ထားပေးသည်။ဘုန်ကြီးဝတ်ထားပေးသည်။ရွာကလဲကောင်းသည်။

သူတို့ကိုချစ်ကြသည်။ဂရုစိုက်ကြသည်။စစ်ပြီးနောက်ပိုင်းပြည်တွင်းစစ်ကပေါ်လာသည်။

ကွန်မြူနစ်ရန်ကကြီးလာသည်။သူ့တို့ကိုဖက်စစ်ဂျပန်လို့မြင်လာသည်။ဂျပန်ပြန်ရန်ကလဲမလွယ်။ဒါနဲ့မြန်မာတပ်မတော်ထဲဝင်ခဲ့သည်။တပ်မတော်ကလည်းအင်အားလိုနေချိန်မို့အဆင်ပြေသည်။

သေနပ်ပင် အမြှောက်တပ်မှာတာဝန်ထမ်းဆောင်ရသည်။စစ်သက်နှစ်၂၀ မှာတပ်ကြပ်ကြီးဘဝဖြင့်ပင်စင်ယူခဲ့သည်။

မြန်မာအမျိုးသမီးမတင်ကြည်နှင့်အိမ်ထောင်ကျသည်။သမီးလေးယောက်။သားတစ်ယောက်ထွန်းကားခဲ့သည်။မြန်မာနိုင်ငံသားခံယူခွင့်လည်းရခဲ့သည်။

၁၉၈၃မှာ မြန်မာပြည်သို့ရောက်လာသောသူတို့၏တပ်ရင်းမှူးကြီး ဆာဆာကီစံကကြိုးစား၍ သူနှင့် ယိုရှိအို တို့ပြန်ဆုံကြသည်။

သူငယ်ချင်းနှစ်ယောက် ယခုတောင်ဥက္ကလာပ မှာအိမ်တလုံးစုဝယ်ပြီး တစ်ယောက်တစ်ချမ်းစီ အတူနေကြသည်။

တပ်ရင်းမှူးကြီးကသူတို့ကိုပြန်တွေ့ပြီးအရမ်ဝမ်းသာသွားခဲ့သည်။ သူတို့၏ဂျပန်စစ်ပင်စင်ပြန်လည်ရရှိရေးကြိုးစားပေးသည်။ယိုရှိအိုစံ ကရသည်။

သူက မြန်မာနိုင်ငံသားခံယူလိုက်၍ မရတော့။၁၉၉၄လောက်ကဂျပန်တစ်ခေါက်သွားကြိုးစားခဲ့သေးသည်။

ကီမိုနိုအထည်သည်ကြီး မာဆူဒါစံတို့လိုစစ်ပြန်များကဝိုင်းကူပေးကြသည်။သို့သော်မရ။မိသားစုစားဝတ်နေရေးခက်ခဲသည်။

မတင်ကြည်ကမအူကုန်းလမ်းကျယ်ဘက် မှာမုန့်ဟင်းခါးရောင်းသည်။သူကဗိုလ်ကလေးဈေးမှာဈေးကောက်လုပ်ရသည်။

TBSအဖွဲ့က သူ့ကိုကျိုက်ထီးရိုးဘုရားဖူးခေါ်သွားသည်။ မနက်စောစော ရန်ကုန်မြို့ရှုခင်းကိုပြသည်။မနက် မိုးအလင်းကြားစခန်းတခုမှာကားခဏနားသည်။မုန့်ဟင်းခါးစားကြသည်။

ပဲခူးရွှေမော်ဓောစေတီ။ရွှေသားလျောင်းဘုရားကြီး။ကျိုက်ပွန်လေးမျက်နှာဘုရားတို့ကိုပြသည်။မွန်ရွာလေးတွင်တခုတွင်ကားရပ်သည်။

ဦးထွန်းစိန်ကမြန်မာလိုပြောသည်။ရွာခံများကနားမလည်ကြ။မွန်လူမျိုးများဟုရှင်းပြသည်။ရန်ကုန်မှ၁၀၄မိုင်အကွာကျိုက်ထိုကင်မွန်းစခန်းတွင် ချက်ပလက်ခေါင်းတိုဘတ်စ်ကားကိုတွေ့သည်။

ဒုတိယကမ္ဘာစစ်ကအင်္ဂလိပ်စစ်ကားများဟုရှင်းပြသည်။ယခုထိသုံးနိုင်ကြ၍ အသံလွှင့်သူမှတအံ့တဩရွတ်ဆိုသည်။

ထိုနေရာမှရသေ့တောင်ခြေအထိတိုယိုတာနောက်ပွင့်ပစ်ကပ်ကားနှင့်တက်ကြသည်။တောင်ခြေအရောက်တွင် ဦးထွန်းစိန်ကအထမ်းနှင့်တက်သည်။

လမ်းမှာရေကုသိုလ်သောက်ရေအိုးများကိုပြသည်။တောင်ထိပ်အရာက်တွင် ဘိနပ်။ခြေအိပ်ပါချွတ်ပြီးလမ်ဆင်းလျှောက်သည်။ကျိုက်ထီးရိုးစေတီတော်ကြီးကိုသပ္ပါယ်စွာဖူးမျှော်ရသည်။

ကျိုက်ထီးရိုးမှာ မွန်လို “ကျိုက်အိသီယိုဝ်”မှလာသည်။ရသေ့ဦးခေါင်းနှင့်တူသောဘုရားဟုအဓိပ္ပါယ်ရသည်။ဘုရားသခင်၏ဆံတော်ကိုဠာပနာထားသည်။

ဘုရားခြေရင်းဘက်သို့အမျိုးသားသာကူခွင့်ရသည်။အများစုကအဓိဠာန်ဖြင့်ပုတီးစိတ်ကြသည်။ဘတ်စ်ကားပေါ်အတူပါလာသော အမျိုးသမီးကို “ဘာကြောင်လာပါသလဲ”ဟုမေးရာဆုတောင်းပြည့်၍လာကြသည်။

တယောက်က​လေးကြိမ်။ နောက်တယောက်က၆ကြိမ်တဲ့။ ဦးထွန်းစိန်ကတော့ယခုမှ ပထမဆုံးအကြိမ်ပါဟုဆိုသည်။”ဘာဆုများတောင်းကြပါသလဲ”ဟုမေးရာ။

“မိမိခင်ပွန်းဂျပန်မှာအလုပ်အကိုင်အဆင်ပြေရန်ဆုတောင်းပါသည်”တဲ့။

“အိုဂျပန်ကအဖေကြီးကိုနုတ်ဆက်ပါဦး”ဆိုတော့ ကလေးငယ်လေးက”အဖေကြီးနေကောင်းလား။

သမီးတို့လည်းနေကောင်းပါတယ်။”ဆိုတော့”နေကောင်းပါတယ်သမီးရယ်”ဆိုပြီးဆွဲဆွဲငင်ငင်အသံဩကြီးထွက်လာလို့လှည့်ကြည့်လိုက်တော့အခန်းဖေါ် ဗိုလ်မြကိုဖီလင်ကြီးနဲ့ ဝင်ပြောနေကြောင်းတွေ့ရသည်။

ဦးထွန်းစိန်ဘုရားရှိခိုးသည်။ရွှေချသည်။ကျောက်တုံးတော်ကြီးမှာ တောင်စွန်းတွင်အသဲတယားယား။ည‌နေဆည်းဆာ နေရောင်နောက်ခံဖြင့်အစွန်းလေးကြားလွတ်နေပုံလေးကိုရိုက်ပြသည်။

အနီခံ အဖြူစာလုံးဖြင့်ကျောက်တုံးတော်ကြီးအားမလှုပ်ရ။မတွန်းရ ဟုရေးထားသည်။ကိုယ်တော်ချောများကဝါးခြမ်းပြားလေးခံပြီးပုခုံးနှင်ထမ်းကာလှုပ်ပြလိုက်ကြသည်။ကြွားလိုဟန်ထင့်။

ဆရာတော်များဘိနပ်မပါ ခြေဗလာဖြင့်ကြွလာပုံ။လှူဘွယ်ပစ္စည်းများဆက်ကပ်ကြပုံ။ပုဇော်ကန်တော့ကြပုံကိုပြသည်။ ဦးထွန်းစိန်က ဘရားရှိခိုးဆုတောင်းစာများကိုရွတ်ဆိုပြနေသည်။

အပြန် ရှေးကကွန်းခိုခဲ့ရာဝေါ မြိုနယ် ကန်မြင့်ရွာသို့သွားကြသည်။ဘုန်းကြီးကျောင်းကထွက်လာပြီးကထဲကတစ်ခေါက် မျှပြန်မရောက်ခဲ့။

သူ့ရင်မှာလှုပ်ရှားနေသည်။တက်ကြွနေသည်။ကန်မြင့်ရွာကကားလမ်းမပေါက်။လယ်ကန်သင်းရိုးမှ စက်ဘီးတက္ကစီ နောက်ကထိုင်စီး၍သွားရသည်။ရွာကလူအချို့ကိုမေးရမြန်းရသည်။

ဆင်းလမ်းလျှောက်ရသည်။မြောင်းလေးကိုခုန်၍ကျော်ရသည်။လူငယ်လေးလိုသူဖြတ်လပ်နေသည်။

ဘုန်းကြီးကျောင်းတစ်ခုသို့ရောက်သည်။ဦးချမ်းမင်းကျောင်းမဟုတ်။သူမှတ်မိနေသေးသည်။

နောက် မှ ဗုဒ္ဓါရုံကျောင်းတိုက်ဆိုသောဆိုင်းဘုတ်ကိုတွေ့ရသည်။ဘိနပ်ကလေးချွတ်ပြီးကျောင်းထဲဝင်သည်။ဆရာတော်တစ်ပါးတွေ့သည် ရှိခိုးဦးချပြီး သူဒီကျောင်းမှာနေခဲ့ဖူးကြောင်း။

ဂျပန်စစ်သားဟောင်းဖြစ်ကြောင်း​လျှောက်ထားသည်။ဆရာတော်ကသူလည်းဒီကျောင်းရောက်တာကိုးနှစ်ခန့်သာရှိသေးကြောင်း။ဆရာတော်ကြီးပျံလွန်တော်မမူမီကပြောပြခဲ့ဘူးကြောင်းပြောသည်။

သူပြန်ရန်လှေဆိပ်ဆင်းတော့ ဆရာတော်နှင်တကွရွာသားများကလိုက်ပါပို့ဆောင်ကြသည်။အဖိုးကြီးတစ်ဦးကသူ့လာနုတ်ဆက်သည်။သူကမမှတိမိ။

“ငါ သန်းမောင်လေကွ “ဆိုတော့မှ “အို စကားပြန်လုပ်တယ်လေ”။”အေးဟုတ်တယ်”

​”နေကောင်းလား ကိုသန်းမောင်”ဆိုတော့”သိပ်နေမကောင်ပါဘူးကွာ။ မင်းလဲတခါမှပေါ်မလားဘူး။”ဆိုတော့သူမှာဘာမျှပြန်မပြောနိုင်ရှာပါ။

“နောက်လဲလာခဲ့ဦး။”ဆိုတော့မှ သူကခေါင်းငြိမ့်ပြရသည်။သူ့မှာငယ်ဘဝပြန်သတိရပြီးမျက်ရည်လည်လာသည်။လွမ်းဆွေးလာသည်။

ဪသူ့အလွမ်းစိတ်ကို ဖုံးဖိနေရဟန်နှင့် ။ စီးကရက်တစ်လိပ်ထုတ်မီးညှိပြီးရှိုက်လို့ဖွာနေသည်။

ဆရာတော်ကစပြီးကမ်းမှခွာကာပြန်ကြွသွားသည်။ သူကလှေပေါ်မှလက်ကလေးဝှေ့ရမ်းပြသည်။

ရွာသားများကလည်းလက်ကလေးတွေ ဝှေ့ရမ်းနှုတ်ဆက်ကြသည်။အနောက်ဖက်ကောင်းကင်မှာနေလုံးကကွယ်လုလု။ ကျွဲတအုပ်ကဖြတ်သွားသည်။ ဘာရယ်တော့မသိ။ ကြည့်နေတဲ့ ကျနော်တို့မှာလည်းမျက်ရည်ဝဲကျန်ရစ်သည်။ ။

# (ကီတမူရ ဆာကုနိုဂျို )ဦးထွန်းစိန်မှာ နီဂါတာ နယ်သားဖြစ်သည်။ သူ့၏ပင်စင်ရရှိရေးအတွက် ဂျနယ်လစ် ဟာရှိဒါစံ နှင့် သူ့သူငယ်ချင်း (ဦးမောင်တင်)ဟိုရှိ ယိုရှိအို ၏ သား ကြီးကိုလှမြင့် ( ဟိုရှိ ခဇုအို)တို့က နီဂါတာမြို့နယ်ရုံးသို့သွားပြီး အတိုက်အခံကြိုးစားရာမှနောက်ဆုံးပြန်လည်ရရှိသွားကြောင်းသိရသည်။

ဝမ်းသာစရာပါ။ယခု ဦးထွန်းစိန်ကွယ်လွန်သွားပြီဖြစ်ကြောင်းသိရသည်။စိတ်မကောင်းပါ။ကောင်းရာသုဂတိလားပါစေ။

#ရုပ်ရှင်အမြုတေမဂ္ဂဇင်း ( ၁၉၉၅-ဧပြီ)
#ရွှေမန္တလေး ဂျာနယ် (တွဲ၅မှတ်၁၉) (၇-၈-၂၀၁၇)

မူရင်း စာရေးဆရာ ကိုသိန်း ( တိုကျို ) ရေးသားထားသည်ကို ပြန်လည်ဝေမျှဖော်ပြပေးပါသည်။
လေးစားစွာဖြင့် ခရက်ဒစ်ပါ ဆရာကြီး…

Crd



Post Views:
11

Crd