ဂ်ပန္က ၂၀၅၀ ခုႏွစ္မွာ အာကာသကို သြားႏိုင္တဲ့ ဓါတ္ေလွခါး တည္ေဆာက္မည္…

ဂ်ပန္က ၂၀၅၀ ခုႏွစ္မွာ အာကာသကို သြားႏိုင္တဲ့ ဓါတ္ေလွခါး တည္ေဆာက္မည္…

ဂ်ပန္က ၂၀၅၀ ခုႏွစ္မွာ အာကာသကို သြားႏိုင္တဲ့ ဓါတ္ေလွခါး တည္ေဆာက္မည္…

ဂ်ပန္ ကုမၸဏီ Obayashi က ၂၀၅၀ ခုႏွစ္မွာ အာကာသ ဓါတ္ေလွခါး တည္ေဆာက္မယ္လို႔ ေၾကညာလိုက္ၿပီး အရွည္ဟာ ၉၆,၀၀၀ ကီလိုမီတာ( ၆၀,၀၀၀ မိုင္) ရွိမွာ ျဖစ္ပါတယ္။ အဲဒီ ဓါတ္ေလွခါးက‌ေန လူသားေတြကို အာကာသစခန္းဆီ ပို႔ေဆာင္ႏိုင္မွာ ျဖစ္သလို အာကာသ ယာဥ္မႉးေတြကို အဂၤါၿဂိဳလ္ဆီ ပို႔ေဆာင္ေပးႏိုင္တဲ့ ေနရာ ၁ ခုလည္း ျဖစ္လာမွာပါ။

“ ဓါတ္ေလွခါး တည္ေဆာက္ရာမွာ ေကဘယ္ႀကိဳးေတြကို အသုံးျပဳမွာ ျဖစ္ၿပီး ကြန္ျပဴတာ နည္းပညာေတြနဲ႔ ႀကိဳတင္တြက္ခ်က္ကာ ဖန္တီးမွာ ျဖစ္ပါတယ္။ “ လို႔ Obayashi က ေျပာပါတယ္။ အာကာသ ဓါတ္ေလွခါးေတြ ေပၚေပါက္လာရင္ေတာ့ အာကာသယာဥ္ေတြ မလိုအပ္ေတာ့ဘဲ ကမာၻ႔ ျပင္ပကို ခရီးထြက္ႏိုင္မွာ ျဖစ္ပါတယ္။

အာကာသ ဓါတ္ေလွခါး အိုင္ဒီယာဟာ အသစ္အဆန္းေတာ့ မဟုတ္ဘဲ ၁၉ ရာစုကတည္းက ႐ုရွား သိပၸံပညာရွင္ ၁ ေယာက္က အဲဒီ အိုင္ဒီယာကို ေျပာၾကားခဲ့ဖူးပါတယ္။ ဒါေပမယ့္ အာကာသ ဓါတ္ေလွခါး တည္ေဆာက္ဖို႔ အရမ္း ခိုင္ခန႔္မာေက်ာတဲ့ ေကဘယ္ႀကိဳးေတြ လိုအပ္တဲ့အတြက္ အခုလို ေႏွာင့္ေႏွးၾကန႔္ၾကာေနတာ ျဖစ္ပါတယ္။

အာကာသ ဓါတ္ေလွခါး တည္ေဆာက္ဖို႔ ႀကိဳးစားေနတာ Obayashi ကုမၸဏီ ၁ ခုထဲ မဟုတ္ပါဘူး။ ၂၀၁၂ ခုႏွစ္မွာ NASA ရဲ႕ Contractor ေဟာင္း ၁ ေယာက္ ျဖစ္သူ Michael Laine ဟာ အာကာသ ဓါတ္ေလွခါး တည္ေဆာက္ဖို႔ ရန္ပုံေငြ ေကာက္ခံခဲ့ၿပီး ေဒၚလာ ၁၁၀,၃၅၃ အထိ ရရွိခဲ့ပါတယ္။

Crd…digitaltimes

Unicode

ဂျပန်က ၂၀၅၀ ခုနှစ်မှာ အာကာသကို သွားနိုင်တဲ့ ဓါတ်လှေခါး တည်ဆောက်မည်…

ဂျပန် ကုမ္ပဏီ Obayashi က ၂၀၅၀ ခုနှစ်မှာ အာကာသ ဓါတ်လှေခါး တည်ဆောက်မယ်လို့ ကြေညာလိုက်ပြီး အရှည်ဟာ ၉၆,၀၀၀ ကီလိုမီတာ( ၆၀,၀၀၀ မိုင်) ရှိမှာ ဖြစ်ပါတယ်။ အဲဒီ ဓါတ်လှေခါးက‌နေ လူသားတွေကို အာကာသစခန်းဆီ ပို့ဆောင်နိုင်မှာ ဖြစ်သလို အာကာသ ယာဉ်မှူးတွေကို အင်္ဂါဂြိုလ်ဆီ ပို့ဆောင်ပေးနိုင်တဲ့ နေရာ ၁ ခုလည်း ဖြစ်လာမှာပါ။

“ ဓါတ်လှေခါး တည်ဆောက်ရာမှာ ကေဘယ်ကြိုးတွေကို အသုံးပြုမှာ ဖြစ်ပြီး ကွန်ပြူတာ နည်းပညာတွေနဲ့ ကြိုတင်တွက်ချက်ကာ ဖန်တီးမှာ ဖြစ်ပါတယ်။ “ လို့ Obayashi က ပြောပါတယ်။ အာကာသ ဓါတ်လှေခါးတွေ ပေါ်ပေါက်လာရင်တော့ အာကာသယာဉ်တွေ မလိုအပ်တော့ဘဲ ကမ္ဘာ့ ပြင်ပကို ခရီးထွက်နိုင်မှာ ဖြစ်ပါတယ်။

အာကာသ ဓါတ်လှေခါး အိုင်ဒီယာဟာ အသစ်အဆန်းတော့ မဟုတ်ဘဲ ၁၉ ရာစုကတည်းက ရုရှား သိပ္ပံပညာရှင် ၁ ယောက်က အဲဒီ အိုင်ဒီယာကို ပြောကြားခဲ့ဖူးပါတယ်။ ဒါပေမယ့် အာကာသ ဓါတ်လှေခါး တည်ဆောက်ဖို့ အရမ်း ခိုင်ခန့်မာကျောတဲ့ ကေဘယ်ကြိုးတွေ လိုအပ်တဲ့အတွက် အခုလို နှောင့်နှေးကြန့်ကြာနေတာ ဖြစ်ပါတယ်။

အာကာသ ဓါတ်လှေခါး တည်ဆောက်ဖို့ ကြိုးစားနေတာ Obayashi ကုမ္ပဏီ ၁ ခုထဲ မဟုတ်ပါဘူး။ ၂၀၁၂ ခုနှစ်မှာ NASA ရဲ့ Contractor ဟောင်း ၁ ယောက် ဖြစ်သူ Michael Laine ဟာ အာကာသ ဓါတ်လှေခါး တည်ဆောက်ဖို့ ရန်ပုံငွေ ကောက်ခံခဲ့ပြီး ဒေါ်လာ ၁၁၀,၃၅၃ အထိ ရရှိခဲ့ပါတယ်။

Crd…digitaltimes

Crd