■ဂရိဒဏ္ဍာရီထဲမှ လူတစ်ပိုင်းမြင်းတစ်ပိုင်းသတ္တဝါ Centaurs

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■ဂရိဒဏ္ဍာရီထဲမှ လူတစ်ပိုင်းမြင်းတစ်ပိုင်းသတ္တဝါ Centaurs

လူတစ်ပိုင်းမြင်းတစ်ပိုင်း သတ္တဝါတွေဟာ ဂရိဒဏ္ဍာရီထဲက သတ္တဝါတွေ ဖြစ်ပါတယ်။သူတို့တွေဟာ လူနှင့်မြင်းကို ရောယှက်ပေါင်းစပ်ထားတဲ့ သတ္တဝါတွေ ဖြစ်သလို လူတစ်ပိုင်းမြင်းတစ်ပိုင်းသတ္တဝါတွေဟာ မြင်းရဲ့ ခြေချောင်းတွေနှင့် အပေါ်ပိုင်းကိုယ်ရှိပြီး လူရဲ့ ရင်အုပ်၊ လက်မောင်းနှင့် လက်ချောင်းတွေကို ပိုင်ဆိုင်ထားပါတယ်။သူတို့ရဲ့ နာမည်ကြီးမူလအစဟာ အိုလမ်ပတ်စ်မှာ ဇုစ်နှင့်အတူ စားပွဲကျင်းပဖို့ ဖိတ်ကြားခြင်းခံရတဲ့ အိတ်စ်စီယွန် ဘုရင်ရဲ့ ဒဏ္ဍာရီကို ပြန်လည် အမှတ်ရစေစဲပါ။

အိတ်စ်စီယွန်ဟာ ဝတ်ရည်တွေ သုံးဆောင်ပြီး မူးယစ်သွားတဲ့အခါမှာတော့ နတ်ဘုရားမ ဟဲရာကို ဖျားယောင်းသွေးဆောင်ဖို့ ဆုံးဖြတ်ခဲ့ကာ ကံကောင်းထောက်မစွာဖြင့် ဇုစ်ဟာစိတ်ကောင်းဝင်နေပြီး သူ့ရဲ့ ဧည့်သည်တွေနှင့်အတူ ဆော့ကစားဖို့ ဆုံးဖြတိခဲ့ပါတယ်။သူဟာ နတ်ဘုရားမ ဟဲရာနှင့်တူသော ပုံသဏ္ဍာန်ရှိတဲ့ တိမ်တိုက်ကို ဖန်တီးခဲ့ပြီးထိုအချိန်မှာ အိတ်စ်စီယွန်က မူးနေတာကြောင့် ထိုတိမ်တိုက်တွေနှင့် လိင်ဆက်ဆံခဲ့ပါတယ်။ထိုပေါင်းဖက်မှုမှစပြီးတော့ လူခေါင်းမြင်းခန္ဓာတွေရှိတဲ့ သတ္တဝါတွေ မွေးဖွားခဲ့ပါတယ်။

အိတ်စ်စီယွန်ရဲ့ သားတော်ဖြစ်တဲ့ မြင်းလူသားသတ္တဝါတွေဟာ သက်စလီဒေသမှာ ဖြန့်ကျက်နေထိုင်ခဲ့ကြပါတယ်။သူတို့တွေဟာ အလွန်ရက်စက်ကြမ်းကြုတ်တဲ့ သတ္တဝါတွေ ဖြစ်ခဲ့ကြသလို သူတို့တွေဟာ အုပ်စုလိုက် နေထိုင်ခဲ့ကြပြီး အိတ်စ်စီယွန်ရဲ့ တရားဝင်သားတွေဖြစ်တဲ့ လူသား လက်ပစ်စ်တွေနဲ့ ခိုက်ရန်ဖြစ်ပွားခဲ့ကြပါတယ်။မြင်းလူသားသတ္တဝါတွေနှင့် လူသားတွေဟာ စင်တာ အရာမာကီလို့ခေါ်တဲ့ တိုက်ပွဲမှာ တိုက်ခိုက်ခဲ့ကြကာ ထိုတိုက်ပွဲမှာပဲ မြင်းလူသားသတ္တဝါတွေဟာ သီးစီးယပ်စ် သူရဲကောင်းရဲ့အကူအညီဖြင့် ချေမှုန်းခံခဲ့ရပါတယ်။သို့သော်လည်းပဲ တစ်ချို့ မြင်းလူသားသတ္တဝါတွေဟာ သရုပ်မှန်မဟုတ်တဲ့ သတ္တဝါတွေ မဟုတ်ပါဘူး။

ခိုင်ရွန်လို့ခေါ်တဲ့ ကျော်ကြားတဲ့ မြင်းလူသားသတ္တဝါဟာ အင်မတန်မှ ဉာဏ်ပညာရှိပါတယ်။သူဟာ ခရိုနို့စ်နှင့် သမုဒ္ဒရာနတ်ဘုရားမ ဗလီရာရဲ့ သားဖြစ်ပြီး သားဖြစ်သူရဲ့ထူးဆန်းတဲ့ ပုံသဏ္ဍာန်ကြောင့် သားကို စွန့်ပစ်ခြင်းခံရကာ ခိုင်ရွန်ကို နတ်ဘုရား အပိုလိုက မွေးစားခဲ့ပြီး သူ့ကို လေးအတတ်၊ အနုပညာ၊ ဂီတနှင့် ဆေးဝါးအတတ်တို့ကို သင်ကြားပေးခဲ့ပါတယ်။မြင်းလူသားသတ္တဝါ ဟာ သူရဲကောင်းတွေကို လေ့ကျင့်ပေးတဲ့ ဆရာကောင်းတစ်ဦးဖြစ်ခဲ့ပါတယ်။သူတို့တွေထဲမှာ ဟာကျူလီ၊ အခီးလီးစ်၊ အေဂျက်ခ်နှင့် ဂျေဆင်တို့ပါပါတယ်။

သူသေဆုံးပြီးနောက်မှာ မြင်းလူသားသတ္တဝါဟာ ဓနုရာသီရဲ့ ကြယ်စု ဖြစ်လာပါတယ်။တစ်ခြားသော ကျော်ကြားတဲ့ မြင်းလူသားသတ္တဝါဟာ အိတ်စ်စီယွန်ရဲ့ သားဖြစ်သူ နတ်စပ်စ် ပဲ ဖြစ်ပါတယ်။ဒီ မြင်းလူသားသတ္တဝါကတော့ ဒိုင်ရာနေရာ လို့ခေါ်တဲ့ ဟာကျူလီရဲ့ မိန်းမကို ပြန်ပေးဆွဲဖို့ ကြိုးစားခဲ့ပြီးသို့ပေမယ့်သူဟာ သူရဲကောင်းရဲ့ သတ်ခြင်းကိုခံရသလိုမြင်းလူသားသတ္တဝါဟာ ဟာကျူလီရဲ့ သေဆုံးမှု အဓိက နေရာမှာရှိနေခဲ့ပါတယ်။မြင်းလူသားသတ္တဝါတွေဟာ စာပေဘက်မှာတော့ ကျော်ကြားနေတုန်းပါပဲ။

ကျွန်တော်တို့ဟာ သူတို့ကို ဟယ်ရီပေါ်တာရုပ်ရှင်ထဲက ဟော့ဂ်ဝတ်နားမှာရှိတဲ့ တားမြစ်ထားတဲ့ သစ်တောထဲတွင်လည်းတွေ့မြင်နိုင်ကာ ပါစီဂျက်ဆန်movieထဲမှာလဲ ခိုင်ရွန်ဟာ သွေးနှောတွေရှိတဲ့ စခန်းကို။ နက္ခတ္တဗေဒကနေတစ်ဆင့် ရိုင်းဆိုင်းတဲ့သတ္တဝါတွေ သို့မဟုတ် ပညာရှိပြီး ယဥ်ပါးတဲ့ သတ္တဝါတွေကို ကြီးကြပ်ရတဲ့သူ တစ်ယောက်ဖြစ်ပါတယ်။မြင်းလူသားသတ္တဝါတွေဟာ ကျွန်တော်တို့ရဲ့ လူ့အသိုင်းအဝိုင်းမှာ နှစ်ပေါင်းများစွာတိုင်အောင် ဆက်လက် ရှိနေဦးမှာ ဖြစ်ပါတယ်။
Ref:youtube
Trans:thegeektext