Starship အာကာသဒုံးပျံဟာ လာမည့်ရတ်သတ္တပတ်အတွင်းပျံသန်းဖို့ အဆင်သင့်ဖြစ်နေကြောင်း အသိပေးခဲ့တဲ့ Elon Musk

SpaceX ရဲ့ Founder ဖြစ်သူ Elon Musk ဟာ စနေနေ့က Starshipအာကာသဒုံးပျံ ပထမဆုံးအကြိမ်ပျံသန်းဖို့အတွက် ပတ်လမ်းဟာ လာမည့်ရတ်သတ္တပတ် အတွင်း အဆင်သင့်ဖြစ်မည့်အကြောင်းပြောပြခဲ့ပါတယ်၊ ဒါဟာဆိုရင် ဘီလီယံနာတွေ အနေနဲ့ ဂြိုလ်တခုကနေတစ်ခု လည်ပတ်သွားလာနိုင်ဖို့ အိပ်မက်အတွက် ခြေတလှမ်းနီးကပ်လာပဲဖြစ်ပါတယ်၊

မေလတုန်း SpaceX ကStarship SN 15 အာကာသယာဉ်ဟာ ကုန်ပစ္စည်းတွေကိုတင်ကာ လကမ္ဘာနဲ့ မားစ်ဂြိုလ်သို့အောင်မြင်စွာဆင်းသတ်နိုင်ခဲ့ပါတယ်၊
ရှေ့ပြေးပုံစံ ဆင်းသတ်ဖို့ကြိုးစားတဲ့အခါ လေးကြိမ်ဟာပေါက်ကွဲမှုနဲ့ပဲ အဆုံးသတ်ခဲ့ရပါတယ်၊

ပထမပတ်လမ်းဟာရက်သတ္တပတ်အနည်းငယ်အတွင်း အာကာသယာဉ်ပျံသန်းနိုင်ဖို့ အဆင်သင့်ဖြစ်နေပြီး တရားဝင်ထိန်းသိမ်းသူအဖွဲ့အစည်းရဲ့ ခွင့်ပြုမိန့်ကိုစောင့်နေရကြောင်း Musk က Twitterမှာ အသိပေးခဲ့ပါတယ်၊
SpaceXရဲ့ အမျိုးအစားအသစ် အာကာသဒုံးပျံယာဉ်ဟာ ၃၉၄ပေ မြင့်ပြီး ယခင်အမျိုးအစားကို အဆင့်မြင့်ထားတာပဲဖြစ်ပါတယ်၊

ဒါဟာ လူသားတွေကို ဈေးသက်သက်သာသာနဲ့ လည်ပတ်စေနိုင်ဖို့အတွက် Telsa Inc CEO ရဲ့ ရည်မှန်းချက်လည်းဖြစ်ပါတယ်၊
အာကာသယာဉ် ပတ်လမ်းကို နှစ်ကုန်အတွက်စီစဉ်ထားပြီး ၂၀၂၃ခုနှစ်မှာ ဂျပန်ဘီလီယံနာ လုပ်ငန်းရှင် Yusaku Maezawaကို လကမ္ဘာသို့ လည်ပတ်နိုင်စေဖို့အတွက် စီစဉ်ထားကြောင်း Musk ကပြောခဲ့ပါတယ်၊
writer:Evelyn

TheGeekText.com Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။
သတိပေးကြေညာချက်
TheGeekText.com website မှတင်ဆင်တဲ့သတင်းနဲ့ဆောင်းပါးများကိုကူးယူတင်ဆက်ခြင်းလုံးဝခွင့်မပြုပါဘူးခင်ဗျာ။ကူးယူခြင်းတွေ့ရှိပါက Facebook instant articleသို့မဟုတ်Google Adsense monetization ဖြုတ်ခံရတဲ့အထိReportတင်မှာပါ။တခြားဟာများလဲတွေ့ရှိပါကအထက်ပါအတိုင်းလုပ်မှာပါ။တခြားနေရာများနှင့်Facebook pageသို့မဟုတ်ကိုယ်ပိုင်Profileမှာလဲကူးယူဖေါ်ပြခွင့်မပြုပါဘူး။မိတ်ဆွေတို့စိတ်ကြိုက်တိုက်ရိုက်share ခြင်းဖြင့်သာကူညီကြပါခင်ဗျာ။
မိတ်ဆွေတို့ရဲ့
Admin Team
zawgyi
writer:Evelyn
သတိပေးကြေညာချက်
မိတ်ဆွေတို့ရဲ့
Admin Team