■ခြုံလွှာများဖုံးအုပ်ထားကြ၍ မျက်နှာများကိုမမြင်ရသောဆုတောင်းပြုသူများ

Article Knowledge Travel World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■ခြုံလွှာများဖုံးအုပ်ထားကြ၍ မျက်နှာများကိုမမြင်ရသောဆုတောင်းပြုသူများ

ဘေးပတ်လည်မှာ သုသာန်ဝန်းရံထားပြီး လူတစ် ယောက်လေးတောင်မှမရှိတဲ့ပျက်စီးနေတဲ့ဘုရားကျောင်းကြီး။သည်းထိတ်ရင်ဖိုဇာတ်ကားနဲ့တူနေတယ်မလား။ချက်ကျေးရွာလိုကိုဗာ မှာရှိတဲ့ဒီဘုရားကျောင်းအတွင်းကိုသွားကြည့်လိုက်ရအောင်။

ကြမ်းပြင်တွေဟာ တကျွိကျွိမြည်နေပြီး အရမ်းမှောင်တဲ့အတွက် အရိုးထဲထိကျောချမ်းဖွယ်ရာခံစားချက်ကိုခံစားရမှာပါ။ဒါနဲ့ ဒီအရိပ်တွေက ဘာတွေများပါလိမ့်။ဘုရားကျောင်းတစ်ခုလုံး အဖြူရောင်ရုပ်တုတွေနဲ့ပြည့်နက်နေပြီး ခြုံလွှာတွေအောက်ကသူတို့မျက်နှာတွေကတော့မမြင်ရပါဘူး။

သူတို့ဟာ ခုံတန်းလျာတွေအပေါ်မှာ ငြိမ်သက်စွာထိုင်နေကြပြီး ဘုရားကျောင်းထဲမှာ တိတ်ဆိတ်မှုကသာ ကြီးစိုးနေတာပါ။ဒီနေရာနဲ့ပတ်သက်ပြီးဇာတ်လမ်းတစ်ပုဒ်ရှိပါတယ်။

နှစ်ဆယ်ရာစုနှောင်းပိုင်းမှာ ဝမ်းနည်းကြေကွဲဖွယ်အခမ်းအနားတစ်ခုပြုလုပ်နေစဥ် အဲ့ဒီဘုရားကျောင်းရဲ့မျက်နှာကျက်ကပြိုကြခဲ့တာပါ။အဲ့ဒီအချိန်ကစလို့ ဒေသခံတွေဟာ ဒီနေရာက ကျိန်စာမိနေတဲ့နေရာတစ်ခုဖြစ်တယ်လို့ဆိုခဲ့ကြပြီး နောက်ထပ်သွားလာခြင်းမပြုကြတော့ပါဘူး။ဒီချောက်ချားဖွယ်သရဲရုပ်တွေကို ယပ်ကူး ဟာဒရာဗာ ဆိုတဲ့အနုပညာရှင်တစ်ယောက်က သူရဲ့ဘွဲ့ပရောဂျက်အတွက် ဒီဘုရားကျောင်းထဲမှာထားခဲ့တာပါ။

သူရဲ့စိတ်ကူးအရ ဒီရုပ်တုတွေဟာ ဒုတိယကမ္ဘာစစ်အတွင်း အဲ့ဒီမှာနေထိုင်ခဲ့ပြီး တနဂ်နွေနေ့တိုင်းဘုရားကျောင်းကိုလာရောက်ကြတဲ့ ဆူဒီတန်ဂျာမန်တွေကို ကိုယ်စားပြုပုံပေါ်ပါတယ်။နောက်ပိုင်းမှာ သူတို့အားလုံးဟာ အဲ့ဒီနေရာကနေ နှင်ထုတ်ခံလိုက်ရပါတယ်။ဒါပေမဲ့ အခုတော့ ပြန်ရောက်လာကြပါပြီ။
Ref:youtube
Trans:thegeektext

zawgyi

TheGeekText.com Copyright©2021 ကူးယူေဖာ္ျပခြင့္လုံးဝခြင့္မျပဳပါ။

■ျခဳံလႊာမ်ားဖုံးအုပ္ထားၾက၍ မ်က္ႏွာမ်ားကိုမျမင္ရေသာဆုေတာင္းျပဳသူမ်ား

ေဘးပတ္လည္မွာ သုသာန္ဝန္းရံထားၿပီး လူတစ္ ေယာက္ေလးေတာင္မွမရွိတဲ့ပ်က္စီးေနတဲ့ဘုရားေက်ာင္းႀကီး။သည္းထိတ္ရင္ဖိုဇာတ္ကားနဲ႔တူေနတယ္မလား။ခ်က္ေက်းရြာလိုကိုဗာ မွာရွိတဲ့ဒီဘုရားေက်ာင္းအတြင္းကိုသြားၾကည့္လိုက္ရေအာင္။

ၾကမ္းျပင္ေတြဟာ တကၽြိကၽြိျမည္ေနၿပီး အရမ္းေမွာင္တဲ့အတြက္ အရိုးထဲထိေက်ာခ်မ္းဖြယ္ရာခံစားခ်က္ကိုခံစားရမွာပါ။ဒါနဲ႔ ဒီအရိပ္ေတြက ဘာေတြမ်ားပါလိမ့္။ဘုရားေက်ာင္းတစ္ခုလုံး အျဖဴေရာင္႐ုပ္တုေတြနဲ႔ျပည့္နက္ေနၿပီး ျခဳံလႊာေတြေအာက္ကသူတို႔မ်က္ႏွာေတြကေတာ့မျမင္ရပါဘူး။

သူတို႔ဟာ ခုံတန္းလ်ာေတြအေပၚမွာ ၿငိမ္သက္စြာထိုင္ေနၾကၿပီး ဘုရားေက်ာင္းထဲမွာ တိတ္ဆိတ္မႈကသာ ႀကီးစိုးေနတာပါ။ဒီေနရာနဲ႔ပတ္သက္ၿပီးဇာတ္လမ္းတစ္ပုဒ္ရွိပါတယ္။

ႏွစ္ဆယ္ရာစုေႏွာင္းပိုင္းမွာ ဝမ္းနည္းေၾကကြဲဖြယ္အခမ္းအနားတစ္ခုျပဳလုပ္ေနစဥ္ အဲ့ဒီဘုရားေက်ာင္းရဲ့မ်က္ႏွာက်က္ကၿပိဳၾကခဲ့တာပါ။အဲ့ဒီအခ်ိန္ကစလို႔ ေဒသခံေတြဟာ ဒီေနရာက က်ိန္စာမိေနတဲ့ေနရာတစ္ခုျဖစ္တယ္လို႔ဆိုခဲ့ၾကၿပီး ေနာက္ထပ္သြားလာျခင္းမျပဳၾကေတာ့ပါဘူး။ဒီေခ်ာက္ခ်ားဖြယ္သရဲ႐ုပ္ေတြကို ယပ္ကူး ဟာဒရာဗာ ဆိုတဲ့အႏုပညာရွင္တစ္ေယာက္က သူရဲ့ဘြဲ႕ပေရာဂ်က္အတြက္ ဒီဘုရားေက်ာင္းထဲမွာထားခဲ့တာပါ။

သူရဲ့စိတ္ကူးအရ ဒီ႐ုပ္တုေတြဟာ ဒုတိယကမၻာစစ္အတြင္း အဲ့ဒီမွာေနထိုင္ခဲ့ၿပီး တနဂ္ေႏြေန႔တိုင္းဘုရားေက်ာင္းကိုလာေရာက္ၾကတဲ့ ဆူဒီတန္ဂ်ာမန္ေတြကို ကိုယ္စားျပဳပုံေပၚပါတယ္။ေနာက္ပိုင္းမွာ သူတို႔အားလုံးဟာ အဲ့ဒီေနရာကေန ႏွင္ထုတ္ခံလိုက္ရပါတယ္။ဒါေပမဲ့ အခုေတာ့ ျပန္ေရာက္လာၾကပါၿပီ။
Ref:youtube
Trans:thegeektext