■ချောက်အပေါ်ကကြိုးတန်းပေါ်မှာအိပ်ပြခဲ့တဲ့ ကြိုးတန်းပေါ်လမ်းလျှောက်သူ
Article Knowledge Sports World
TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■ချောက်အပေါ်ကကြိုးတန်းပေါ်မှာအိပ်ပြခဲ့တဲ့ ကြိုးတန်းပေါ်လမ်းလျှောက်သူ
ကြိုးတန်းပေါ်လမ်းလျှောက်ခြင်းကစားနည်းကိုပြောပြပေးသွားမှာပါ။ ဒီအားကစားကိုကြိုက်နှစ်သက်တဲ့သူတွေက အထူးပြုလုပ်ထားတဲ့ ကြိုးတန်းပေါ်မှာလမ်းလျှောက်ကြတာပါ။
ဒီကြိုးဟာ သာမန်ကြိုးနှင့်ဆင်ပေမယ့် ထုထည်ကြီးမားတဲ့အရာ ၂ ခုကြားမှာ သွယ်တန်းထားတာပါ။ အစမှာတော့ ဒီ ဝါသနာဟာ အန္တရာယ်မရှိပါဘူး။ ကြိုးတန်းကလည်း သစ်ပင် ၂ ပင်ကိုသာ ချိတ်ဆက်ထားကြတာပါ။ ဒါပေမယ့်လည်း ဟန်ချက်ညီမျှအောင်လုပ်တာကို ပို အဆင်မြှင့်ချင်တဲ့အတွက် စွန့်စားသူတွေက အလွန်မြင့်တဲ့ အမြင့်မှာ ကြိုးတန်းပေါ်လမ်းလျှောက်ကြပါတယ်။
ဒီလို အလွန်မြင့်တဲ့ ကြိုးပေါ်မှာလမ်းလျှောက်ရင်တော့ အောက်မှာကာကွယ်ရေးပိုက်ကွန်ခံထားသင့်တာပေ့ါ။ ဒါပေမဲ့ ခြေဖျားအောက်မှာ အလွန်နက်တဲ့ချောက်ကြီးရှိနေရက်နဲ့တော့ ဒီအားကစားကိုဘရိုင်ယန်မော့စ်ဘဂ်တစ်ယောက်တည်းကသာလုပ်နိုင်တာပါ။ ဒီလူကတော့ အကြောက်တရားမရှိတဲ့ပြကွက်တွေနဲ့ လူတွေ ကို နှစ်ပေါင်းများစွာ အံ့အားသင့်စေခဲ့တာပါ။
ဒါ့ကြောင့် ၂၀၁၅ ခုနှစ်မှာ သူဟာ ချောက်အပေါ်ကကြိုးတန်းပေါ်မှာ အိပ်ပြခဲ့ပါတယ်။ ဒီချောက်ကြီးဟာ ရီရိုဒီဂျနေရိုမြို့ရဲ့ ၉၀၀ ကီလိုမီတာအကွာမှာရှိပါတယ်။ ဒီပုံတွေကတော့ ဘရိုင်ယန်မော့စ်ဘဂ်ရဲ့ ကမ္ဘာကိုပြသခဲ့တဲ့ အောင်မြင်မှုတွေထဲက တစ်စိတ်တစ်ပိုင်းအဖြစ်ပါဝင်နေတာပါ။ စကားမစပ် ကြိုးတန်းပေါ်လမ်းလျှောက်ခြင်းဟာ ၁၉၈၀ ပြည့်နှစ်အစောပိုင်းမှာ စတင်ခဲ့တာပါ။
ဘရိုင်ယန်ဟာ ဖိလိပ်ဖစ်တိဗ်ကို အားကျခဲ့တာဖြစ်နိုင်ပါတယ်။ ၁၉၇၄ ခုနှစ်မှာ ဖိလိပ်ဟာ နယူးယောက်ရှိ အမွှာကမ္ဘာ့စီးပွားရေးစင်တာရဲ့ တောင်ဘက်နှင့်မြောက်ဘက် အဆောက်အဦး ၂ ခုကြားမှာကြိုးတန်းသွယ်ကာလမ်းလျှောက်ပြခဲ့ပါတယ်။ ၄၅ မိနစ်တိုင်အောင် မြေပြင်အထက် အမြင့် ၄၀၀ မီတာပေါ်မှာ လမ်းလျှောက်ခဲ့ပြီး တစ်ကမ္ဘာလုံးရဲ့စိတ်ဝင်စားမှုကို ရခဲ့တာပါ။ ထို့အတူ ဓာတ်ပုံတွေကလည်း လူများစွာကို ထိတ်လန့်စေခဲ့ပါတယ်။
Ref:youtube
Trans:thegeektext
zawgyi
Ref:youtube
Trans:thegeektext