ချစ်သူမိန်းကလေးအား ဝက်ဝံရုပ်ကြီးကိုလက်ဆောင်အဖြစ်ပေးပြီး ဟိုတယ်သို့ခေါ်ခဲ့ရာ မလိုက်သဖြင့် ဝယ်လာတဲ့အရုပ်ဆိုင်သို့ ပြန်သွားရောင်းခဲ့သော ကောင်လေး

News Social News







Zawgyi

ချစ်သူမိန်းကလေးအား ဝက်ဝံရုပ်ကြီးကိုလက်ဆောင်အဖြစ်ပေးပြီး ဟိုတယ်သို့ခေါ်ခဲ့ရာ မလိုက်သဖြင့် ဝယ်လာတဲ့အရုပ်ဆိုင်သို့ ပြန်သွားရောင်းခဲ့သော ကောင်လေး

ဗီယက်နမ်နိုင်ငံမှ အသက်၂၀ကျော်အရွယ် ကောင်လေးသည် ချစ်သူမိန်းကလေးနှင့် ကော်ဖီဆိုင်လေးတစ်ခုတွင် ချိန်းတွေ့စဉ် Supriseဖြစ်သွားအောင်ဆိုပြီး မိန်းကလေးအများစုကြိုက်တတ်သည့် ဝက်ဝံရုပ်ကြီးကို ဝယ်သွားခဲ့သည်။

ဒေသတွင် ချစ်သူစုံတွဲတိုင်းသည် နေ့ထူးနေ့မြတ်လေးတွင် အတူတူအချိန်ကုန်ရန် ချိန်းဆိုကြပြီး ကောင်လးအများမှ ပန်းစည်း အရုပ်တို့ကို ဝယ်ပေးလေ့ရှိကြသည်။

ထိုစဉ် ချစ်သူမိန်းကလေးသည် ချိန်းဆိုထားသော နေရာသို့ အရင်ရောက်နှင့်နေကာ ကောင်လေးမှဝက်ဝံရုပ်ကြီးသယ်ဆောင်လာသည်ကို မြင်သွားပြီးနောက် အရမ်းပျော်နေခဲ့သည်။

သို့သော်လည်း ကံဆိုးစွာဖြင့် ချစ်သူမိန်းကလေးမှာ မထင်မှတ်ပဲ ကောင်လေးဆီကနေ ဟိုတယ်သို့လိုက်ခဲ့ရန် ခေါ်ခြင်းခံရပြီး ဒေါသထွက်ကာ စကားများရန်ဖြစ်ခဲ့ကြသည်။

ထို့နောက် ကောင်လေးသည် ဟိုတယ်သို့မလိုက်ခဲ့၍ ဝက်ဝံရုပ်ကြီးကိုလည်း မပေးတော့ပဲ လမ်းမှာဝယ်လာတဲ့ဆိုင်သို့ ပြန်သွားပြီးရောင်းခဲ့တော့သည်။

Crd