TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■ခံတပ်တံခါးဖြိုခွဲဖို့သုံးတဲ့ ဝက်ခွတုံးမောင်းစက်လို အကြောက်တရားမရှိတဲ့လူသားတစ်ယောက်

နောက်တစ်ယောက်ကတော့ ရေခဲလူသားလို့ နာမည်ပြောင်ရထားတဲ့ JD Anderson(အန်ဒါဆန်)ပါ။

အကြောက်တရားကင်းမဲ့တဲ့ သူကတော့ ဘာအကာအကွယ်မှမပါဘဲ သူရဲ့ခေါင်းကိုသုံးပြီး လက်မပေါင်းများစွာထူတဲ့ရေခဲတွေကို ခွဲလေ့ရှိပါတယ်။ခံတပ်တံခါးဖြိုခွဲဖို့သုံးတဲ့ ဝက်ခွတုံးမောင်းစက်လို အကြောက်တရားမရှိတဲ့လူသားတစ်ယောက်ပါပဲ။

သူရဲ့အခြားတစ်ဖက်မှာ ကျွန်မတို့အားလုံးရှိမနေချင်တာအသေအချာပါပဲ။ဘယ်သူနဲ့မှမတူတဲ့ ဖျက်ဆီးရေးလှည့်ကွက်တွေနဲ့ ကမ္ဘာ့စံချိန်ခြောက်ခါတင်ထားပါတယ်။ဒယ်အိုးကို သူ့လက်နဲ့ လိပ်နိုင်ပြီး သွားကြားထိုးတံတစ်ချောင်းချိုးသလို ဘေဘော့စ်ဘက်တံကို အလယ်ကနေချိုးနိုင်ပါတယ်။

သူရဲ့ထူးဆန်းတဲ့မျက်လှည့်တွေကြောင့် သူက အမေရိကန်ဂေါ့တဲလန့် ၊ ဂျေး လီနို ရှိုး၊ ဂျီးနီးယပ် ဝါး ရဒ်ကော့ နဲ့ အခြားနိုင်ငံတကာရှိုးတွေမှာ ပါဝင်ခွင့်ရခဲ့တာပါ။
Ref:youtube
Trans:thegeektext
zawgyi
Ref:youtube
Trans:thegeektext